spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျောင်းရွာအုပ်စုတွင် မဲပေးခွင့်ရှိသူ ၆ ထောင်ကျော်ရှိ

    ရေးမြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျောင်းရွာအုပ်စုတွင် မဲပေးခွင့်ရှိသူ ၆ ထောင်ကျော်ရှိ

    -

    မဲစာရင်းပညာပေး(Internet)
    မဲစာရင်းပညာပေး(Internet)
    အိုက်စိုင်း – လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ရေးမြို့နယ် ၊အရှေ့ဖက်ခြမ်းရှိ ကျောင်းရွာအုပ်စု တွင် အခြေခံမဲပေးပိုင်ခွင့်ရှိသူ ခြောက်ထောင်

    ကျော်ရှိကြောင်း ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သတင်းရသည်။

    မွန်ပြည်နယ်၊ရေးမြို့နယ်၊အရှေ့ဖက်ခြမ်းရှိ မွန်ပြည်သစ် ထိန်းချုပ်နယ်မြေဖြစ်သော ကန်းနီ၊ဝယ်ဗိုင်၊ဝယ်ဇင်၊ ဂနီ၊ ပနန်းပိန်၊စသည့် ကျေးရွာများမှ ဒေသခံများသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်မရှိဟုဆိုကာ သတင်းများ ထွက်ပေါ်လှျက်ရှိသည်။

    သို့သော် ရေးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးက ရေးမြို့နယ် အရှေ့ဖက်ခြမ်း ကျောင်းရွာအုပ်စုအတွင်း ပါဝင်နေသော အဆိုပါ ကျေးရွာများမှ ဒေသခံများသည် မဲပေးခွင့်ဆုံးရှုံးခြင်းမရှိဘဲ ၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲအား မဲပေးခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

    “မဲမပေးရတာမရှိပါဘူး။ကျွန်မတို့ မဲစာရင်းကောက်ထားပါတယ်။သူတို့က ကျောင်းရွာအုပ်စုထဲကလေ။ဒါကြောင့် ကျောင်းရွာအုပ်စုကနေ မဲပေးရမှာဖြစ်ပါတယ်။ရေးမြို့နယ်ထဲမှာတော့ မဲပေးခွင့်မရှိတဲ့ ကျေးရွာထဲမရှိပါဘူး။ အ ကုန်လုံး မဲစာရင်းတွေ ကောက်ထားပါတယ်”ဟု ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။

    ကန်းနီ၊ ဝယ်ဗိုင်၊ ဝယ်ဇင်၊ ဖလမ်း၊ ဂနီ၊ ပနန်းပိန် ကျေးရွာများသည် ကျောင်းရွာအုပ်စုဖြစ်သည့်အတွက် ကျောင်းရွာအုပ်စုမှ မဲပေးရမည်ဖြစ်ပြီး ကျောင်းရွာအုပ်စုတွင် မဲပေးခွင့်ရှိသူ ကျား ၂၉၄၁ ဦး၊ မ ၃၁၇ရ ဦး၊စုစုပေါင်း ၆၁၁၈ ဦးရှိသည် ဟု ရေးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဆိုသည်။

    အထက်ပါမဲစာရင်းသည် စက်တင်ဘာ ၁၄ ရက်မှ ၂ရ ရက်နေ့အထိ နောက်ဆုံးထား ကြေညာခဲ့သည့် မဲစာရင်းတွင် ပါဝင်သူများဖြစ်ပြီး နောက်တိုးအနေဖြင့် မဲပေးခွင့်ရှိသူ ၂၀၀ ဦးတိတိ တိုးမြှင့်လာခဲ့သည်ဟုလည်း ရေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ထပ်မံ ပြောကြားလိုက်သည်။

    အဆိုပါကျေးရွာများသည် ကျောင်းရွာမှအနည်းဆုံး ၃ မိုင်မှ ၁၂ မိုင်အတွင်းတည်ရှိပြီး ရေးချောင်းဖျားအတိုင်း စက်လှေငယ်(သို့မဟုတ်) ပွင့်လင်းရာသီများတွင် 4W ထရပ်ကားများဖြင့်သာ သွားရောက်နိုင်သည်ဟု သိရသည်။

    လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ် တစ်ခုလုံး အတိုင်းအတာအနေဖြင့် မဲပေးခွင့်ရှိသူ ၁၄ သိန်း နှင့် ရ သောင်း၀န်းကျင်း ရှိကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဆိုသည်။

    ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံ ရေးပါတီများသည် တိုင်းနှင့်ပြည်နယ်အသီးသီး၌ မဲဆွယ်စည်းရုံးရေး လုပ်ငနး်များ လုပ်ကိုင်ဆောင်ရွက်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts