spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းလက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေများကြောင့် NCA စာချုပ်လက်မှတ် မရေးထိုးနိုင်သေးဟု EAOs ခါင်းဆောင်များဆို

    လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေများကြောင့် NCA စာချုပ်လက်မှတ် မရေးထိုးနိုင်သေးဟု EAOs ခါင်းဆောင်များဆို

    -

    အိုက်စိုင်း – အစိုးရဘက်မှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို အောက်တိုဘာ လလယ်ပိုင်းတွင် လက်မှတ်ရေးထိုး သွားရန် စီစဉ်ဆောင်ရွက်နေသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ လက်ရှိ နိုင်ငံရေး နှင့် စစ်ရေး အခြေအနေများကြောင့် အားလုံးပါဝင် လက်မှတ်

    မရေးထိုးနိုင်သေးဟု စက်တင်ဘာ ၃၀ ရက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များEAOs က သဘောထားထုတ်ပြန်လိုက်သည်။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)လက်မှတ်ရေးထိုးခြင်း၊ မထိုးခြင်းနှင့်ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ထိုင်း နိုင်ငံ၊ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့ကြပြီးနောက် အထက်ပါ အတိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်း ဆောင်များက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံရေး၊စစ်ရေး အခြေအနေအမျိုးမျိုးကြောင့် လက်ရှိအနေအထားတွင် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ အားလုံး အတူတကွ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးဟု ဖော်ပြထားသည်။

    သို့သော် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ရေးဆွဲရေး၊နှစ်ဘက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ ရေးဆွဲရေး၊ပူးတွဲစောင့် ကြည့် ရေးကော်မတီ ဖွဲ့စည်းရေးနှင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပ နိုင်ရေး စသည့် လုပ်ငန်းစဉ်များအားလုံး တွင် အတူတကွ ပါဝင် နိုင်ရေးအတွက် ထိပ်သီးခေါင်းေ်ဆာင်များ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်း ရင်းသာ းလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ
    အားလုံးက ဆက်လက်ကြိုးပမ်းသွားကြရန် နားလည်မှု တည်ဆောက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

    ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် အဖွဲ့အစည်းအသီးသီး၏ ချဉ်း ကပ် မှု နည်းနာပေါင်းစုံဖြင့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အခန်းကဏ္ဍအသီးသီးမှ ဆက် လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။
    “အကုန်လုံးကတော့ ပါဝင်လာခြင်းမရှိဘူး။ဒါပေမဲ့ သူတို့က မထိုးဘူးလို့မပြောဘူး ခဏစောင့်အုံးမယ်။လုပ်စရာ လုပ်ငန်းတွေကိုတော့ အားလုံး ပူးပေါင်း ပါဝင်မယ်လို့ သဘောတူထားကြတယ်။အခုကတော့ ၇ ဖွဲ့လက်မှတ်ရေး ထိုးဖို့ ဆုံးဖြတ်ထားကြတယ်”ဟု အဆင့်မြှင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)မှ ဒုခေါင်းဆောင်(၂) ပူးဇင်ကျုံး က ပြောသည်။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်ရေးထိုးရန်အတွက် အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို ဖိတ်ခေါ်ထားသည်။သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က ၁၇ ဖွဲ့ ကို အနည်းဆုံး ပါဝင်လက်မှတ်ရေးထိုးခွင့်ပြုရန် တောင်းဆိုလျှက်ရှိသည်။

    ထိုအထဲမှ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ KNU/KNLA – PC ၊ချင်းအမျိုးသားတပ်ဦး(CNF)၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) စသည့် လက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ကတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ချင်း မိုင်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြသည်။

    အစိုးရဘက်မှ ဖိတ်ခေါ်ထားသည့်အတိုင်းဆိုပါက (RCSS)၊(SSPP)၊(NMSP)၊(KNPP)၊(KIA)၊(UWSA)၊(NDAA) ၊ (NSCN-K) စသည့် တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့သာ ကျန်တော့မည်ဖြစ်သော်လည်း တိုင်းရင်းသားများက (WNO)၊(LDU)၊(ANC)၊(AA)၊(TNLA)၊(MNDAA)၊(RCSS)၊(SSPP)၊(NMSP)၊(KNPP)၊(KIA)၊ (NSCN-K) စသည့် အဖွဲ့အစည်းများ ကျန်ရှိနေသေးသည့်ဟု ပြောဆိုနေကြသည်။

    UWSA နှင့် NDAA သည်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို ပါဝင် လက်မှတ်ရေးထိုးမည့် မဟုတ်ကြောင်း တရားဝင် ကြေညာထားသည့် အဖွဲ့ ၂ ဖွဲ့ဖြစ်သည်။

    ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင် အစိုးရတပ်မတော် နှင့် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks