spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းNCA လက်မှတ်မရေးထိုးဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန် NSCN-K ပြော

    NCA လက်မှတ်မရေးထိုးဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန် NSCN-K ပြော

    -

    NSCN(K) chief SS Khaplang seen in this photo with other militants of the outfits in combat fatigues.(Pakistan Defence Website)
    NSCN(K) chief SS Khaplang seen in this photo with other militants of the outfits in combat fatigues.(Pakistan Defence Website)
    အိုက်စိုင်း – နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် NSCN-K သည် မိမိတို့ နာဂအဖွဲ့ထဲ၌ နိုင်ငံရေးပြဿနာများ အနည်းအငယ်ရှိနေခြင်းကြောင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်မရေးထိုးဟု ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ စက်တင်ဘာ ၂၃ ရက်

    တွင် ပြောသည်။

    ဦးကျော်ဝမ်းစိန်က “ကျွန်တော်တို့ ဥက္ကဌကြီးနဲ့တွေ့ပြီးတော့ ဆွေးနွေးခဲ့ကြတယ်။ ဥက္ကဌကြီးကလည်း လက်မှတ်ရေးထိုးဖို့ အဆင်သင့် မဖြစ်သေးဘူးပြောတယ်။ ပြီးတော့ ကျွန်တော်တို့ နာဂအဖွဲ့ထဲမှာ နိုင်ငံရေးပြဿနာလေးတွေ ရှိနေသေးတယ်။ ဒါကို NCA လက်မှတ်ရေးထိုးလိုက်ရင်လည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ အစိုးရဘက်ကလည်း ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် NCA လက်မှတ်ရေးထိုးပွဲမှာ မပါတော့ဖို့ ဆုံးဖြတ်ခဲ့တယ်”ဟု ပြောသည်။

    သို့ရာတွင် အဆိုပါနိုင်ငံရေးပြဿနာများ အနည်းအငယ်ရှိနေခြင်းဆိုသည်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေ။

    စက်တင်ဘာ ၂၁ ရက်က နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန် NSCN-K ဌာနချုပ်၌ ဥက္ကဌ အက်စ်အက်စ်ကပ်ပလန် အပါအဝင် ဗဟိုကော်မတီဝင်များနှင့်အဖွဲ့ဝင်များ တွေ့ဆုံကာ NCA လက်မှတ်ရေးထိုး/မထိုး ဆွေးနွေးတိုင်ပင်ခဲ့ကြရာတွင် လက်မှတ်မရေးထိုးရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။

    NCA လက်မှတ်ရေးထိုးရေးအတွက် အစိုးရပဏာမဖိတ်ခေါ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့တွင် NSCN-K လည်းပါဝင်နေသော်လည်း မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA ) နှင့် ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့တို့ မပါဝင်သေးသဖြင့် တစ်ဆို့မှုများ ဖြစ်ပေါ်လျှက်ရှိသည်။

    “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးမပါဝင်လို့ လက်မှတ်မထိုးတာတာ့မဟုတ်ပါဘူး၊ အဖွဲ့အစည်းတိုင်းမှာတော့ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ရှိကြတာပေါ့။ NCA လက်မှတ်မထိုးတာက မြန်မာအစိုးရကို တော်လှန်ပုံကန်ချင်လို့မဟုတ်ဘူး။ အခုမြန်မာအစိုးရကလည်း ကျွန်တော်ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ အတိုင်းအတာမရှိသေးဘူး။ ဒါကြောင့် မထိုးဖြစ်တာပါ”ဟု ဦးကျော်ဝမ်းစိန်က ဆက်ပြောသည်။

    စက်တင်ဘာ ၁၆ ရက်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာ MPC နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် NCA စာချုပ်ဆိုရာ၌ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K) အဖွဲ့ ပါဝင်လက်မှတ်ထိုးခြင်းမပြုပါက မတရားအသင်းစာရင်းတွင် ပါဝင်သွားမည်ဟု အစိုးရဘက်က ပြောဆိုလိုက်ကြောင်း ဦးကျော်ဝမ်းစိန်က ဆိုသည်။

    လာမည့် အောက်တိုဘာလထဲတွင် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးရေးမည်ဖြစ်ကြောင်း UPWC ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သတင်းမီဒီယာများအား အသိပေးပြောကြားထားပြီး ဖြစ်သည်။

    နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန် NSCN-K သည် အစိုးရနှင့် ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်နေ့က ပြည်နယ်အဆင့် ပမာဏာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks