spot_img
Saturday, February 21, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများတစ်သီပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးပန်းမောင် (ခ) နိုင်ရုတ် အင်တာဗျူး (သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်)

    တစ်သီပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးပန်းမောင် (ခ) နိုင်ရုတ် အင်တာဗျူး (သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်)

    -

    မင်းစိုင်းမွန်

    ဦးပန်းမောင် (ခ) နိုင်ရုတ်(IMNA)
    ဦးပန်းမောင် (ခ) နိုင်ရုတ်(IMNA)
    မေး-ဘာကြောင့်လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက် အရွေးခံရတာလဲ?
    ဖြေ-ကျွန်တော်တို့လူမျိူးရဲ့အကျိူး၊ ပြည်သူတွေရဲ့အကျိူးကို သယ်ပိုးချင်လို့၊ အဲဒီလိုဆုံးဖြတ်ချက်ချပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်တာပါ။

    မေး-မွန်ပြည်သူတွေရဲ့အကျိူးကိုသယ်ပိုးချင်တယ်ဆိုတော့ မွန်လူမျိူးတွေမှာ ဘယ်လို လိုအပ်ချက်တွေ ရှိနေလို့ပါလဲ?
    ဖြေ-ကျွန်တော်တို့လူမျိူးမှာက ပညာရေး၊ကျန်းမာရေး၊စီးပွားရေး အဲဒါတွေကမပြည့်စုံဘူးလို့မြင်လို့ အဲဒီအတွက် အကျိူးပြုချင်ပါတာ။ ဒါကြောင့်အခုလိုဝင်ရောက်အရွေးခံတာပါ။

    မေး-လူထုကိုယ်စားလှယ်ဖြစ်သွားတဲ့အခါ ဘယ်ဟာတွေကိုဦးစားပေးလုပ်ဆောင်သွားမှာလဲ?
    ဖြေ-အခုနကပြောသလိုပါပဲ ကျွန်တော်တို့ပြည်နယ်မှာ ပညာရေး၊ကျန်းမာရေး၊စီးပွားရေး ဒီ ၃ခုကိုအရင်ဆုံး လုပ်ဆောင်သွားမှာပါ။

    မေး-အခုဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာဘာတွေလိုအပ်နေပါသလဲ?
    ဖြေ-မပြည့်စုံနေဘူး၊လိုအပ်နေတာက အခုနကပြောတဲ့ အချက်၃ချက်စလုံးပါပဲ။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဒါတွေကမလုံလောက်နေသေးဘူး။

    မေး-ဖွံ့ဖြိုးမှူအပိုင်းမှာရော ဘယ်လိုမြင်ပါသလဲ?
    ဖြေ-ဖွံ့ဖြိုးရေးအပိုင်းကတော့ ကျွန်တော်တို့ဒေသမှာ အများကြီးအားနည်းနေတာ တွေ့ရတယ်။ ဒါတွေကို ပြည်သူလူထုနဲ့လက်တွဲပြီးတော့ အကောင်ထည်ဖော်ဆောင်ရွက်ပေးသွားမှာပါ။

    မေး-ဒီဒေသမှာလိုအပ်နေတယ်ဆိုတာက ဘယ်လိုမျိူးတွေလိုအပ်နေတာလဲ?
    ဖြေ-ကျွန်တော်တို့ဒေသမှာဆိုရင် ပညာရေးအတော်လေးကိုအားနည်းနေတယ်၊ ကျန်းမာရေးအပိုင်းမှာလည်းအတော်လေးကို လိုအပ်နေတယ်၊ စီးပွားရေးအပိုင်းမှာဆိုရင်လည်း အတော်လေးကို လိုအပ်နေပါတယ်။ လမ်းတံတား၊ လျှပ်စစ်မီး ဒါတွေလည်းအများကြီးလိုအပ်နေပါတယ်။

    မေး-မွန်ပြည်နယ်မှာ တခြားတိုင်းရင်းသားတွေလဲရှိတယ်။ အဲဒီတိုင်းရင်းသားတွေအတွက် ဘာတွေလုပ်ဆောင်ပေးဖို့ရှိသလဲ?
    ဖြေ-တိုင်းရင်းသားတွေတန်းတူ ညီတူအခွင့်အရေး ရရှိဖို့ ကျွန်တော်အကောင်ထည်ဖော် လုပ်ဆောင်သွားမယ်။ တိုင်းရင်းသားတွေနဲ့လက်တွဲပြီးတော့ ပညာရေး၊ကျန်းမာရေး၊စီးပွားရေး၊ ဖွံ့ဖြိုးရေး ဒါတွေကိုအကောင်ထည်ဖော် ဆောင်ရွက်သွားပါမယ်။

    မေး။ ။ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီးတော့ ပြည်သူတွေကိုဘာတွေများမှာကြားချင်ပါသလဲ
    ဖြေ-ဒီရွေးကောက်ပွဲမှာ မွန်အမတ်လောင်းတွေထဲက အရည်အချင်းရှိတဲ့ မွန်အမတ်စစ်စစ်ကို မဲထည့်ပေးမယ်ဆိုရင် အရည်အချင်းရှိတဲ့အမတ်လောင်းတွေ လွှတ်တော်ထဲကို ရောက်ရှိပါလိမ့်မယ်။

    ကိုယ်စားလှယ်လောင်းကိုယ်ရေးအကျဉ်း-

    အမည်-ဦးပန်းမောင် (ခ) နိုင်ရုတ်
    အလုပ်အကိုင်-ဥယျာဉ်ခြံ
    ပညာအရည်အချင်း-BSc-(Maths)
    မွေးသက္ကရာဇ်-၂.၆.၁၉၆၄
    လူမျိူး၊ဘာသာ-မွန်/ဗုဒ္ဓ
    မှတ်ပုံတင်အမှတ်-၁၀/သဖရ(နိုင်)ဝ၂၂၃၀ဝ
    နေရပ်လိပ်စာ-ဝါခရူကျေးရွာအလယ်ပိုင်း၊သံဖြူဇရပ်မြို့နယ်
    အဖအမည်-နိုင်ရွေဒီး
    ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်-သံဖြူဇရပ်မြို့နယ်
    ယှဉ်ပြိုင်မည့်လွှတ်တော်-ပြည်သူ့လွှတ်တော်
    လူမှူရေး-အမျိူးသားရေးလှူပ်ရှားမှူများ(အကျဉ်း)
    -မွန်ဓမ္မာရုံအမှူဆောင်
    -နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှူသင်တန်းအမှုဆောင်
    -ဝါခရူမွန်မြို့ဟောင်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ
    -မွန်အမျိူးသားကျောင်းရံပုံငွေ ရှာဖွေရေးအဖွဲ့၊ အလုပ်မှူဆောင်
    -အထက(၂) သံဖြူဇရပ်မြို့ ကျောင်းအကျိူးတော်ဆောင်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks