spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းပြည်တွင်းစစ်ရပ်စဲသွားရန် အဆင့် (၃)ဆင့်နှင့် ဆောင်ရွက်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    ပြည်တွင်းစစ်ရပ်စဲသွားရန် အဆင့် (၃)ဆင့်နှင့် ဆောင်ရွက်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    -

    ဒေါ်အောင်ဆန်းစုကြည် TV မိန့်ခွန်းပြောစဉ်(Copy)
    ဒေါ်အောင်ဆန်းစုကြည် TV မိန့်ခွန်းပြောစဉ်(Copy)
    ချစ်မင်းထွန်း – မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်ကြာသည့်အထိ ဖြစ်ပွားလာခဲ့သော ပြည်တွင်း စစ်ကြီးကို ရပ်စဲသွားရန် အတွက် အဆင့် (၃)ဆင့် ဆောင်ရွက်သွားရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က စက်တင်ဘာ ၂၁ ရက်က မြန်မာအသံမှ ထုတ်လွင့်သော TV မိန့်ခွန်းတစ်ခုတွင်

    ပြောကြား လိုက်သည်။

    မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်ကြာသည့်အထိ ဖြစ်ပွာလာခဲ့သော ပြည်တွင်း စစ်ကို ရပ်တန့်နိုင်ရန်အတွက် အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ်(NCA)လက်မှတ်ရေးထိုး နိုင်ရေးအတွက် ကြိုးစားနေကြသည်။

    သို့သော် တိုက်ပွဲများကတော့ ရပ်ဆိုင်းသွားခြင်းမရှိဘဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊စသည့် နယ်မြေ ဒေသများတွင် ယနေ့အချိန်အထိ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

    “၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အကြိုကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဦး တည်ချက်များကို တင်ပြခဲ့ပါတယ်။ပြည်တွင်း စစ်ရပ်စဲသွားဖို့အတွက် အဆင့်(၃)ဆင့်နဲ့ ဆောင်ရွက်သွားရန်လို ပါတယ်။ပထမအဆင့်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အပစ်အခတ်ရပ်စဲရေး၊ဒုတိယ အဆင့်မှာ နိုင်ငံရေး ဆွေး နွေးပွဲတွေ ကျင်းပပြီး ညှိနှိုင်းအဖြေရှာရေး၊တတိယ အဆင့်မှာတော့ ပင်လုံအခြေခံမှုဖြစ်တဲ့ တန်းတူညီမျှမှု၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့် စတဲ့ အကြောင်းအရာများကို ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံရေးပဲဖြစ်ပါတယ်”ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

    လက်ရှိ အချိန်မှာတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်စေရန်အတွက် သဘောတူညီချက် စာချုပ် ကို သက်ဆိုင်ရာ အဖွဲ့အစည်းများ မကြာမီ ကာလအတွင်း လက်မှတ်ရေးထိုးနိုင်မည့် အလားအလာရှိ နေသောကြောင့် ပြည်သူ ပြည်သားများ ဝမ်းသာစွာ စောင့်မျှော်နေကြပြီး အဆိုပါ အပစ်အခတ်ရပ်စဲရေး စာချုပ် သည် အပြန်အလှန်နားလည်မှု၊အပြန်အလှန်လေးစားယုံကြည်မှုများ အပေါ်တွင် အခြေခံသည့်၊တည်တံ့ခိုင်မြဲ မည့် သဘောတူညီချက်ဖြစ်ရန် အဓိက ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုလိုက်ခဲ့ သည်။

    အဆိုပါ အပစ်အခတ်ရပ်စဲရေးစာချုပ် အောင်မြင်စွာ သဘောတူ လက်မှတ်ရေးထိုးပြီးပါက ဒီမိုကရေစီ ဖယ်ဒ ရယ် ပြည်ထောင်စု ပေါ်ထွန်းစေရန် မဖြစ်မနေလိုအပ်နေသော ထာဝရ ငြိမ်းချမ်းရေး၏ အခြေခံ အုတ်မြစ်ချ ခြင်း ဖြစ်သည့် ဒုတိယအဆင့် နှင့် တတိယ အဆင့်များကို အကောင်အထည်ဖော်ရမည်ဖြစ်ပြီး ထိုအဆင့်နှစ်ဆင့်အား တစ်ပြိုင်တည်း လုပ်သွားရန်လိုကြောင်း ၎င်းကဆိုသည်။

    ထိုကြောင့် ဒုတိယအဆင့်ဖြစ်သည့် ငြိမ်ချမ်းရေးဆွေးနွေးပွဲကို တာဝန်ယူဆောင်ရွက်ရာမှာတော့ နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အစိုးရဘဲ ဖြစ်သည့်အတွက် ပြည်သူများ လိုလားထောက်ခံပါ က ယင်းတာဝန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ထမ်းဆောင်ရန် အသင့်ဖြစ်ပါကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို အောက်တိုဘာလထဲတွင် လက်မှတ်ရေးထိုးသွားမည်ဖြစ် ပြီး NCA လက်မှတ်ရေးထိုးပြီးပါက ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးမူဘောင်ရေးဆွဲရမည်ဖြစ်ပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရမည်ဟု အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကြား သဘောတူညီထားသည်။

    အဆိုပါ သဘောတူညီချက်အရ အောက်တိုဘာ ပထမအပတ်ထဲတွင် NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါက ဒီဇင်ဘာလဆန်းပိုင်းတွင် နိုင်ငံရေးမူဘောင် မဖြစ်မနေ အပြီးရေးဆွဲသွားမည်ဖြစ်ကြောင်း ပြီးပါက ဇန်နဝါရီလ ထဲ ၌ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရန် စီစဉ်သွားမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

    တိုက်ပွဲများ ရပ်တန့်သွားရန်အတွက်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ (JMC)ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ(UPDJC)ကိုလည်း ဖွဲ့ စည်းကာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းရှိ မရှိကို စောင့်ကြည်သွားမည်ဆိုသည့် အချက်များကိုလည်း သဘောတူညီမှု ရယူထားကြောင်း ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks