spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအစိုးရတပ်မတော်နှင့် ပလောင်တပ်ဖွဲ့တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ

    အစိုးရတပ်မတော်နှင့် ပလောင်တပ်ဖွဲ့တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ

    -

    ပလောင်တပ်ဖွဲ့များ(Internet)
    ပလောင်တပ်ဖွဲ့များ(Internet)
    အိုက်စိုင်း – ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ ယနေ့အချိန်အထိ အစိုးရတပ်မတော်နှင့် တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)တို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်းဘက်တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိကြောင်း သတင်းရရှိသည်။

    ပြီးခဲ့သည့် ဇွန်လ အတွင်းမှ ယနေ့အထိ အစိုးရတပ်မတော် နှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲ စသည့်ဒေသများတွင် နှစ်ဖက်ရင် ဆိုင်တိုက်ပွဲ(၁၈)ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ ဆိုသည်။

    TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က “ဒီနေ့လည်း တိုက်ပွဲဖြစ်နေတယ်။ အစိုးရတပ်မတော်နဲ့ကျွန်တော်တို့ တပ်ဖွဲ့တွေနဲ့ နှစ်ဖက် ထိခိုက် ကျဆုံးမှု ရှိမရှိတော့ မသိသေးဘူး။အစိုးရဘက်က စစ်အင်အားတွေ တိုးချဲ့လာတော့ ကျွန်တော်တို့ လည်း ဘာမှ မတတ်နိုင်ဘူး။အတတ်နိုင်ဆုံးတော့ ရှောင်ရှားနေတာဘဲ တချို့နေရာကျတော့ ရှောင်လို့မရ တော့ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲဖြစ်လာရတယ်”ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီနှင့် ဆက်သွယ်မေးမြန်းချက်တွင် ၄င်းက ပြောသည်။

    လက်ရှိဖြစ်ပွားနေသော အစိုးရတပ်မတော်နှင့် တအောင်း(TNLA)တို့ကြား တိုက်ပွဲများ အရှိန်လျော့ချနိုင် ရေးအတွက် မိမိတို့၏ အောက်ခြေ တပ်ဖွဲ့များကို အတတ်နိုင်ဆုံး ရှောင်ရှားမှုများ ပြုလုပ်ရန် ညွန်ကြား ထား ကြောင်း ၎င်းက ဆိုသည်။

    တအောင်း(TNLA)၏ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း(၅၂၇)၊ KIA တပ်ဖွဲ့ဝင် ပူးပေါင်းအဖွဲ့နှင့် အစိုး ရ တပ်မတော်မှ တပ်မ(၇၇)တို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်၊မိုင်းလုံမြို့နယ်ခွဲ၊နားခါးလုံ အ ထက်ဖက်တွင် စက်တင်ဘာ ၂၀ ရက်(ယနေ့) နံနက် ဝ၈း၁၀ နာရီ မှ နေ့လယ် ၁၁နာရီအထိ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားကာ အစိုးရတပ်မတော်ဘက်မှ ၂ ဦး ကျဆုံးခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြား ရေး ဌာနက ဆိုသည်။

    ယင်းနောက် စက်တင်ဘာ ၁၉ ရက်မှာလည်း တအာင်းဒေသ၊တပ်မဟာ(၃) နယ်မြေ၊မန်တုံမြို့နယ်၊ဒဘန် ကျေးရွာအနီးတွင် တအောင်းတပ်မတော် တပ်ရင်း(၇၆၅)နှင့် အစိုးရတပ်မတော် တပ်မ(၇၇) တို့ နှစ်ဖက် ၇င် ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁၇ ရက်၌ တအာင်းဒေသ၊တပ်မဟာ(၃) နယ်မြေ၊မိုးမိတ်မြို့နယ်၊ မိုးလိုကျေးရွာနှင့်ဟိုက်ထန်ကျေးရွာကြားတွင် TNLA တပ်ရင်း(၃၆၇/၇၇၃)တပ်ဖွဲ့ဝင် တချို့နှင့် အစိုးရ တပ်မတော်၏ တပ်မ(၇၇)တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

    ထို့အပြင် စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်နေ့များကလည်း တအောင်းတပ်မတော် နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့မှာလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

    စက်တင်ဘာ ၇ ရက် နှင့် ၈ ရက်နေ့ ဖြစ်ပွားခဲ့သော တအောင်းတပ်မတော် နှင့် အစိုးရတပ်မတော်တို့၏ တိုက်ပွဲ၌ အစိုးရဘက်မှ အရာရှိတစ်ဦးအပါအဝင် စုစုပေါင်း ၁၂ ဦး ကျဆုံးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက စက်တင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    အဆိုပါ တိုက်ပွဲများ ဖြစ်ပွားနေခြင်းက တအောင်းလှုပ်ရှားနယ်မြေအတွင်းသို့ အစိုးရတပ်မတော်ဘက်မှ တပ်အင်အားများ တိုးချဲ့လာခြင်း၊နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် တအောင်းတပ်များ လှုပ်ရှားသည့် နယ်မြေအတွင်း ထိုးစစ်ဆင် လှုပ်ရှားလာခြင်း၊တပ်စခန်းများ တိုးချဲ့ လာခြင်း၊စသည့် အကြောင်းအရာ များ ကြောင့် တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်သည်ဟု TNLA မှ ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။

    တဖက်တွင်လည်း စက်တင်ဘာ ၁၉ ရက်က တအောင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ဘက်သို့ နှစ်ဖက်အကျိုးတူ Bilateral လက်မှတ်ရေးထိုးရန်အတွက် အစိုးရဘက်က တွေ့ဆုံဆွေးနွေးလိုကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ ဦးညှိအုန်းမြင့် ဖုန်းဖြင့် ဆက်သွယ်ကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။

    မြန်မာအစိုးရသည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရေးအတွက် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့(၁၅)ကိုသာဖိတ်ခေါ်ထားပြီး ကျန် MNDAA၊ AA၊ TNL၊ WNO၊ LDU၊ ANC၊ စသည့် တိုင်းရင်းသား လက်နက်ကိုင် ခြောက်ဖွဲ့ကို NCA လက်မှတ်ရေးထိုးခွင့် မပြုကြောင်း ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks