spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းလုပ်ပိုင်ခွင့်ရှိသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်ခွင့်ပြုရန် WLB တောင်းဆို

    လုပ်ပိုင်ခွင့်ရှိသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်ခွင့်ပြုရန် WLB တောင်းဆို

    -

    WLB Website(Copy)
    WLB Website(Copy)
    အိုက်စိုင်း – အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေသော တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)အစ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လုပ်ပိုင်ခွင့်ရှိသည့်နေရာများ

    သို့ အမျိုးသမီးများကို ပါဝင်ခွင့်ပြုရန် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB က တောင်းဆိုလိုက်သည်။

    စက်တင်ဘာ ၁၉ ရက်က ရန်ကုန်မြို ့ရှိ Orchid Hotel တွင် နိုင်ငံတကာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် နှင့် အမျိုးသမီးများ၏ အခွင့်အရေးများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတစ်ခုတွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)WLB မှ အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။

    အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) အဖွဲ့ဝင် Pen Myanmar ဥက္ကဌ မသီတာ(စမ်းချောင်း)က “အခု အစိုးရနဲ့တိုင်းရင်းသား လက်နက်ကိုင်တွေ NCA ဆွေးနွေးနေကြတယ်။ဒီအထဲမှာ အမျိုးသမီးတွေ နှစ်ယောက် သုံးယောက်လောက်ပဲ ပါဝင်ခွင့်ရတယ်။ နောက်တစ်ခုက လုပ်ပိုင်ခွင့်ရှိတဲ့နေရာတွေမှာ ပါဝင် ခွင့်မရဘူး။ တိုက်ပွဲတွေဖြစ်ရင် အရင်ဦးဆုံး အမျိုးသမီးတွေဘဲ ဒုက္ခရောက်ကြရတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အမျိုးသမီးတွေကို ပါဝင်ခွင့်ပြုဖို့လိုအပ်သလို လုပ်ပိုင်ခွင့်ရှိတဲ့နေရာတွေမှာ ထည့်သွင်း ဆွေးနွေးခွင့်ပြုဖို့လိုအပ်ပါတယ်။ မဟုတ်ရင်တော့ မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင် ပါဘူး”ဟု ပြောသည်။

    လက်ရှိတွင် အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) နှင့် တိုင်းရင်းသားများမှ အဆင့်မြှင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)တို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာ ချုပ်(NCA)အကောင်အထည်ဖော်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျှက်ရှိပြီး အောက်တိုဘာ ပထမ အပတ်ထဲတွင် လက်မှတ်ရေးထိုးသွားရန်လည်း ဆုံးဖြတ်ထားကြပြီး ဖြစ်သည်။

    အဆိုပါ အဖွဲ့အစည်းများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍများမှာ အလွန်နည်းပါးနေပြီး လုပ်ပိုင်ခွင့်များ မရှိ သည့် အတွက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)အနေဖြင့် လုပ်ပိုင်ခွင့်ရှိသော နေရာများတွင် အမျိုးသမီး များကို ပါဝင်ခွင့်ပြုရန် တောင်းဆိုရခြင်းဖြစ်သည်ဟု WLB က ဆိုသည်။

    WLB အဖွဲ့ဝင် ငြိမ်းဖောင်ဒေးရှင်း ဒါရိုက်တာ ဒေါ်နာမ်ရော်က “SD မှာ ပဒိုနော်စီဖိုးရာစိန်ကို ပါဝင်တယ်။ UPWC မှ လွှတ်တော်က ဒေါ်ဒွဲဘူနဲ့နောက်တစ်ယောက်ပါတယ်။ MPC မှ ဒေါက်တာရင်ရင်နွယ်တို့ ပါတယ်။ ဒါပေမဲ့ သူတို့မှာ လုပ်ပိုင်ခွင့်မရှိဘူး ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်မရှိ သလောက် ဖြစ်နေတယ်။ ဒါကြောင့် ကျွန်မတို့က အမျိုးသမီးတွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အချိုး တစ်ခုအနေနဲ့ ပါဝင်ခွင့်ပေးဖို့နဲ့လုပ်ပိုင်ခွင့်ရှိတဲ့ နေရာတွေမှာ ပါဝင်ခွင့်ပြုဖို့တောင်းဆိုတာပါ”ဟု ပြောသည်။

    ၂၀၁၅ ခုနှစ်၊ ဇွန်လက ကရင်အမျိုးသားအစည်းအရုံး(KNU)ဌာနချုပ် လော်ခီးလားတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ညီလာခံ၌ လေ့လာသူများအဖြစ် တက်ရောက်ခဲ့သော အမျိုးသမီးများအဖွဲ့ ချုပ်(မြန်မာနိုင်ငံ)မှ တာဝန်ရှိသူများက ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များတွင် အမျိုးသမီး ၃၀ ရာခိုင် နှုန်းကို ပါဝင်ခွင့်ပြုရန် အကြံပြုတင်ပြခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များက လက်ခံခဲ့ သည်။

    သို့သော် အစိုးရဘက်မှ ယင်းအကြံပြုတင်ပြချက်ကို လက်ခံကြောင်း လက်တွေ့အရ ၃၀ ရာခိုင်နှုန်းသော အချိုးသည် များပြားလွန်နေသည့်အတွက် မဖြစ်နိုင်သေးကြောင်းဟု ပြန်လည် တုန့်ပြန်ခဲ့သည်။

    အဆင့်မြှင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)တွင် ပဒိုနော်စီဖိုးရာစိန်က ခေါင်းဆောင် အဖြစ် တာဝန်ယူဆောင်ရွက်လျှက်ရှိပြီး ALP မှ ဒေါ်စောမြရာဇာလင်းတို့ အပါအဝင် UPWC မှာလည်း ပြည်သူ့လွှတ်တော် ကိ်ုယ်စားလှယ် ဒေါ်ဒွဲဘူ နှင့် အမျိုးသားလွှတ်တော်မှ အမျိုးသမီးကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်လျှက်ထားသလို မြန်မာငြိမ်းချမ်းရေးစင် တာ(MPC)၍ ဒေါက်တာရင်ရင်နွယ် အပြင် တခြားသော အမျိုးသမီး ပုဂ္ဂိုလ်အချို့ ပါဝင်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks