spot_img
Sunday, February 1, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းနိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရာတွင် စောင့်ကြည့်ခံနေရ

    နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရာတွင် စောင့်ကြည့်ခံနေရ

    -

    သထုံမြို့နယ်တွင် NLD မှ မဲဆွယ် စည်းရုံးစဉ် (IMNA)
    သထုံမြို့နယ်တွင် NLD မှ မဲဆွယ် စည်းရုံးစဉ် (IMNA)
    မွန်ပြည်နယ် သထုံမြို့နယ်တွင် NLD ပါတီမှ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရာတွင် ရဲတပ်ဖွဲ့မှ ထောက်လှမ်း၊ စာင့်ကြည့်၊ မှတ်တမ်းယူမှုများ ရှိနေကြောင်း သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် သထုံမြို့နယ် အင်းဝိုင်းကျေးရွာ၌ NLD ပါတီမှ စည်းရုံးရေး လုပ်ဆောင်ခဲ့သည့် အိမ်ပိုင်ရှင်အား ရဲတပ်ဖွဲ့ထောက်လှမ်းရေးမှ စစ်ဆေးမေးမြန်းပြီး စာရွက်စာတမ်းများတွင် လက်မှတ်ရေးထိုးစေခဲ့ကြောင်း သထုံမြို့နယ် NLD ပါတီ ကိုယ်စားလှယ်လောင်းများက ပြောသည်။

    မဲဆွယ်ဟောပြောစဉ် စောင့်ကြည့်ခံခဲ့ရသူ NLD ပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခိုင်ခိုင်လဲ့ “အစ်မတို့ ပါတီက တရား၀င်ပါတီဖြစ်တယ်၊ အဲဒီတော့ တရား၀င်မဲဆွယ်ခွင့်ရှိတယ်၊ မဲဆွယ်တဲ့နေရာမှာ ပြည်သူမရှိဘဲနဲ့ မဲဆွယ်လို့မရဘူး၊ အဲဒီပြည်သူတွေ ကြောက်လန့်သွားရင် မဲဆွယ်ဖို့အတွက် အနှောက်အယှက်ဖြစ်တယ်၊ ဒါမျိုးတွေဖြစ်လာမယ်ဆိုရင် အစ်မတို့အနေနဲ့ အပြေလည်ဆုံး နည်းလမ်းနဲ့ဖြေရှင်းသွားမယ်၊ အကယ်လို့ အစ်မတို့ကို စိတ်အနှောက်အယှက်ဖြစ်စေမယ် ပြည်သူကိုလည်း မလိုလားအပ်တဲ့ဟာမျိူးတွေ လုပ်လာခဲ့မယ်ဆိုရင်တော့ အစ်မတို့အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို စာပို့ပြီးတော့ ဖြေရှင်းသင့်တဲ့ နည်းလမ်းတွေလဲ သုံးသင့်ရင်သုံးရမှာပဲ၊ ဒါကတော့နောက်ဆုံးအဆင့်ပါ” ဟု ပြောသည်။

    မဲဆွယ်နေစဉ် ထောက်လှမ်းရေးမှ မှတ်တမ်းဓါတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်းသည် NLD ပါတီတစ်ခုတည်းမဟုတ်ဘဲ ပါတီတိုင်း၏မဲဆွယ်စည်းရုံးနေမှုများကို မှတ်တမ်းယူနေရကြောင်း ဓာတ်ပုံများရယူခဲ့သည့် သထုံမြို့နယ် ရဲစခန်းမှ သိရသည်။

    သထုံမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့အခုလိုလုပ်တာဟာ ကိုယ်စားလှယ်လောင်း တွေရဲ့ လုံခြုံရေးအတွက်ပါ။ အဲဒီလိုမှတ်တမ်းယူတာဟာNLD ပါတီတစ်ခုတည်း မဟုတ်ပါဘူး၊ မဲဆွယ်စည်းရုံးရေး လုပ်တဲ့ ပါတီတိုင်းကို မှတ်တမ်းယူတာပါ’’ ဟု ပြောသည်။

    မဲဆွယ်စည်းရုံးရေးအတွက် နေရာသတ်မှတ်ပေးထားသော်လည်း ရာသီဥတုအခြေအနေကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များတွင် ပြောင်းရွှေ့မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရကြောင်းလည်း သိရသည်။

    သိုသော် မဲဆွယ်စည်းရုံးသည့် အိမ်ပိုင်ရှင်ကို သက်ဆိုင်ရာမှစစ်ဆေးမေးမြန်းသောကြောင့် ပြည်သူများ ကြောက်လန့်ကာ စည်းရုံးရေးထိခိုက်နိုင်ကြောင်း NLD ပါတီအောင်နိုင်ရေး လှူပ်ရှားနေသူ ကိုစောကျော်မိုး ကပြောသည်။

    တရား၀င်မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ ၈ရက်နေ့မှ နို၀င်ဘာလ ၆ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးထားပြီး ယခုအချိန်တွင် ပါတီတိုင်းလိုလိုပင် မဲအောင်နိုင်ရေးအတွက် စည်းရုံးလှုံ့ဆော်မူများ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

    အလားတူ မွန်ပြည်နယ်တဝန်းတွင် မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ NLD၊ တစည၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအစင်အားစုပါတီ၊ ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(မြန်မာနိုင်ငံ) စသည့်နိုင်ရေးပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ စတင် မဲဆွယ်စည်းရုံးလှျက် ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks