spot_img
Tuesday, March 3, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ်တွင် ပဋိပက္ခဖြစ်နိုင်သောမဲရုံနယ်မြေများသတ်မှတ်ထားသော်လည်း မဖြစ်ပွားနိုင်ဟုရဲမှူးကြီးယူဆ

    မွန်ပြည်နယ်တွင် ပဋိပက္ခဖြစ်နိုင်သောမဲရုံနယ်မြေများသတ်မှတ်ထားသော်လည်း မဖြစ်ပွားနိုင်ဟုရဲမှူးကြီးယူဆ

    -

    ယခင်ရွေးကောက်ပွဲကာလ မဲရုံတစ်ရုံ(Internet)
    ယခင်ရွေးကောက်ပွဲကာလ မဲရုံတစ်ရုံ(Internet)
    နေစောရွှေ – နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် ရဲတပ်ဖွဲ့လုံခြုံရေး သတ်မှတ်ချက်အရ မွန်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားနိုင်ခြေရှိ

    သည့် မဲရုံများရှိနေသော်လည်း မဖြစ်ပွားနိုင်ဟုယူဆကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲမှူး ရဲမှူးကြီးဘိုဘိုဦးက ပြောကြားသည်။

    “ပဋိပက္ခဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပေမယ့်လည်း များသောအားဖြင့် ပဋိပက္ခဖြစ်လာနိုင်မယ်လို့ ကျွန်တော်အနေနဲ့ မထင်ဘူး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကလည်း ငြိမ်းချမ်းရေးယူဖို့၊ လက်မှတ်ထိုးဖို့၊ အားလုံး စိတ်ပါဝင်စားစွာ လုပ်နေကြတဲ့အတွက် ဒီလိုနယ်မြေတွေ ဖြစ်လာမယ်လို့ မမှျော်လင့်ပါဘူး၊ မွန်ပြည်နယ်အနေနဲ့ အေးချမ်းသာယာစွာ မဲပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ၎င်းက ဆိုသည်။

    လာမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မဲရုံပေါင်းတစ်ထောင်နီးပါးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် အကြမ်းဖက်မှုများဖြစ်လာနိုင်သည့် မဲရုံ ၉၀ ကျော်ရိှနေသည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက်နေ့ RFA သတင်းတရပ်တွင် အလားတူဖော်ပြခဲ့သည်။

    မွန်ပြည်နယ်တွင် မဲရုံပေါင်း ၉၁၉ ရုံရှိပြီး တည်းငြိမ်အေးချမ်းစွာဖြင့် ရွေးကောက်ပွဲကျင်းပနိုင်သည့် မဲရုံမှာ ၈၂ရ ရုံ ရှိကြောင်းနှင့် ရုတ်တရက် အကြမ်းဖက်မှု ဖြစ်လာနိုင်ဖွယ် ရှိနိုင်သည်ဟုယူဆရသော မဲရုံမှာ ၉၂ ရုံဖြစ်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းအရ သိရသည်။

    မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်း၌ ရုတ်တရတ် အကြမ်းဖက်မှု ဖြစ်ပေါ်လာနိုင်သော မဲရုံနယ်မြေများမှာ ကျိုက်မရောမြို့နယ်တွင် မဲရုံ ၂၁ ရုံ၊ သံဖြူဇရပ်မြို့နယ်တွင် မဲရုံ ၄ ရုံ၊ ရေးမြို့နယ်တွင် မဲရုံ ၅၀ ရုံ၊ ကျိုက်ထို်မြို့နယ်တွင် မဲရုံ ၅ ရုံ၊ ဘီးလင်းမြို့နယ်တွင် မဲရုံ ရ ရုံနှင့် သထုံမြို့နယ်တွင် မဲရုံ ၅ ရုံတို့ဖြစ်ကြောင်း ဖော်ပြထားသည်။

    မွန်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် နေရာများမရှိသဖြင့် မဲဆန္ဒရှင်များ မဲပေးချိန်တွင် အနှောင့်အယှက် တစ်စုံတစ်ရာ မဖြစ်လာနိုင်ကြောင်းနှင့် ရဲတပ်ဖွဲ့လုံခြုံရေးအရ စိတ်ချနိုင်ဖွယ်ရာမရှိသည့် နယ်မြေများတွင် တပ်မတော်ဘက်က လုံခြုံရေးတာဝန်ကို ယူထားပေးကြောင်း ရဲမှူးကြီ်းဘိုဘိုဦးက ရှင်းပြသည်။

    ရွေးကောက်ပွဲကာလ လုံခြုံရေးနှင့်ပတ်သက်၍ မွန်ပြည်နယ်အတွင်းမှ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်သော ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၁)၊ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC)၊ မွန်ခွဲထွက်အဖွဲ့၊ မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးတပ်ဦး MPDF နှင့် KFAP တပ်ဖွဲ့များမှ တာဝန်ရှိသူများနှင့်လည်း ညှိနှိုင်းထားမှုရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks