ဗညားလတိုပ် – စက်တင်ဘာ ၉ ရက် နေပြည်တော်ရှိ Myanmar International Convention Center -2 တွင် ပြုလုပ် သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့်သမ္မတဦးသိန်းစိန်၏ဆွေးနွေးပွဲတွင် NCA ခေါ် တနိင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်ကို ယခုလ ၂၉ ရက်နေ့တွင်လက်မှတ်ထိုးရန် သမ္မတကမ်း လှမ်းထားသော်လည်း တိုင်းရင်းသားခေါင်းဆောင်များက အောက်တိုဘာလအလယ်တွင် ပြန်လည် အဆိုပြုထားပါသည်။
နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ကိုယ် စားလှယ်အဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)ဒု-ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လ၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နာယက ဗိုလ်ချုပ်ကြီးဆေထင်၊မွန်ပြည်သစ်ပါတီ(NMSP)ဥက္ကဋ္ဌနိုင်ထောမွန်၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဥက္ကဋ္ဌခွန်းအေဘယ်တွိဒ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏အဆင့် မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)အဖွဲ့ခေါင်းဆောင်နော်စီဖိုးရာစိန်၊ဒေါက်တာလဂျာ၊ပူးဇင်ကျုံးနဲ့ အန်စီစီတီအဖွဲ့ခေါင်းဆောင် ပဒိိုစောကွယ်ထူးဝင်း တို့ ပါဝင်ပါသည်။
စက်တင်ဘာ(၁၄)ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ ဒုက္ကဌဝန်ကြီးဦး အောင်မင်းက အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အောက်တိုဘာပထမအပါတ်တွင် လက်မှတ်ထိုးမည်ဟု တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်တွေဆုံပွဲတွင် ပြောဆိုသွားသည်၊သို့သော် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း မည်မျှလက်မှတ်ထိုးမည်ကို သဲသဲကွဲကွဲ မသိသေးသော်လည်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၉ ဖွဲနှင့် လက်မှတ်ထိုးမည်ဟု ဦးအောင်မင်းက ဆိုသည်။
အာလုံးပါဝင်ရေးလော ခွဲခြားရေးလော
သို့ဖြင့် တိုင်းရင်းသားများအဆိုပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင် လက်မှတ်ထိုးရေးသည် ဖြစ်နိုင်သည့်အနေအထား နည်းလာသည်ကို တွေ့ရပေသည်၊ သမတနှင့်တွေ့ ဆုံပွဲတွင် သမတက အားလုံးပါဝင်ရေးအပေါ် မူအရ လက်ခံသော်လည်း အစိုးရက ၄င်းတို့အသိအမှတ် ပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့နဲ့သာ လက်မှတ်စထိုးပြီး ကျန်တဲ့အဖွဲ့တွေနဲ့ ဆက် ပြီးညှိနှိုင်းဆောင်ရွက်သွားမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC က နိုင်ငံရေးအကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ဆိုသည်။
၄င်းအပြင် NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးမည်မဟုတ်ဟု UWSP ခေါ် ဝပြည်သွေးစည်းညီညွတ် ရေးပါတီက စက်တင်ဘာ ၈ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သလို ကချင်အဖွဲ့ KIO ကလည်း အောက်တိုဘာလတွင် လက်မှတ်ထိုးရန် အဆင်အသင့်မဖြစ်းသေးသည်ဟု ပြောဆိုထားသည့် အတွက် ယခုလက်မှတ်ရေးထိုးပွဲတွင် ကချင်အနေဖြင့် ပါဝင်ရန်မသေချာသေးပေ။
အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် ပါဝင်ပတ်သက်သည့်အဖွဲ့အစည်းအားလုံး ပါဝင်လက်မှတ်ထိုးမှသာ တနိ်ုင်ငံလုံး အကျုံးဝင်သည့် တနိင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် ခေါ်ဆိုနိုင်ပေမည်၊သို့မှသာ တနိုင်ငံ လုံးသေနတ်သံတိတ်ပြီး ငြိမ်းချမ်းရေးအလင်းရောင် ပေါ်လာနိုင်မညြ်ဖစ်သည်၊ အစိုးရအဆိုပြုသည့် ၁၅ အဖွဲ့နှင့်စတင်လက်မှတ်ထိုးပြီး ကျန်အဖွဲ့ကို နောက်မှဆက်လက်ဆွေးနွေးသည့်ပုံစံသည် ပြည်တွင်း စစ်မီးပွား ဆက်လက်ကျန်ရှိမည်သည်ကို အများက စိုးရိမ်နေကြသည်၊လက်ရှိအနေအထားအရ အစိုးရ က ဖြစ်နိုင်သည့်အဖွဲ့နှင့်လက်မှတ်ထိုးပြီး ကျန်သည့်အဖွဲ့အပေါ် မည်သို့သဘောထားမည်ကို ရှင်း ရှင်း လင်းလင်း မရှိသဖြင့် ၄င်းအဖွဲ့အပေါ် အစိုးရက စစ်ရေးအရ ပိုမိုတိုက်ခိုက်သွားမည်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက စိုးရိမ်နေကြသည်။
အစိုးရသည် တနိုင်ငံလုံးအပစ်ရပ်စာချုပ် ချုပ်ဆိုရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏တပ် ပေါင်းစုအနေနဲ့ မဖိတ်ခေါ်ဘဲ စာချုပ်ကို တဖွဲ့ချင်းစီတာဝန်ခံရမည်ဟု အကြောင်းပြချက်ဖြင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ တဖွဲချင်းစီ ဖိတ်ခေါ်ခဲ့သည်၊ဤသည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ တပ် ပေါင်းစုကို အသိအမှတ်မပြုရာရောက်သည့်အပြင် ၄င်းတို၏စုစည်းမှုကို ပြိုခွဲရာ ရောက်ပေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အပစ်ခတ်ရပ်စဲရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက် ရေးတွင် တပ်ပေါင်းစုဖြင့် အစိုးရနှင့်ဆွေးနွေးနေချိန်တွင် အစိုးရအနေဖြင့် ၄င်းတို့အပေါ် တပ်ပေါင်းစု အနေနဲ့သာ ဆက်ဆံသင့်ပေသည်၊တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုနှင့်အပစ်ရပ်စာချုပ် ဆွေး နွေးနေချိန်တွင် အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်သီခြား တွေ့ဆုံဆွေးနွေးနေမှုများ သည်အစိုးရနှင့်တိုင်းရင်းသားများအကြား ယုံကြည်မှုတည်ဆောက်ရေးတွင် များစွာ ထိခိုက်စေပါ သည်၊အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်တည်ဆောက်လိုပါက တိုင်းရင်းသား လက်နက်ကိ်ုင်အဖွဲ့အပေါ် ကျင့်သုံးနေသည့် ခွဲခြားပေါ်လစီကို အဆုံးသတ်သင့်ပေသည်၊အစိုးရ၏ ခွဲခြား အုပ်ချုပ်ရေးပေါ်လစီသည် ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက်နိုင်ပါ။
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များက ယခုလ ၂၄-၂၆ ရက်နေ့တွင် အစည်းအဝေးထိုင်ဆုံးဖြတ်ကြမည်ဖြစ်ပြီး အားလုံးပါဝင်ရေးဖြစ် သည့်တပ်ပေါင်းစု၏မူအတိုင်း ဆက်လက်မရပ်တည်ဘဲ တဖွဲ့ချင်းစီဆုံးဖြတ်ပြီး အစိုးရနှင့်လက်မှတ်ထိုး ပါက တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်စုကြီး ပြိုကွဲသွားနိင်ပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
အမှန်ဆိုက အပစ်အခတ်ရပ်စဲရေးသည် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး၏ပထမခြေလှမ်းသာ ဖြစ်သည်၊အကယ်၍အစိုးရသည်တိုင်းရင်းသားအားလုံးနှင့်တနိင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆို နိုင်ပါက မြန်မာနိုင်ငံ၏အနှစ်(၆၀)ကျော် ပြည်တွင်းစစ်မီးငြိမ်းသွားပြီ ငြိမ်းချမ်းရေးအလင်းရောင် ပေါ် လာမည် ဖြစ်သည်၊သို့သော် အပစ်အခတ်ရပ်စဲရေးမှ နိင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတက်လှမ်းပြီး တိုင်းရင်း သာများ၏တန်းတူရေးအခွင့်အရေးပြသနာကို ဖြေရှင်းနိုင်မှသာ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။
သို့ဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးအကောင်အထည်ဖော်ရေးကော်မတီ(UPWC)နှင့် တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာညှိနှိင်းရေးအဖွဲ(NCCT)တို့ တနှစ်ခွဲအကြာ ဆွေးနွေးညှိနှိင်းပြီး သဘောတူညီမှု ရလာသည့် အခန်း(၇) ပိုဒ်(၃၂)ပိုဒ်ပါ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်သည် ပဋိပက္ခဖြေရှင်းရေး ကို ဦးတည်သည့်စာချုပ်ဖြစ်ရန် လိုအပ်ပေသည်။
ယင်းစာချုပ်တွင် အနာဂတိုင်းပြည်တည်ဆောက်ရေးဆိုင်ရာကိစ္စများ၊ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာကိစ္စများ၊တပ်များနေရာချထားရေး၊အပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေး၊နိုင်ငံရေးဆွေးနွေးရေး၊လက် နက်ကိုင်တပ်ပြန်လည်ပေါင်းစည်းရေး၊ဒေသဖွဲ့ဖြိုးရေးတည်ဆောက်ရေးနှင့်ဒုက္ခသည်များပြန်လည်နေရာချထားရေးတို့ ပါဝင်ပေသည်။
သို့သော် စာချုပ်ကို သေချာစွာလေ့လာပါက အခန်း ၁ အပိုဒ် ၁(က)တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ် အခြာအာဏါတည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှ၍ လွတ်လပ်မှု၊တန်းတူညီမျှမှုနှင့်တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓါတ်နှင့်အညီ ဒီမိုကရေစီအရေး၊အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များအပြည်အဝရှိသော ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုကို နိုင်ငံ ရေးဆွေးနွေးပွဲရလဒ်နှင့်အညီ တည်ဆောက်သွားရန်ပါရှိပါသည်၊သို့ဖြင့် အပစ်အခတ်ရပ်စဲပြီး နိင်ငံရေး ဆွေးနွေးပွဲမှထွက်ပေါ်လာသည့်ရလဒ်အပေါ်တွင် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရမည် ဖြစ် ၍ နိုင်ငံရေး သဘောတူညီချက် သေသေချာချာမရှိပေ။
တဖန် စာချုပ်ပါအခန်း ၅ အပိုဒ် ၂၀ နိုင်ငံရေးလမး်ပြမြေပုံတွင် ၇ ချက်တွင်
၁၊အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးခြင်း၊
၂၊နိင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် Political framework ရေးဆွဲသဘောတူညီမှု ရယူခြင်း၊
၃၊ ထိုမူဘောင်အပေါ် အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲကျင်းပခြင်း၊လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်း ခြင်းဆိုင်ရာကိစ္စများဆွေးနွေးခြင်းနှင့်နှစ်ဖက်ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်း၊
၄၊ ပြည်ထောင်စုညီလာခံကျင်းပခြင်း၊
၅၊ ပြည်ထောင်စုသဘောတူစာချုပ် Union Accord ချုပ်ဆိုခြင်း၊
၆၊ ပြည်ထောင်စုလွတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်း၊
၇၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းများအပါအဝင် ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘောတူညီချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။
ပုဒ်မ ၂၂ ဃ တွင် ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ဥပဒေများကို လိုအပ်သလိုပြင်ဆင်ခြင်း ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘောတူသည်ဟု ပါရှိသည်။
သို့ဖြင့် စာချုပ်ပါလမ်းပြမြေပုံအတိုင်း ပြည်ထောင်စုသဘောတူစာချုပ်ကို ပြည်ထောင်စုလွတ်တော်က အတည်မပြုပေးပါက အနစ်ရှည်လကြာ ကြိုးစားထားသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့်အနာဂတ်ပြည် ထောင်စုတည်ဆောက်ရေးလုပ်ငန်းများသည် သဲထဲရေသွန်သလို အချည်းအနှီးဖြစ်သွားမည့်သဘော ဖြစ်နေပေသည်၊ပြည်ထောင်စုညီလာခံ ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး၊ဖြည့်စွက်ရေးနှင်ပယ်ဖျက်ရေးကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန် ဆိုသည်မှာလည်း မရှင်းပေ၊အစိုးရပြောနေသည့် ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ထုံလုပ်နည်းအတိုင်းအဆိုက ၂၀ဝ၈-အခြေခံဥပဒေကို ပြင်ဆင်နိုင်မည်မဟုတ်သည့်အတွက် တိုင်းရင်းသားတို့တောင်းဆိုနေသည့် တန်းတူးအခွင့်အရေးကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိ်ုင်မည်မဟုတ်ပေ။
သို့ဖြင့် အပစ်ရပ်စာချုပ်သည် “စာချုပ်ရဲ့အင်္ဂါရပ်နဲ့ မညီတော့ဘူး၊မရေရာတော့ဘူး၊မတိကျတော့ဘူး၊ ပြဿနာပေါ်နိုင်တဲ့ စာချုပ်ဖြစ်တယ်” ဟု ကချင်ပြည်နယ် မိုင်ဂျာယန်မြို့အခြေပြု ဖက်ဒရယ်ဥပဒေ အကယ်ဒမီ၏ကျောင်းအုပ်ကြီး၊ရှေ့နေ ဦးအောင်ထူးက ဇွန်လ ဒီဗွီဘီနှင့်အမေးအဖြေခန်းတွင် ပြောဆို သွားသည်၊ ၄င်းအပြင် ဆွီဒင်နိုင်ငံသား စာရေးဆရာနှင့် စာနယ်ဇင်းသမားတဦး ဖြစ်သည့် ဘာတေးလ် လင့်တနာ (Bertil Lintner)ကလည်း “အခုဆွေးနွေးရေးသည် ဒီစကားလုံး သုံးတာ မှားပါတယ်။ သူ တို့ က ငြိမ်းချမ်းရေးဆွေးနွေးနေတာ မဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ အသေး စိတ် အချက်အလက်တွေကိုဆွေးနွေးနေကြတာပါ။ ပုံမှန်အားဖြင့် အပစ်အခတ်ရပ်စဲရေးဆိုတာ ကြေ ညာလိုက်လို့ ရပါတယ်။ သူတို့တွေ တဘက်နဲ့တဘက် ပစ်ခတ်နေတာကို ရပ်လိုက်မယ်၊ သူတို့ ထိုင် မယ်၊ဆွေးနွေးမယ်၊အားလုံးသဘောတူညီမှု ရရင် နိုင်ငံရေးကိစ္စတွေနဲ့ပတ်သက်တဲ့ သဘော တူညီချက် တခုကို လက်မှတ်ထိုးကြမယ်။ ဒီမှာကတော့ သူတို့က မြင်းမရှိသေးဘဲနဲ့လှည်းကို အရင်ပြင် နေ ကြတယ်။နိုင်ငံရေးကိစ္စတခုမှ မဆွေးနွေးရသေးဘဲနဲ့ သူတို့က သဘောတူညီချက်အတွက် ပြောချင်ကြ တယ်။ဒါကအလုပ်ဖြစ်မှာမဟုတ်ပါဘူး” ဟု စက်တင်ဘာ ၃ ရက် ဧရာဝတီသတင်းဌာနနှင့် အမေး အဖြေတွင် စာချုပ်အပေါ် မရှင်းလင်းချက်များကို ထုတ်ဖော်ပြောဆိုသွားခဲပါသည်။
အရေးကြီးဆုံးမှာ အပစ်အရပ်စာချုပ်၏နိုင်ငံရေးလမ်းပြမြေပုံနှင့် ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်ရေးတွင် မည်သို့ဆက်စပ်ထားသည်ကို ရှင်းရှင်းလင်းလင်း မရှိုခြင်း ဖြစ်သည်၊ပြည်ထောင်စုညီလာခံမှ ပြည် ထောင်စုသဘောတူညီချက်ကို လွတ်တော်သို့တင်သွင်းပြီး လွတ်တော်၏အတည်ပြုချက်ဖြင့်သာ အခြေ ခံဥပဒေပြင်ဆင်ချက်အပါအဝင် အခြားဥပဒေများဖြည့်စွက်ခြင်း၊ပယ်ပျက်ခြင်းတို့လုပ်နိင်သည်ဟုသာ ဖောပြထားသည်။
လုပ်ထုံးလုပ်နည်းအရ လွတ်တော်၌အတည်ပြုချက်ရယူသည်မှန်သော်လည်း မည်သို့ အတည်ပြုချက် ရယူမည်ကို ရှင်းရှင်းလင်းမရှိပေ၊စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နန်းရှိသည့် ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလွတ်တော်တွင် ပြည်ထောင်စုစာချုပ်ကို စစ်တပ်ကိုယ်စားများလက်မခံပါက မည်သို့ဖြစ် လာနိုင်မည်နည်း၊ယခုလက်ရှိအနေအထားတွင် စစ်တပ်သည် ဖွဲ့စည်းပုံကို မည်သို့မျှ ပြင်ဆင်လိုစိတ် မရှိပေ၊တဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း ၂၀ဝ၈ အခြေခံ ဥပဒေကို မည်သို့မျှ လက်မခံနိ်ုင်ဆိုဟု ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်သည်။
သို့ဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ဒီမိုကရေစီအပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးသည် ၂၀ဝ၈ အခြေခံဥပဒေဖွဲ့စည်အုပ်ချုပ်ပုံကို မည်သို့ပြင်ဆင်နိုင်သည့်အပေါ်တွင်သာ မူတည် နေပေလိမ့်မည်၊၂၀ဝ၈ အခြေခံဥပဒေအောက်တွင် တိုင်းရင်းသားတို့၏တန်းတူရေးနှင့်ကိုယ်ကြမ္မာကိုယ် ဖန်းတီးခွင့်ကို အကောင်အထည်ပေးနိုင်မည်မဟုတ်သလို ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း မတည် ဆောက်နိုင်ပေ၊သို့ဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်သော်လည်း ပြည်တွင်းငြိမ်းချမ်းရေးခရီး ရှည်ကြီးကား အဝေးကြီးလျှောက်လှမ်းနေရအုံးမည်မလွဲပေ။