spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးဖိတ်ခေါ်ချိန် AA နှင့် MNDAA ရှိမှန်းမသိသဖြင့် NCA တွင်ပါဝင်ခွင့်မပြုဟု ဝန်ကြီးဦးအောင်မင်းပြော

    ငြိမ်းချမ်းရေးဖိတ်ခေါ်ချိန် AA နှင့် MNDAA ရှိမှန်းမသိသဖြင့် NCA တွင်ပါဝင်ခွင့်မပြုဟု ဝန်ကြီးဦးအောင်မင်းပြော

    -

    ဝန်ကြီးဦးအောင်မင်း(MPC)
    ဝန်ကြီးဦးအောင်မင်း(MPC)
    ချစ်မင်းထွန်း – သမ္မတ ဦးသိန်းစိန် အစိုးရစတက်လာစဉ် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ရာတွင် ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA တို့ရှိကြောင်း အစိုးရမသိရှိသောကြောင့် NCA တွင် ပါဝင်ခွင့်မရခြင်းဖြစ်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

    စက်တင်ဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)တွင် NCA လက်မှတ်ရေးထိုးပြီးပါက လုပ်ဆောင်ရမည် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများနှင့်တွေ့ဆုံရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ဦးအောင်မင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

    ဦးအောင်မင်း က “အခု ကျွန်တော်တို့သမ္မတကြီး စပြီးတက်လာတဲ့အချိန် ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်မှာ တစ်နိုင်ငံလုံးကို ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းခဲ့တယ်၊ အဲ့ဒိတုန်းက ကျွန်တော်တို့ အစိုးရကသိတာ အဖွဲ့ ၁၆ ဖွဲ့ဘဲ သိတယ် AA ကိုလည်းမသိဘူး AA ရှိတယ်ဆိုတာကို လိုင်ဇာ ဗိုလ်သင်တန်းကျောင်းမှာ ဗိုလ်လောင်းတွေသေတယ်။ အဲ့ဒီမှာ AA ကလည်းပါတယ်ဆိုတဲ့ သတင်းတွေ ထွက်လာမှ AA တပ်ဖွဲ့ရှိတာကို ကျွန်တော်တို့သိတယ်၊ ဒီ လိုဘဲ MNDAA ဆိုတာ ၂၀၁၅ ဖေဖော်ဝါရီမှ အစိုးရတပ်မတော်နဲ့တိုက်ပွဲတွေဖြစ်မှ ပေါ်လာတယ်၊ ဒီအခါမှ ကျွန်တော်တို့သိတယ်၊ အရင်က မရှိဘူး ကိုးကန့်တပ်လို့ သူတို့ကပြောတယ် ကိုးကန့်တပ်ကို အစိုးရက တရားဝင် အသိအမှတ်ပြုထားတာရှိပါတယ်၊ ဒီ MNDAA ကတော့ မဟုတ်ပါဘူး၊ အခုမှ ပေါ်လာတဲ့ တပ်ဖြစ် နေတယ်”ဟု ပြောသည်။

    ရှင်းလင်းပွဲသို့တက်ရောက်လာသော နိုင်ငံရေးပါတီထဲမှ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်များက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရာတွင် အားလုံးပါဝင်ခွင့်ပြုရန် အကြံပြုဆွေးနွေးခဲ့ရာတွင် ဝန်ကြီးဦးအောင်မင်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    ၂၀၁၃ ခုနှစ်တွင် အစိုးရဘက်က TNLA အဖွဲ့နှင့် မူဆယ်မြို့တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသော် လည်း သဘောတူညီမှုမရှိခဲ့ကြောင်း၊ တဖန်ထပ်မံ၍ TNLA အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးရန် ပလောင်ဒေသအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်ကျော်ကို နိုင်ငံတော်သမ္မတခေါ်ယူညွန်ကြားခဲ့ရာ TNLA ဘက်မှ ငြင်းပယ်ခဲ့သည့်အတွက် ယနေ့အချိန်အထိ တွေ့ဆုံဆွေးနွေးမှုမလုပ်နိုင်ခဲ့ကြောင်း ဦးအောင်မင်းက နိုင်ငံရေးပါတီများသို့ ပြန်လည်ရှင်းပြခဲ့သည်။

    သို့သော် နိုင်ငံတော်သမ္မတကြီးအပါအဝင် အစိုးရအဖွဲ့များအနေဖြင့် အားလုံးတောင်းဆိုနေသည့် အားလုံးပါဝင်ရေးကို မူအားဖြင့်သဘောတူပါကြောင်း၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရန် ခက်ခဲသည့်အတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း MPC မှ တာဝန်ရှိသူများ က ပြောသည်။

    AA၊ MNDAA၊ TNLA၊ ANC၊ WNO၊ LDU စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့အား အစိုးရဘက်မှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခွင့်မပြုသည့်အတွက် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ကြား နားလည်မှုလွဲမှားနေသကဲ့သို့ တခြားသော နိုင်ငံပါတီများကလည်း အထင်မြင်လွဲမှာမှုများ ရှိနေကြသည်ကို တွေ့ရှိရသည်။

    အထက်ပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့အား NCA ပါဝင်လက်မှတ်ရေးထိုးခွင့်ပြုသွားမည် မဟုတ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများမှာသာ ပါဝင်ဆွေးနွေးခွင့်ပြုသွားမည်ဖြစ်ကြောင်း အစိုးရဘက်က အတိအလင်းပြောဆိုထားပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks