spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းKIO အနေဖြင့် NCA လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးဟု ဗိုလ်ချုပ်အင်ဘန်လပြော

    KIO အနေဖြင့် NCA လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးဟု ဗိုလ်ချုပ်အင်ဘန်လပြော

    -

    အစိုးရဘက်မှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို အောက်တိုဘာလ ပထမအပတ်ထဲတွင် လက်မှတ်ရေးထိုးကြရန် သတ်မှတ်ထားသော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အနေဖြင့် NCA လက်မှတ်ထိုးရန် အဆင်သင့် မဖြစ်သေးကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချုပ် အင်ဘန်လ ကပြောသည်။

    စက်တင်ဘာ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ရွှေပြည်အေးလမ်းနှင် ့ချမ်းသာလမ်းထိပ်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားဝတ်ပြုကျောင်းတွင် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)ဒုဥက္ကဌ ဗိုလ်ချုပ် အင်ဘန်လနှင့် အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာတို့သည် ကချင်လူထုကို တွေ့ဆုံကာ NCA လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ရာမှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်တို့ KIO အနေနဲ့အားလုံးပါဝင်မှ လက်မှတ်ထိုးမယ်ဆိုပြီးတော့ သမ္မတနဲ့တွေ့တဲ့အခါမှာ ပြောခဲ့ တယ်။အခုက အစိုးရက ၁၅ ဖွဲ့ကိုဘဲ လက်ခံတယ်။ SD အဖွဲ့ဝင်အားလုံးကို ပါဝင်စေချင်တာ။ အစိုးရက လက်မခံဘူး၊ နေပြည်တော်မှာ သမ္မတနဲ့တွေ့တော့ တင်ပြတယ်။ ဒါလည်း မထူးဘူး ဒါကြောင့် အစိုးရ လက် မခံ တဲ့အဖွဲ့တွေနဲ့တိုင်ပင်ရဦးမယ်။ ဘယ်လိုလုပ်ရင် အဖြေကောင်းရမလဲ ဆိုတာကိုပေါ့။ဒါကြောင့် ကျွန်တော်တို့ သမ္မတ သတ်မှတ်တဲ့ အောက်တိုဘာ ပထမပတ်ထဲမှာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ငါတို့ကတော့ မလုပ် နိုင်ဘူး။ လက်မခံတာတော့ မဟုတ်ဘူး။ လက်မှတ်ထိုးရမယ်။ ဒါပေမဲ့ သမ္မတပြောတဲ့ ရက်မှာ လက်မှတ် ထိုး နိုင်တဲ့ အနေအထား မရှိသေးဘူးဆိုတာကို မိဘပြည်သူတွေကို ပြောပြချင်ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ် အင်ဘန်လ ကပြောသည်။

    အစိုးရအနေဖြင့် အားလုံးပါဝင်ရေးမူကို လက်ခံကြောင်း တိတိကျကျ မပြောသည့်အတွက် မျှော်လင့် ထား သည့်အတိုင်း ဖြစ်မလာ၍ စိတ်မကောင်း ဖြစ်ရသည်ဟု ၎င်းကဆိုသည်။

    တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ နှင့် နိုင်ငံတော်သမ္မတသည် စက်တင်ဘာ ၉ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံကာ NCA လက်မှတ်ရေးထိုးမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ ကြ ရာမှာ အစိုးရဘက်က စက်တင်ဘာ ၂၉ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးရန် သမ္မတမှ အဆိုပြု ကမ်းလှမ်းခဲ့ပြီး တိုင်းရင်းသားများဘက်က အောက်တိုဘာ ၁၅ ရက်မှသာ လက်မှတ်ရေးထိုးရန် ပြန် လည် တင်ပြဆွေးနွေးခဲ့ကြသည်။

    MPC အထူးအကြံပေး ဦးလှမောင်ရွှေက အစိုးရ ဖိတ်ခေါ်ထားခြင်းမရှိသော ရက္ခိုင့်တပ်မတော် AA အနေဖြင့် KIO လက်မှတ်ထိုးမည်ဆိုပါက တပါတည်းပါဝင်လာမည်ဟု မျှော်လင့်ထားကြောင်း TNLA အား တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ MNDAA ကိုတော့ သမ္မတမှ တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းသွား၇န်စီစဉ်ထားကြောင်း အစိုးရဘက်မှပြန်လည် ဆွေးနွေးတင်ပြခဲ့သည်ဟု ပြောသည်။

    သို့သော် ထိုကိစ္စရပ်ကို KIO အနေနှင့် လက်ခံခြင်းမရှိဘဲ အားလုံးပါဝင်ရေးအတွက်ကိုသာ ဆွေးနွေး လိုကြောင်း KIO ဒုဥက္ကဌ အင်ဘန်လက ကချင်လူထုနှင့်တွေ့ဆုံစဉ် ရှင်းပြခဲ့သည်။

    သမ္မတ နှင့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင် ငါးဦးတို့ ဆွေးနွေးခဲ့သည့် ရလဒ် အခြေအနေများကို နေပြည်တော်သို့ တက်ရောက်နိုင်ခြင်းမရှိသည့် ကျန်တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ နှင့် ယခုလ ၂၅၊၂၆ ရက်နေ့များတွင် တွေ့ဆုံကာ ဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်း KIO အတွင်း ရေးမှူးချုပ် ဒေါက်တာလဂျာကလည်း ကချင်လူထုကို ပြောပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks