spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ဖဲကြိုးဝါလှုပ်ရှားမှုပြုလုပ်ရန်စီစဉ်နေ

    မွန်ပြည်နယ်တွင် ဖဲကြိုးဝါလှုပ်ရှားမှုပြုလုပ်ရန်စီစဉ်နေ

    -

    ဖဲကြိုးဝါဖြင့် မော်လမြိုင်ရှေ့နေများ(Photos Credit - Yadanar Lay)
    ဖဲကြိုးဝါဖြင့် မော်လမြိုင်ရှေ့နေများ(Photos Credit – Yadanar Lay)
    ခတ္တာနန်း – တရားရေးဌာနများ၏ ထိပ်ပိုင်းနေရာများတွင် စစ်ဘက်မှ အရာရှိများ ခန့်အပ်နေရာပေးမှုကို ဆန့်ကျင်သည့် ဖဲကြိုးဝါလှုပ်ရှားမှု Yellow Ribbon campaign

    ကို မွန်ပြည်နယ် လွတ်လပ်သောရှေ့နေများအသင်းနှင့် ပြည်နယ်တွင်းရှိရှေ့နေများ ပူပေါင်းလုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

    တရားရေးဌာနထိပ်ပိုင်းရာထူးတွင် စစ်တပ်ဘက်မှ နေရာယူနေမှုကို လက်မခံနိုင်သည့်အချက်နှင့် Facebook လူမှုကွန်ယက်များတွင် တရားသူကြီးများအပေါ် ပုတ်ခတ်ဝေဖန်သည့် ရေးသားမှုကိုလက်မခံနိုင်သည့် အချက် ၂ ချက်ကြောင့် ယင်းဖဲကြိုးဝါလှုပ်ရှားမှုပြုလုပ်ရခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးအေးမို့က ပြောသည်။

    ဒေါ်အေးအေးမို့က “အရပ်ဘက်ကလူတွေက အဆင့် ၄ ဆိုတဲ့ ဘဝကစပြီး သင်တန်းတွေတက် promotion တွေ အဆင့်ဆင့်ဖြေ၊ သတ်မှတ်ထားတဲ့နှစ် သတ််မှတ်တဲ့ အရည်အချင်းတွေပြည့်မှ Promotion တွေဖြေခွင့်ရတယ်၊ အခုဆို ညွှန်မှူးတို့ ဒုညွှန်ချုပ်တို့ ရသင့်ရထိုက်တဲ့ လုပ်သက်နှစ်ပေါင်း ၃၀ ကျော်လောက်ရှိတဲ့ လူတွေက ဘာမှလုပ်လို့မတော့ဘူး၊ ဒါက ဥပဒေစည်းမျဉ်း စည်းကမ်းနဲ့မညီဘူး” ဟု ပြောသည်။

    ယခင်ခေတ်အဆက်ဆက်ကတည်းက တပ်ပိုင်းမှ တရားရေးဌာနထိပ်ပိုင်းတွင် နေရာယူမှုရှိခဲ့သော်လည်း အရေအတွက်မများသေးကြောင်း၊ ယခု ၂၀၁၀ နောက်ပိုင်းတွင် ထိပ်ပိုင်းရှိ ပြည်ထောင်စု တရားသူကြီးချုပ်များ နေရာမှအစ ရယူထားကြောင်း၊ သိုသော်လည်း မွန်ပြည်နယ်အနေဖြင့် တစုံတရာ ပြောဆိုခဲ့မှုမရှိကြောင်း၊ နေပြည်တော်နှင့် ရန်ကုန်ရှိ လွတ်လပ်သောရှေ့နေများအသင်း၏ လှုပ်ရှားမှုများကို ကြည့်၍ မိမိတို့ ဆက်လက် လှုပ်ရှားသွားရန် စီစဉ်ထားကြောင်း ၎င်းကဆက်ပြောသည်။

    ထိုသို့ တရားရေးဌာနထိပ်ပိုင်းနေရာများတွင် စစ်တပ်မှဝင်ရောက်နေရာယူသည့်အတွက် တရားစီရင်သည့်နေရာတွင် အခက်အခဲများရှိလာနိုင်ကြောင်း၊ တဖက်တွင်လည်းအောက်ခြေမှတက်လာသည့် ထက်မြက်သည့် ဥပဒေပညာရှင်များအတွက် အဟန့်အတားဖြစ်စေကြောင်း သိရသည်။

    “အခုလက်ရှိ တရားသူကြီးတွေက တရားရေးအလုပ်ကို ဘွဲ့ရပြီး သင်တန်းတွေတက်ပြီး လုပ်ခဲ့တဲ့ တရားသူကြီး တွေတောင် အမှားရှိနိုင်သေးတာပဲ၊ ဥပဒေက အရမ်းကို နက်နဲပါတယ်၊ လက်တွေ့လုပ်နေတဲ့လူတွေတောင် မှားနိုင်သေးတာ သူတို့တွေ ဘယ်လောက်တော်နေပါစေ စာတွေ့နဲ့ လက်တွေ့နဲ့က မတူဘူး” ဟု ဒေါ်အေးအေးမို့က ဆက်ပြောသည်။

    ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် မော်လမြိုင်၌ ဖဲကြိုးဝါလှုပ်ရှားမှုအနည်းငယ်ပြုလုပ်ခဲ့ပြီး လွတ်လပ်သောရှေ့နေများအဖွဲ့၏ အစီအစဉ်ဖြင့် ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်လှျက်ရှိကြောင်း သိရသည်။

    ရှေ့နေ ကိုသဲဟိန်းက “ အခုလက်ရှိတော့ ကျနော်မှာ ဖဲကြိုးအဝါတွေရောက်နေပြီ၊ လာမယ့် ရုံးဖွင့်ရက်မှာ ဝေပေးမယ်၊ ကျနော်တို့က နယ်မြို့ဆိုတော့ တစ်ချို့ရှေ့နေတွေကလည်း ဒီကိစ္စကို သိပ်ပြီး စိတ်မဝင်စားကြဘူး” ဟု ဆိုသည်။

    ထို့အပြင် ယနေ့နံနက်တွင်လည်း ရန်ကုန်မြို့ရှိ မြန်မာမီဒီယာ ရှေ့နေများကွန်ရက်ရုံးခန်းတွင် တရားလွှတ်တော် ရှေ့နေများက ဖဲကြိုးဝါများကို အလုပ်စားပွဲတွင် တင်ထားခြင်း၊ တိုက်ပုံများတွင် ကပ်ခြင်း စသည့်ပုံစံများဖြင့် တရားရေးနယ်ပယ်တွင် တပ်မတော်သားများ ခန့်အပ်နေရာပေးထားမှုကို ဆန့်ကျင်လှျက်ရှိကြောင်း သိရသည်။

    နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ရုံးချုပ်တွင် ယခုရက်ပိုင်းအတွင်း တပ်မတော်အငြိမ်းစားအရာရှိ ၂ဝ ခန့်ကို ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးနေရာခန့်အပ်မှုကြောင့် မြို့ကြီးအသီးသီးရှိ ရှေ့နေများက ဖဲကြိုးဝါလှုပ်ရှားမှုဖြင့် ကန့်ကွက်ခဲ့နေခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks