spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းစက်တင်ဘာ ၂၉ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးရန် သမ္မတအဆိုပြု

    စက်တင်ဘာ ၂၉ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးရန် သမ္မတအဆိုပြု

    -

    သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်(Internet)
    သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်(Internet)
    ချစ်မင်းထွန်း – နိုင်ငံတော်သမ္မတအမှူးပြုသော အစိုးရအဆင့်မြှင့်ပုဂ္ဂိုလ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များတို့ ယနေ့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စက်တင်ဘာ ၂၉ ရက်နေ့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်ရေးထိုးကြရန် အဆိုပြုခဲ့ကြောင်း သတင်းရရှိသည်။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲစာချုပ် NCA ရေးထိုးနိုင်ရန်အတွက် အစိုးရဘက်မှ နိုင်ငံတော်သမ္မတ အပါအဝင် ပြည်ထောင်စုဝန်ကြီးများနှင့် လက်နက်ကိုင်အဖွဲ့များဘက်မှ ထိပ်သီး ခေါင်းဆောင် ၉ ဦးတို့ စက်တင်ဘာ ၉ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂)တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး အထက်ပါအတိုင်း အဆိုပြုခဲ့ခြင်းဖြစ်သည်။

    “တိုင်းရင်းသား ခေါင်းဆောင် ၉ ဦးကလည်း ဒီနေ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်၊ ဒီတော့ သမ္မတ ကြီးက စက်တင်ဘာ ၂၉ ရက်နေ့မှာ NCA လက်မှတ်ရေးထိုးမှုကို ကျင်းပဖို့ လုပ်မယ်ဆိုပြီးတော့ အဆိုပြု ခဲ့ တယ်၊ ဒါကို တိုင်းရင်းသားတွေဘက်ကလည်း ငြင်းပယ်ခြင်းမရှိပေမယ့် သူတို့က အောက်တိုဘာလ လောက်မှ လုပ်ဖို့ ပြန်လည် အဆိုပြုလာတယ်၊ ဒီတော့ သမ္မတကြီး အဆိုပြုတဲ့နေ့ဖြစ်မလား မဟုတ်ရင် အောက်တိုဘာလထဲဖြစ်မလား မသိသေးဘူး”ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင်ရွှေက ပြောသည်။

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို စက်တင်ဘာ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုးကြရန် အဆိုပြုခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်က အောက်တိုဘာ ၁၅ ရက်နေ့မှသာ (NCA) လက်မှတ်ရေးထိုးခြင်းကို ပြုလုပ်ရန် ပြန်လည် တင်ပြခဲ့ကြကြောင်း နှစ်ဖက် တာဝန်ရှိသူများက ဆိုသည်။

    “သမ္မတကြီးက ဒီလ ၂၉ ရက်နေ့မှာ NCA လက်မှတ်ရေးထိုးဖို့ ပြောတယ်။ဒါပေမဲ့ ကျွန်တော်တို့အဖွဲ့က အဖွဲ့ ဝင်တွေကို ပြန်ပြီးတော့ တင်ပြဖို့ရှိတော့ အောက်တိုဘာ ၁၅ ရက်နေ့ကို ကျွန်တော်တို့က ပြန်အဆို ပြုထားတယ်။ ဒီထက် စောရင်လည်း စောနိုင်တယ် ပြောလို့တော့မရသေးဘူး”ဟု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညိှနိှုင်းရေးအဖွဲ့(NCCT)မှ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

    အဆိုပါ တွေ့ဆုံပွဲသို့ တိုင်းရင်းသားများဘက်က KIO ဥက္ကဌ အင်ဘန်လ၊KNU ဥက္ကဌ စောမူတူးစေးဖိုး၊KNPP ဥက္ကဌ အေဘယ်တွီဒ်၊SSPP နာယက ဆေထင်၊NMSP ဥက္ကဌ နိုင်ထောမွန် အဆင့် မြှင့်ညိှနိှုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)ခေါင်းဆောင်များဖြစ်သော ပဒိုနော်စီဖိုးရာစိန်၊ ဒေါက်တာလဂျာ၊ ပူးဇင် ကျူံး၊ (NCCT)အဖွဲ့မှ ပဒိုစောကွယ်ထူးဝင်းတို့ တက်ရောက်ခဲ့သည်။

    အစိုးရဘက်မှလည်း နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်သော ဦးအောင်မင်း၊ ဦးရဲထွဋ်၊ ဦးအုန်းမြင့်၊ ဦးစိုးသိန်း၊ ဦးခင်မောင်စိုး၊ ဦးဝင်းထွန်း၊ UPWC ဒုဥက္ကဌ ဦးသိန်းဇော်၊ ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ တက်ရောက်၍ အပြန်အလှန်ဆွေးနွေးကြခြင်း ဖြစ်သည်။

    သို့ရာတွင် တပ်မတော်ကာကွယ်ရေးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှုိင်နှင့် ထိပ်တန်းစစ်ဘက်အရာရှိကြီးများ အစ္စရေးနိုင်ငံခရီးစဉ်နှင့်တိုက်ဆိုင်နေသဖြင့် တက်ရောက်နိုင်ခြင်းမရှိပေ။

    အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းရင်းသားများဘက်က အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင််ဆွေးနွေးခဲ့ရာမှာ “ဝ” အမျိုးသားအဖွဲ့အစည်း(WNO)၊လားဟူ(LDU)၊ရခိုင်အမျိုးသားကောင်စီ(ANC) တို့ကို အပစ်ရပ်စဲရေးတွင် ပါဝင် လက်မှတ်ရေးထိုးခွင့် မပြုသော်လည်း နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရအောင် ညိှနိှုင်းနိုင်ခဲ့ ကြောင်း ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

    အလားတူ AA၊TNLA တို့ကို NCA လက်မှတ်ရေးထိုးခြင်းမပြုလုပ်မီ Bilateral နှစ်ဖက်တွေ့ဆုံဆွေးနွေးပြီးမှ ပါဝင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ MNDAA ကိုလည်း အစိုးရမှသီးခြားတွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

    NCA လက်မှတ်ရေးထိုးပွဲကျင်းပသည့်အခါ ပါဝင်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား မတရားအသင်းမှပယ်ဖျက်ပေးမည်ဟု သမ္မတအနေဖြင့် ကတိကဝတ်ပြုခဲ့ကြောင်း ဦးလှမောင်ရွှေက မီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့သည်။

    သို့သော် သမ္မတနှင့် လက်နက်ကိုင်တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များမတွေ့ဆုံမီတွင် အင်အားအကြီးမားဆုံးဖြစ်သည့် UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးသားဖြစ်သည့်အတွက် အပစ်ရပ်လက်မှတ်ထပ်မထိုးတော့ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks