spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းဘီလူးကျွန်းလမ်းပိုင်း ပြင်ဆင်တိုးချဲ့ရန် သိန်း (၃) သောင်း ကျော် ခွင့်ပြုချက်ရရှိထား

    ဘီလူးကျွန်းလမ်းပိုင်း ပြင်ဆင်တိုးချဲ့ရန် သိန်း (၃) သောင်း ကျော် ခွင့်ပြုချက်ရရှိထား

    -

    လက်ရှိပြင်ဆင်နေသည့် ဘီးလူးကျွန်းလမ်းပိုင်,(IMNA)
    လက်ရှိပြင်ဆင်နေသည့် ဘီးလူးကျွန်းလမ်းပိုင်,(IMNA)
    သာဒါမွန် – မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီးလူးကျွန်း)ရှိ လမ်းပိုင်း ပြင်ဆင်တိုးချဲ့ဖို့အတွက် သိန်း (၃) သောင်းကျော်ကို ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ဖြင့် ယခုနှစ်ဘတ်ဂျက်ငွေ ခွင့်ပြုချက် ရရှိထားသည့်အတွက် လုပ်ငန်း

    အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း သိရသည်။

    ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦး က “ချဲ့တာရော ထပ်ပိုးရော ၁ သောင်း ၆ထောင် ကျော်ရှိပါတယ်၊ သာမန်သုံးစရိတ်- ပြင်ထိန်းကိုတော့ သိန်းပေါင်း ၁ သောင်း ၅ ထောင် ရှိပါတယ်၊ ဒီနှစ်ခုပေါင်းလိုက်မယ်ဆိုရင် သိန်း (၃) သောင်းကျော်ရှိတယ်” ဟု ပြောသည်။

    ယခုမြင်တွေ့ရသည်မှာ ကျောက်များချထားပြီး မိုးကုန်သည့် သီတင်းကျွတ်လ အချိန်တွင် ကတ္တရာခင်းသွားမည်ဖြစ်ကြောင်း၊ ယခု လုပ်ငန်းပြီးစီးမှုမှာ ၄၀- ၅၀ ရာခိုင်နှုန်းခန့်သာရှိသေးကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

    သာမန်လမ်း ပြင်ဆင်ထိန်းသိမ်းစရိတ် သိန်းပေါင်း ၁ သောင်း ၅ ထောင်နှင့် အတူ အခုဆိုရင် (၁၈) ပေအကျယ် တိုးချဲ့ရန်နှင့် ထပ်ပိုးလွှာခင်းရန် ကလွီ-ရွာလွတ်- ချောင်းဆုံ လမ်းပိုင်းများကို သိန်းပေါင်း (၇၅၀၀) ကျော်ကိုလည်းကောင်း၊ ချောင်းဆုံ- သက္ကော- မုဒွန်း- ဒေါင်းဥ လမ်းပိုင်းကိုတော့ သိန်းပေါင်း (၉၀၀၀) ကျော်ကိုလည်းကောင်း စုစုပေါင်းငွေကျပ်သိန်းပေါင်း (၃) သောင်းကျော်နှင့် တိုးချဲ့ ပြင်ဆင်သွားမည် ဖြစ်သည်။

    “အခု သူတို့လုပ်နေတာက ၁၈ ပေပြည့်အောင် တိုးချဲ့နေပါတယ်၊ တိုးချဲ့ပြီးမှ သီးတင်းကျွတ် မိုးကုန်တဲ့အခါကျရင် ထပ်ပိုးလွှာတွေခင်းသွားမယ်” လို့ ဒေါင်းဥကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်စံပါ က ပြောသည်။

    လမ်းတိုးချဲ့ပြင်ရန် စီမံကိန်းကာလမှာ ၂၀၁၅ ဧပြီလ (၁) ရက်နေ့ မှ မတ်လ (၃၁) ရက်နေ့အထိ ဘတ်ဂျက်ကာလအတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရန် လမ်းဦးစီးဌာနက တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

    ထို့အပြင် နောက်ထပ်ဖြည့်စွက်ခွင့်ပြုငွေ သိန်း (၁၈၀၀) ကျော်ကိုလည်ကောင်း၊ လာမည့်နှစ်တွင်လည်း ကျွန်းပတ်လမ်းအားလုံး တိုးချဲ့သွားဖို့ လျာထားကြောင်း သိရသည်။

    အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် (ဘီးလူးကျွန်း) ချောင်းဆုံမြို့ကို ဆက်သွယ်သွားလာနိုင်မည့် သံလွင်မြစ်ကူးတံတားကြီးလည်း အကောင်အထည်ဖော် ဆောက်လုပ်လှျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts