spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသမ္မတ၊ ကာချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးများ တွေ့ဆုံမည့်ရက်မသတ်မှတ်နိုင်သေး

    သမ္မတ၊ ကာချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးများ တွေ့ဆုံမည့်ရက်မသတ်မှတ်နိုင်သေး

    -

    မွန်ပြည်သစ်ပါတီ ထိပ်သီးခေါင်းဆောင်နှစ်ဦး EAOs တက်ရောက်စဉ်(Internet)
    မွန်ပြည်သစ်ပါတီ ထိပ်သီးခေါင်းဆောင်နှစ်ဦး EAOs တက်ရောက်စဉ်(Internet)
    မင်းသုတ – တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေးအတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်ထိပ်သီးခေါင်းဆောင်များ

    နေပြည်တော်၌ တွေ့ဆုံဆွေးနွေးရန် ရက်ချိန်းမသတ်မှတ်နိုင်သေးကြောင်း သိရသည်။

    မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC ၏ ညှိနှုိင်းချက်အရ သြဂုတ်လ ၂၅ (သို့မဟုတ်) ၂၈ ရက်များတွင် နေပြည်တော်၌ အဆိုပါ နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံရန် ကြိုတင်ရက်ချိန်းသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

    တိုင်းရင်းသားများ၏ အဆင့်မြင့်ညှိနိှုင်းရေး ကိုယ်စားလှယ်အဖွဲ့ SD အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ဟံသာက “ ဟိုဘက်(အစိုးရ)နဲ့ ညှိပြီး အတတ်နိုင်ဆုံး အစောဆုံးဖြစ်နိုင်ဖို့၊ ရှေ့လထဲမှာ တွေ့ဆုံဖို့ပါ၊ ဒီလ ၂၈ ရက်နေ့မှာ တွေ့ဆုံဖြစ်ဖို့အလားအလာ မရှိတော့ဘူး” ဟု ပြောသည်။

    နေပြည်တော်သို့ သွားရောက်ဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင် (၅) ဦးတွင် မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ နိုင်ထောမွန်၊ ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌ အေဘယ်တွိ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နာယက ဒုဗိုလ်ချုပ်ကြီး ဆေထင်တို့ ပါ၀င်မည်ဖြစ်ကြောင်း သိရသည်။

    ထို့အတူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှုိင်းရေးကိုယ်စားလှယ်အဖွဲ့ SD အဖွဲ့ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်၊ ဒုအဖွဲ့ခေါင်းဆောင် (၁) ဒေါက်တာ လဂျာ၊ ဒုအဖွဲ့ခေါင်းဆောင် (၂) ပူးဇင်ကျုံး တို့လည်း ပါဝင်မည်ဖြစ်သည်။

    နိုင်ဟံသာက “အဆင်ပြေရင်တော့လည်း ရက်ချိန်းတွေ သတ်မှတ်ပြီးတော့ လက်မှတ်ထိုးရုံပဲပေါ့၊ အပေးအယူဆိုတဲ့ဟာကတော့ အဆင်မပြေတော့လည်း နဂိုလ်အတိုင်းပဲ ပြန်ဖြစ်သွားမှာပေါ့” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

    လက်ရှိတွင် အစိုးရက NCA လက်မှတ်ရေးထိုးရန် တိုင်းရင်းသားအဖွဲ့ ၁၅ ဖွဲ့ကိုသာ ဖိတ်ခေါ်ထားပြီး အခြားလက်နက်ကိုင်တပ်ဖွဲ့ ၆ ဖွဲ့ဖြစ်သည့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်- ကိုးကန့်တပ်ဖွဲ့ MNDAA- ရက္ခိုင့် တပ်မတော် AA ၊ “၀” အမျိုးသား အဖွဲ့ချုပ် WNO၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU နှင့် ရခိုင် အမျိုးသား ကောင်စီ ANC ကန့်သတ်ထားဆဲဖြစ်သည်။

    သို့ရာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရာ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တစ်ပြိုင်နက်တည်းပါ၀င်ရေးမူအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သြဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်၌ ပြုလုပ်ခဲ့သော Ethnic Armed Organizations Summit EAOs အစည်းအဝေးက ဆုံးဖြတ်ကြောင်း သဘာပတိအဖြစ်ဆောင်ရွက်သူ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက အခမ်းအနားအပြီးသတ်ချိန်တွင် အတည်ပြုဖတ်ကြားခဲ့သည်။

    အချက် ၃၃ ချက်ပါရှိသော NCA စာချုပ်တွင် အချက် ၃၂ ချက်အထိ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖက်ကိုယ်စားလှယ်များ သဘောတူညီမှုရရှိပြီးသော်လည်း နောက်ဆုံးအချက်ဖြစ်သည့် “သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း” အပိုဒ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား လက်မှတ်ရေးထိုးရန် အထက်ပါအဖွဲ့ ၆ ဖွဲ့အား အစိုးရဘက်က လက်မခံကန့်သန့်ထားခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks