spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းNCA လက်မှတ်ရေးထိုးရေး UNFC အတိုင်းရပ်တည်မည်ဟု မွန်ပြည်သစ်ပါတီဥက္ကဌပြော

    NCA လက်မှတ်ရေးထိုးရေး UNFC အတိုင်းရပ်တည်မည်ဟု မွန်ပြည်သစ်ပါတီဥက္ကဌပြော

    -

    သမ္မတဦးသိန်းစိန် ဘိတ်ကြားခဲ့သည့် တစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုစာချုပ် NCA လက်မှတ်ရေးထိုးရေးတွင် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ထိပ်သီးခေါင်းဆောင်များ ဆုံးဖြတ်ချက်အတိုင်း မွန်ပြည်သစ်ပါတီရပ်တည်မည်ဖြစ်ကြောင်း ဥက္ကဌနိုင်ထောမွန်က လွတ်လပ်သောမွန်သတင်းအေဂျင်စီ တွေ့ဆုံမေးမြန်းချက်တစ်ရပ်၌ ဖြေကြားခဲ့သည်။

    တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးဆွေးနွေးပွဲသဘာပတိ နိုင်ထောမွန်(အလယ်လူ)- Internet-
    တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးဆွေးနွေးပွဲသဘာပတိ နိုင်ထောမွန်(အလယ်လူ)- Internet-
    နိုင်ထောမွန်က “နံပါတ် ၁ အချက်က NCA လက်မှတ်ရေးထိုးမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ဖို့၊ နောက်တစ်ချက်က တိုင်းရင်းသားအဖွဲ့အားလုံးပါဝင်ရမယ်ဆိုတဲ့အချက်ကို UNFC ရပ်တည်မယ်ဆိုရင် အဲဒီဆုံးဖြတ်ချက်အတိုင်း အခိုင်အမာရပ်တည်သွားဖို့၊ ၃ အချက်က အဲဒီအတိုင်း ရပ်တည်နေလို့မသင့်လျော်ဘူး၊ ငြိ်မ်းချမ်းရေးအတွက် အတားအဆီးဖြစ်စေမယ်ဆိုရင် UNFC အဖွဲ့ဝင်အများစုရဲ့ ဆုံးဖြတ်ချက်အတိုင်း ကျနော်တို့ပါတီရပ်တည်မယ်၊ လောလောဆယ် အဲဒီ ၃ ချက်ပါပဲ” ဟု ပြောသည်။

    နိုင်ငံတော်သမ္မတဦးသိန်းစိန်က သြဂုတ် ၁၁ ရက်စွဲဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသား တပ်ဦး CNF၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ ကရင်ငြိမ်းချမ်း ရေးကောင်စီ KNU/KNLA-PC ၊ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်DKBA၊ အမျိုးသားဒီမိုကရေစီသွေးစည်းညီညွတ်ရေး တပ်မတော် – မိုင်းလားတပ်ဖွဲ့ NDAA၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် NSCN-K ၁၅ ဖွဲ့တို့ကို ဘိတ်ကြားထားခြင်းဖြစ်သည်။

    သို့ရာတွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MND-AA၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် WNO၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ LDU နှင့် ရခိုင်ပြည်အမျိုးသားကောင်စီ ANC တို့ ၆ ဖွဲ့အား NCA လက်မှတ်ရေးထိုးရန် အစိုးရဘက်က ဘိတ်ကြားခဲ့ခြင်းမရှိပေ။“

    ခုဆိုရင် NCA မူအချောသပ်နိုင်ခဲ့တာကို အထူးပဲဝမ်းမြောက်မိတယ်၊ ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကို မဖိတ်ကြားတဲ့ကိစ္စကပဲ တစ်ဆို့မှုတစ်ခုဖြစ်နေရတာ၊ အဲဒါကို ကျနော်တို့တပ်ပေါင်းစုအဖွဲ့ဝင်တွေ ဆွေးနွေးညှိနှိုင်းသွားမှာပါ”ဟု နိုင်ထောမွန်က ဆက်ပြောသည်။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာအဆင့် မြင့်ကိုယ်စားလှယ်အဖွဲ့ (SD) ၏ အရေးပေါ်အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သြဂုတ် ၂၁ မှ ၂၃ ရက်အထိ ၃ ရက်ကြာ ပြုလုပ်လျှက်ရှိသည်။

    ပြီးခဲ့သည့်ရက်အတွင်း KNU၊ DKBA၊ KPC၊ RCSS ၊ ABSDF အဖွဲ့တို့ NCA ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပြီး ဖြစ်သည်။

    အလားတူ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအားလုံးပါဝင်ခွင့်ပေးရန် အဖွဲ့ဝင် ၂၆၀ ခန့်ပါဝင်သော အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ် ညှိနှိုင်းဆောင်ရွက်ရေးကော်မတီက သြဂုတ်လ ၁၇ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ပြီး အစိုးရကိုတောင်းဆိုခဲ့သည်။

    မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန MPC အကြီးတန်းအကြံပေး၏ အဆိုအရ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA)လက်မှတ်ရေးထိုးရေးအတွက် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင် ၅ ဦး၊ SD ခေါင်းဆောင် ၃ ဦးတို့ လာမည့် သြဂုတ် ၂၅ ရက်တွင် နေပြည်တော်၌ တွေ့ဆုံကြလိမ့်မည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts