spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းသံလွင်မြစ်ရေကာတာတည်ဆောက်ပါက မွန်၊ကရင်ဒေသများ ရေလွှမ်းမိုးမှုပိုမိုကြီမားမည်ဟုဆို

    သံလွင်မြစ်ရေကာတာတည်ဆောက်ပါက မွန်၊ကရင်ဒေသများ ရေလွှမ်းမိုးမှုပိုမိုကြီမားမည်ဟုဆို

    -

    သံလွင်ထိန်းသိမ်းရေးကွန်ယက်သတင်းစာရှင်းလင်းပွဲ(IMNA)
    သံလွင်ထိန်းသိမ်းရေးကွန်ယက်သတင်းစာရှင်းလင်းပွဲ(IMNA)
    မင်းသုတ – သံလွင်ထိန်းသိမ်းရေးကွန်ယက် Save The Salween Network က မွန်ပြည်နယ်၊ မော်လမြိုင်မြိုင်မြို့၌ ယနေ့သြဂုတ်လ ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်တွင်

    သံလွင်မြစ်ရေကာတာတည်ဆောက်ပါက မွန်၊ ကရင်ဒေသများ ရေလွှမ်းမိုးမှုအန္တရာယ်ပိုမိုကြီမားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    သံလွင်မြစ်ပေါ်ရေကာတာများ တည်ဆောက်ရေးအစီအစဉ်ကြောင့် မြစ်အောက်ပိုင်းထိခိုက်နိုင်မှုများ၊ ရေလွှမ်းမိုးမှုဖြစ်ပေါ်ပြီး ထိခိုက်ဆုံးရှုံးရသည့်အကြောင်းများကို လူအများသတိပြုလာစေရန် ရည်ရွယ်၍ မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်၌ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာတွင် နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ Ngo အဖွဲ့များနှင့် မီဒီယာအဖွဲ့များ စုစုပေါင်းလူဦးရေ ၇၀ ခန့်တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

    သံလွင်ထိန်းသိမ်းရေးကွန်ယက် ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး ကရင်ပြည်နယ် ဘားအံမြို့၌နေထိုင်သူ စောသာဘိုးက “လက်ရှိိ ဘားအံဒေသမှာ ပြည်သူလူထုတွေ ထောင်နဲ့့ချီ ရေဘေးဒုက္ခခံနေရတယ်၊ သံလွင်မြစ်တွေမှာ ရေကာတာထပ်ဆောက်လိုက်မယ်ဆိုရင် ရေလွှမ်းမိုးမှုဒဏ် ဘယ်လောက်ကြီးမားမယ်ဆိုတာ မတွေးဝံ့စရာပဲ” ဟု ပြောသည်။

    သံလွင်မြစ်ဒီရေတက်ချိန်၊ မိုးသည်းထန်စွာရွာသွန်းချိန်နှင့် ရေကာတာများ ရေလွှတ်ချချိန်တပြိုင်တည်းဖြစ်ပါက မြစ်အောက်ပိုင်းတလျှောက် မွန်နှင့် ကရင်ဒေသများစွာ ရေနစ်သွားမည်ဟု သူကဆက်ပြောသည်။

    ပြီးခဲ့သည့်သီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံတဝန်းရေလွှမ်းမိုးမှုတွင် သံလွင်မြစ်ရေလျံခြင်းကြောင့် ဘားအံဒေသ၌ လူပေါင်း ၆၃၀၀ ဦး၊ အိမ်ထောင်စု ၁၂၀၀ ခန့် ရေဘေးသင့်သဖြင့် ဘေးကင်းရာသို့ ရွေ့ပြောင်းခဲ့ရသည်ဟု သတင်းများတွင် ဖော်ပြပါရှိသည်။

    သံလွင်ထိန်းသိမ်းရေးကွန်ယက် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအောင်နိုင်ဦးကလည်း “ရေကာတာတည်ဆောက်သူတွေဟာ မော်လမြိုင်မြို့မှာ တံခါးပိတ်အစည်းအဝေးလုပ်ပြီး သူတို့လိုချင်တဲဲ့အတိုင်း ဆုံးဖြတ်ချက်ချခဲ့တယ်၊ သံလွင်မြစ်ကြောင်းတလျှောက် သန်းနဲ့ချီနေထိုင်နေကြတဲ့ ကျနော်တို့ပြည်သူလူထုတွေကို မထီမဲ့မြင် လစ်လျူပြုလိုက်တာပဲ” ဟု ပြောသည်။

    ရှမ်းပြည်နယ်တောင်ပိုင်း သံလွင်မြစ်ပေါ်တွင်အကြီးမားဆုံးဖြစ်သည့် အရှည် ၂၄၁ မီတာရှိ မိုင်းတုံရေကာတာ တည်ဆောက်နိုင်ရေးအတွက် သြစတေးလျကုမ္ပဏီ SMEC သည် EIA/SIA ကောက်ယူရန် မော်လမြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့တွင် တံခါးပိတ်အစည်းအဝေးကျင်းပခဲ့ရာ အရပ်ဖက်အဖွဲ့အစည်းများနှင့် မီဒီယာများ တက်ရောက်ခွင့်မပြုခဲ့သည်ကုုိ ရည်ညွှန်းသည်ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

    သတင်းစာရှင်းလင်းပွဲအခမ်းအနားတွင် သံလွင်မြစ်ပေါ်တည်ဆောက်မည့်ရေကာတာများအားလုံး ချက်ချင်းရပ်တန့်ရန် သံလွင်ကာကွယ်ထိန်းသိမ်းရေးကွန်ယက်မှ အတိအလင်းသဘောထား ထုတ်ပြန်ကြေညာခဲ့သည်။

    ရှမ်း၊ ကရင်နီ(ကယား)၊ ကရင်နှင့် မွန်ပြည်နယ်ကိုဖြတ်သန်းနေသည့် သံလွင်မြစ်ပေါ်တွင် ရေကာတာကြီး ၅ ခုတည်ဆောက်၍ လျှပ်စစ်မီးများထုတ်လုပ်ပြီး အိမ်နီးချင်းနိုင်ငံများသို့ သွယ်တန်းရန် တရုပ်၊ ထိုင်းနှင့် မြန်မာကုမ္ပဏီများ စီစဉ်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks