spot_img
Saturday, January 17, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းအမျိုးသမီးပါတီ(မွန်) အမတ်လောင်း ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

    အမျိုးသမီးပါတီ(မွန်) အမတ်လောင်း ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

    -

    အမျိုးသမီးပါတီ (မွန်) ဥက္ကဌမိသိန်းရှင်(Internet)
    အမျိုးသမီးပါတီ (မွန်) ဥက္ကဌမိသိန်းရှင်(Internet)
    စနောင်းတိုင်း – လာမည့် (၂၀၁၅) ရွေးကောက်ပွဲတွင် အမျိုးသမီးပါတီ(မွန်) ကိုယ်စားပြုအမတ်လောင်း ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း

    အမျိုးသမီးပါတီ (မွန်) ဥက္ကဌမိသိန်းရှင်(မိလျိုင်မွန်)က ပြောသည်။

    “ကျမတို့ဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောင်း ၄ ဦးလျာထားတယ်၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောအတွက် ကိုယ်စားလှယ် ၃ ဦး Form တင်ပြီးပြီ၊ ကျန်တစ်ဦးက တနင်္သာရီတိုင်ဒေသကြီး ရေဖြူမြို့နယ်ကိုယ်စားလှယ်လောင်းက အချက်အလက်မပြည့်လို့ တင်လို့မပြီးသေး၊”ဟုုပြောသည်။

    သံဖြူဇရပ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မိသန်းရှင်၊ ကျိုက်မရောမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မိနီနီလွင်၊ မုဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မိမိုးမိုးခိုင်နှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မိသို်က်နန်(ခ) မိမြင့်သန်းတို့က အမျိုးသမီး(မွန်)ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

    မုဒုံမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် မိမိုးမိုးခိုင်က “လွှတ်တော်မှာ အမျိုးသမီးဦးရေးနည်းပါတယ်၊ အမျိုးသမီးတိုးတက်ရေး၊ အမျိုးသမီးတွေ နိုင်ငံရေးလောကထဲ စိတ်ဝင်စားလာဖို့ ပါဝင်လာဖို့ကို ကျမတို့တိုက်တွန်းလိုပါတယ်” ဟု ပြောခဲ့သည်။

    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလောင်းအမည်စာရင်းတင်သွင်းရမည့် နောက်ဆုံးရက်အဖြစ် သြဂုတ်လ(၁၄) ရက်ကို သတ်မှတ်ထားသည်။

    အမျိုးသမီးပါတီ(မွန်) အနေဖြင့် ရပ်ကွက်/ကျေးရွာအဆင့်များတွင် ပါတီရုံးခွဲများမရှိခြင်း၊ ပါတီဝင်အရေအတွက်နည်းပါးခြင်း၊ ရွေးကောက်ပွဲအတွေ့အကြုံမရှိသေးခြင်းအပြင် နိုင်ငံရေးလှုပ်ရှားမှုအားနည်းနေသေးသည်ဟုလည်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စည်းမျဉ်းအရ နိုင်ငံရေးပါတီတို့သည် ပါတီစုံအထွေထွေရွေးကောက်ပွဲများတွင် ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်း အနည်းဆုံး ၃ ဦး ပါဝင်ယှဉ်ပြိုင်ရမည်ဟု သတ်မှတ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts