spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်

    သံဖြူဇရပ်မြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်

    -

    ခတ္တာနန်း – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှု ကာကွယ်ရေး လုပ်ငန်းများကို ဇူလိုင်လ ဒုတိယအပတ်မှစ၍ စာသင်ကျောင်းများတွင် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို အရှိုန်အဟုန်မြှင့် ဆောင်ရွက်လှျက်ရှိကြောင်း သိရသည်။

    သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို တစ်ပတ်လှျင် ၂ ကြိမ် မြို့ပေါ် ၁၀ ရပ်ကွက်ကို ဆောင်ရွက်လှျက်ရှိပြီး ပရဟိတလူမှုရေး အသိစိတ်ရှိသူများ စုပေါင်း၍ ဦးဆောင် အကောင်အထည်ဖော်ကြကြောင်း သွေးလွန်တုတ်ကွေးဂေါရာ ကာကွယ်ရေးတွင်လုပ်ငန်းတွင် ပါဝင်လှုပ်ရှားနေသည့် ဦးခိုင်စိုးက ပြောသည်။

    ဦးခိုင်စိုးက “ကျနော်တို့ ဒီမှာမှ စပြီးတော့ တမြို့နယ်လုံး သွေးလွန်တုတ်ကွေးရောဂါ ကျဆင်းရေးအတွက်ကို ဦးတည်ပြီး အရှိုန်အဟုန်မြှင့် လှုပ်ရှားတာပဲဖြစ်ပါတယ်၊ ကျနော်တို့ သူငယ်ချင်တွေစုပြီးတော့ လုပ်တယ် ရန်ပုံငွေကိုလည်း မိမိတို့ စေတနာရှိတဲ့အတိုင်း ထည့်ဝင်ပြီးတော့လုပ်တယ်၊ အလှူခံတာတော့မရှိဘူး စေတနာပါလို့ ထည့်မယ်ဆိုရင် လက်ခံပေးတယ်” ဟု ပြောသည်။

    သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်းနှင်းရေးလုပ်ငန်းများကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းတင်ဌေး၏ အကူအညီ အကြံအဥာဏ်များ ညွန်ကြားချက်များကို ရယူ၍ အကောင်းအထည်ဖော် ဆောင်ရွက်လှျက် ရှိကြောင်း ၎က ဆက်ပြောသည်။

    သံဖြူဇရပ်မြို့ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် နိုင်အောင်ရွှေက “အခုလုပ်တာက မြို့နယ်အဆင့်ကို မရောက်သေးဘူး မြို့မအဆင့်ကိုအရင်လုပ်တယ်၊ သံဖြူဇရပ်မြို့က အခုဆိုရင် သွေးလွန်တုတ်ကွေးဖြစ်တာ များနေတယ်၊ အဲဒါကြောင့် ကျနော်တို့ ပုံမှန် တစ်လတစ်ခါလုပ်တာမဟုတ်တော့ပဲ ၊ အရှိုန်မြှင့်ပြီးတော့ လုပ်သွားမယ်” ဟု ဆိုသည်။

    ယခုလ ၁၁ ရက်နေ့တွင် သံဖြူဇရပ်မြို့ပေါ်ရှိ အထက်တန်းကျောင်းများ၊ မူလတန်းလွန်ကျောင်းများ၊ မူလတန်းကျောင်းများ အပြင် ဘုန်းတော်ကြီးစာသင်ကျောင်းများအပါအဝင် စာသင်ကျောင်း ၂၀ ခန့်ကို လိုက်လံ၍ ခြင်းဆေးဖြန်းမှုတ်ပေးခဲ့ပြီး မိမိတို့ပတ်ဝန်းကျင်တွင် ပိုးလောက်လန်းများပေါက်ဖွားသည့်နေရာများကို ရှာဖွေးနှိမ်နင်းသွားရန်တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

    ဒေါက်တာမင်းတင်ဌေးက “လူမှုရေး ပရဟိတအဖွဲ့ကနေ အခုလို ကျန်းမာရေးဘက်ကို ဝိုင်းကူလုပ်တာ ကျနော်တို့ အရမ်းဝမ်းသာတယ်၊ လူအင်အားရော ငွေအားရောစိုက်ထုတ်ပြီး ခြင်းဆေးဖြန်းပြီး ထောက်ပံ့ပေးတာ သံဖြူဇရပ်မြို့နယ်အနေနဲ့ အရမ်းကို ဝမ်းသာပါတယ်” ဟု ဆိုသည်။

    သံဖြူဇရပ်မြို့နယ် ကျန်းမာရေးဌာနစီမံချက်အစီအစဥ်မှာ ဗုဒ္ဓဟူးနေ့နှင့် စနေနေ့များတွင် ခြင်နှင့် ပိုးလောက်လန်း ပပျောက်ရေးအတွက် လူထုလှုပ်ရှားမှုအသွင်းနှင့် လှုပ်ရှာသွားမည်ဖြစ်ပြီး လာမည့် ရက်တွင်လည်း ဘုန်းကြီးကျောင်း စာသင်တိုက်များနှင့် စာသင်ကျောင်းများကို အဆက်မပြတ် ခြင်ဆေး ဖြန်းသွားမည် ဖြစ်ကြောင်း ဒေါက်တာမင်းတင်ဌေးက ဆက်ပြောသည်။

    ဧပြီလမှ ယခုအချိန်ထိ သံဖြူဇရပ်တစ်မြို့နယ်လုံးအတိုင်းအတာ သွေးလွန်တုတ်ကွေး ဖြစ်ပွားမှုနှုန်းအရ လူဦးရေ ၃၀၀ နီးပါးအနက် တစ်ဦးသေးဆုံးခဲ့ကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်း သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှု အများဆုံးမှာ မော်လမြိုင်မြို့နယ်၊ ပေါင်မြို့နယ် နှင့် ရေးမြို့နယ် တို့ဖြစ်ပြီး၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာ ဖြစ်ပွာနှုန်းတွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွားမှု အများဆုံးစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks