spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းတွင် မွန်လူဦးရေ ၆ သောင်းကျော်သော်လည်း မွန်တိုင်းရင်းသားရေးရာဝန်ကြီးနေရာမသတ်မှတ်ပေး

    တနင်္သာရီတိုင်းတွင် မွန်လူဦးရေ ၆ သောင်းကျော်သော်လည်း မွန်တိုင်းရင်းသားရေးရာဝန်ကြီးနေရာမသတ်မှတ်ပေး

    -

    တိုင်းရင်းသားဝန်ကြီးမဲဆန္ဒနယ်မြေများ(Copy)
    တိုင်းရင်းသားဝန်ကြီးမဲဆန္ဒနယ်မြေများ(Copy)
    ခတ္တာနန်း – မွန်လူဦးရေကောက်ခံရေးကော်မတီ၏ ထုတ်ပြန်ခဲ့သောစာရင်းအရ တနင်္သာရီတိုင်းဒေသကြီး၌ မွန်လူဦးရေ ၆ သောင်းကျော် ရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး

    နေရာမသတ်မှတ်ပေးကြောင်း သိရသည်။

    မွန်လူမှုအဖွဲ့အစည်းများပေါင်းစည်းထားသော မွန်လူဦးရေကောက်ခံရေးကော်မတီက ၂၀၁၄ ခုနှစ် မွန်လူဦးရေစာရင်း ကောက်ယူရာတွင် တနင်္သရီတိုင်းဒေသကြီး၌ မွန်လူဦးရေ ၆ သောင်းကျော် စာရင်းပြုစုခဲ့သော်လည်း ထိုစာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(လဝက) အသိအမှတ်မပြုသဖြင့် မွန်တိုင်းရင်းသားရေရာ မဲဆန္ဒနယ်မရရှိခြင်းဖြစ်သည်ဟု စံုစမ်းသိရှိရသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံတင်က “တနင်္သာရီတိုင်းမှာ ကျနော်တို့ လူဦးရေစာရင်း ကောက်ထားတာ လူဦးရေ ၆ သောင်းကျော်ရတယ်ဆိုတော့ ကျနော်တို့ပါ တိုင်းရင်းသားရေးရာဝန်ကြီး ဝင်ရွေးဖို့စီစဥ်ထားတယ်၊ ဒါပေမဲ့ အခုစာရင်းထွက်လာတော့ မွန်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် မရဘူးဆိုတော့ ကျနော်တို့ အရမ်းကို စိတ်မကောင်းဖြစ်ရတယ်” ဟု ပြောသည်။

    ၂၀၁၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး (လဝက) စာရင်း၌ မွန်လူဦးရေ ၄ သောင်းကျော်သာရှိကြောင်း၊ အလားတူ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့တွင် မွန်တိုင်းရင်းသားဦးရေ ၆ သောင်းမပြည့်ကြောင်း သတ်မှတ်ခဲ့သည်။

    မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက “တိုင်းရင်းသားရေးရာကိုတော့ ပထမက ကရင်ရယ်၊ တနင်္သာရီရယ် ရန်ကုန်ရယ် ၃ နေရာကို ရည်ရွယ်ထားတယ်၊ ဒါပေမဲ့ မဲဆန္ဒနယ်စာရင်းမှာတော့ ရန်ကုန်နဲ့ တနင်္သာရီက ပါမလာဘူး” ဟု ပြောသည်။

    လဝကစာရင်းအရ ကရင်ပြည်နယ်တွင် မွန်လူဦးရေ ၆ သောင်းကျော်ရှိသဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားရေရာဝန်ကြီးတစ်ဦး ရွေးချယ်ခံခွင့်ရှိခဲ့သည်။

    တိုင်းရင်းသားရေရာဝန်ကြီးထားရှိနိုင်ရန် တနင်္သာရီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးများတွင် ယမန်နှစ်က မွန်လူဦးရေ စာရင်းများ ကောက်ယူခံခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks