spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်း၁၉၉၀၊ ၂၀၁၀ ရွေးကောက်ပွဲနိုင် မွန်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

    ၁၉၉၀၊ ၂၀၁၀ ရွေးကောက်ပွဲနိုင် မွန်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

    -

    လာမည့်ရွေးကောက်ပွဲတွင် မွန်အမျိုးသားကိုယ်စားပြုလွှတ်တော်အမတ်ဦးရေ ပိုမိုရရှိနိုင်ရန် ညီညွတ်ရေးကိုရှေးရှု၍ ၁၉၉၀ နှင့် ၂၀၁၀ ရွေးကောက်ပွဲနိုင်မွန်အမတ်များ ပြီးခဲ့သည့်ဇွန်လ ၂၇ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်၌ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ကြသည်။

    ၁၉၉၀ ရွေးကောက်ပွဲနိုင် မုဒုံမြို့နယ် အမှတ်(၂) နယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းကြည်ဝင်းက “အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးဆိုတာ လူပုဂ္ဂိုလ်တစ်ဦးဦး၊ တိုင်းရင်းသားတစ်မျိုးမျိုးတည်းနဲ့ ဆောင်ရွက်လို့မရတဲ့အနေအထားမှာ အားလုံး ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့လိုတယ်၊ ဒီလိုအကောင်အထည်ဖေါ်နိုင်ဖို့ဆိုတာ တိုင်းရင်းသားအားလုံး ညီညွတ်ရေးပဲလိုတယ်၊ ကျနော်တို့အမျိုးသားမှာလည်း ညီညွတ်ရေးက အဓိအနှစ်သာရပဲ” ဟု ဆိုသည်။

    မွန်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးနေကြစဉ်(GS)
    မွန်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးနေကြစဉ်(GS)

    ယင်းသို့တွေ့ဆုံနိုင်ရေးအတွက် ရွေးကောက်ပွဲနိုင် မွန်လွှတ်တော်ကိ်ုယ်စားလှယ်အချင်းချင်း ချိတ်ဆက်နားလည်မှုရယူခဲ့ပြီး တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာရေးအတွက် ၂၃ ဦးပါ လွတ်လပ်သောမွန်အမျိးသားရွေးကောက်ပွဲ အောင်နိုင်ရေးအကျိုးဆောင်အဖွဲ့ ကူညီဆောင်ရွက်ခဲ့သည်ဟု သိရှိရသည်။

    သို့ရာတွင် အဆိုပါတွေ့ဆုံဆွေးနွေးမှုသည် ၄င်းတို့၏ပါတီအား ကိုယ်စားမပြုကြောင်း၊ မိမိတို့ ပုဂ္ဂိုလ်ရေးအမြင်များသာဖြစ်ကြောင်း ပါဝင်ဆွေးနွေးသူများက စနောင်းတိုင်းမွန်သတင်းဂျာနယ်သို့ ပြောသည်။

    “ ၉၀ အမတ်တွေရော ၂၀၁၀ အမတ်တွေပါ အမြင်တူညီကြတယ်၊ ရှေ့ဆက်ပြီး အတူလက်တွဲသွားကြမယ်၊ ဗဟို(ပါတီ)အဆင့်ထိ အတူလက်တွဲကြဖို့၊ ဗဟိုအဆင့် လက်မတွဲနိုင်ရင် အောက်ခြေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ စည်းရုံးသွားမယ်” ဟု လက်ရှိ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုးက ပြောသည်။

    လာမည့် ၂၀၁၅ ရွေးကောက်ပွဲကာလတွင် မွန်ပါတီအချင်းချင်း အပြိုင်အဆိုင်ဝင်ရောက်ယှဉ်ပြိုင်ပါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် ပြည်ခိုင်ဖြိုးပါတီ USDP တို့အား ရှုံးနိမ့်လိမ့်မည်ဟု ယူဆကြောင်း သူကဆက်ပြောသည်။

    ယခုပဏာမှတွေ့ဆုံပွဲမှ သက်ဆိုင်ရာမိမိပါတီထံ ဆက်လက်တင်ပြရန်နှင့် နောက်ထပ်တွေ့ဆုံပွဲများ ဆက်လက်ပြုလုပ်သွားရန် နှစ်ဖက်ရွေးချယ်ခံကိုယ်စားလှယ်များ သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    ဒေါက်တာမင်းကြည်ဝင်းက “ကျနော်တို့ဟာ အမျိုးသားအကျိုးစီးပွားအတွက် လုပ်ဆောင်ကြပါ၊ မိမိပါတီအကျိုးနဲ့ ပုဂ္ဂိုလ်ရေးကိုပဲ ရှေ့တန်းမတင်ကြပါနဲ့၊ အမျိုးသားအကျိုးစီးပွားအတွက် ဘယ်လမ်းကြောင်းကို ရွေးချယ်မှာလဲ၊ ဘယ်လိုလုပ်ဆောင်သင့်လဲ၊ အမျိုးသားအကျိုးအတွက်ဆိုရင် နိုင်ငံရေးပါတီပဲဖြစ်ဖြစ် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ပဲဖြစ်ဖြစ် တို့အနစ်နာခံ သင့်လည်း ခံရမှာပဲ” ဟု ပြောသည်။

    ၁၉၉၀ အရွေးချယ်ခံမွန်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅ ဦးတွင် နိုင်ထွန်းသိန်း၊ နိုင်ခင်မောင်တို့ ကွယ်လွန်သူများဖြစ်ပြီး ဒေါက်တာမင်းစိုးလင်းနှင့် နိုင်သောင်းရှိန်တို့ ခရီးလွန်နေသဖြင့် ယင်းဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခြင်းမရှိပေ။

    ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသားလွှတ်တော်အမတ် ၁၆ ဦးရှိသည်အနက် ဒေါက်တာဗညားအောင်မိုး(အမျိုးသားလွှတ်တော်)၊ နိုင်ထွန်းအုံ(အမျိုးသားလွှတ်တော်)၊ နိုင်မျိုးတင့်လွင်(အမျိုးသားလွှတ်တော်)၊ မိမြင့်မြင့်သန်း(ပြည်သူ့လွှတ်တော်)နှင့် ဒေါက်တာ အောင်နိုင်ဦး(ပြည်နယ်လွှတ်တော်) တို့ တက်ရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

    ယင်းဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်၌ “၂၀၁၅ ရွေးကောက်ပွဲကြီးတွင် မွန်အမျိုးသားကိုယ်စားပြုလွှတ်တော်အမတ်များ မဲအောင်နိုင်ရေးအတွက် ရည်ရွယ်ချက်ကြီးမားစွာ ကူညီဆောင်ရွက်နေကြသည့် “လွတ်လပ်သော မွန်အမျိုးသား ရွေးကောက်ပွဲ အောင်နိုင်ရေး အကျိုးဆောင်အဖွဲ့” ၏ ကြိုးပမ်းဆောင်ရွက်မှုများအား အထူးအသိအမှတ်ပြုလက်ခံသည်” ဟု ဖေါ်ပြပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks