spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် ပထမအကြိမ် လူငယ်နှင့် မူးယစ်ဆေးဝါးဖိုရမ်ကျင်းပ

    မော်လမြိုင်တွင် ပထမအကြိမ် လူငယ်နှင့် မူးယစ်ဆေးဝါးဖိုရမ်ကျင်းပ

    -

    ပထမအကြိမ် လူငယ်နှင့် မူးယစ်ဆေးဝါးဖိုရမ် အခမ်းအနားကို ယခုလ ဇွန်လ (၂၂-၂၃) ရက်နေ့များတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။

    လူငယ်နှင့် မူးယစ်ဆေးဝါဖိုရမ်ကို ၂ ရက်တာ မွန်လူငယ်ပညာပေးအဖွဲ့ MYEO က ဦးဆောင်ကျင်းပကြောင်း သိရသည်။

    MYEO မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှိုးဆော်ချက်(Copy)
    MYEO မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှိုးဆော်ချက်(Copy)

    “အစည်းအဝေးတစ်ခုခုတက်လိုက်တိုင်းမှာ အများစုက လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲတဲ့အကြောင်းတွေပဲ အများစုက တင်ပြနေတာတွေ့ရတယ်၊ ယျေဘူယဆွေးနွေးကြတာဆိုတော့ သိပ်ပြီးထိရောက်မှုမရှိဘူး၊ ဒီပြဿနာက အနာဂတ်လူငယ်တွေအတွက် အရေးကြီးတယ်ဆိုပြီး ဒီလိုဖိုရမ်ကို လုပ်ဖြစ်တာပါ” လို့ မွန်လူငယ်ပညာပေးအဖွဲ့ ဒါရိုက်တာ နိုင်သိုက်ရတ် ကပြောသည်။

    လူငယ်များ မူးယစ်ဆေးဝါး၏ အန္တရာယ်၊ ဆိုးကျိုးကို သိရှိလာပြီး ရှောင်ရှားတတ်စေရန်၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ မူးယစ်ဆေးဝါးပညာပေးလုပ်ငန်းများကို လုပ်ဆောင်လာစေရန်နှင့် အချင်းချင်း ကွန်ယက်ချိတ်ဆက်ပြီး လုပ်ဆောင်လာရန်၊ ဒေသအတွင်းရှိ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း လျော့ကျလာရေးနှင့် ပြည်သူများငြိမ်းချမ်းစွာ နေထိုင်နိုင်ရန်အတွက် ပြည်နယ်အစိုးရ၏ မူးယစ်ဆေးဝါးနှိမ်နှင်းရေးစီမံချက်များကို အထောက်အကူပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

    လူငယ်နှင့် မူးယစ်ဆေးဝါဖိုရမ် အခမ်းအနားကို ပြည်နယ်စိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာခင်ကိုကိုသူ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ ဒုရဲမှူး နိုင်ထန်းမနား၊ မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင် ဥက္ကဌ နိ်ုင်အောင်မငေး၊ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ ဒေသညှိနှိုင်းရေးမှူး ကိုဝင်းဗိုလ်၊ မြို့နယ်အသီးသီးမှ မွန်လူငယ်အဖွဲ့များပေါင်း (၁၀ဝ) ကျော် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

    “ကျွန်တော်တို့ဘက်က မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေကို ထိရောက်စွာအရေးယူနေပေမဲ့လည်း လူငယ်တွေဟာ ဆေးဝါးတွေကို သုံးစွဲခြင်းအားဖြင့် သူ့ရဲ့အာရုံမှာ ပျော်ရွှင်မှုတွေ တချို့နေရာမှာ ခံစားရတာတွေရှိတယ်၊ အဲဒါကြောင့် အပေါင်းအသင်းနဲ့ ခင်မင်ရင်းနှီးရာကနေ တဖြည်းဖြည်း ပျံ့နှံ့ပြီးတော့မှ မူးယစ်ဆေးဝါးသုံးစွဲတဲ့လူတွေ များများလာတယ်” ဟု မူးယစ်ဆေးဝါး တားဆီးနှိင်နှင်းရေးတပ်ဖွဲ့ ဒုရဲမှူး နိုင်ထန်းမနား ကပြောသည်။

    အဆိုပါဖိုရမ်တွင် မူးယစ်ဆေးဝါးနှင့် အပစ်အခတ်ရပ်စဲရေး၊ မူးယစ်ဆေးဝါးနှင့် ကျန်းမာရေး၊ မူးယစ်ဆေးဝါးနှင့် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးနှင့် လူမှုရေးပြဿနာ စသည့်အကြောင်းအရာတွေကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

    “လူငယ်နှင့် မူးယစ်ဆေးဝါးဆိုတဲ့ခေါင်းစဉ်ကို တွေ့တာရယ်၊ နောက်ပြီးတော့ အပစ်ရပ်စဲရေး အကြောင်းတွေလည်း ပါနေတယ်ဆိုတော့ အထူးသဖြင့် အစ်မစိတ်ဝင်စားပြီး ဒီဖိုရမ်ကို လာတက်ဖြစ်တာပါ” ဟု ငြိမ်းဖောင်ဒေးရှင်းအဖွဲ့မှ မိမလေချမ်း ကပြောသည်။

    လူငယ်နှင့် မူးယစ်ဆေးဝါးဖိုရမ် အခမ်းအနားတက်ရောက်လာသည့် လူငယ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်တို့၏ ဆွေးနွေးချက်များ၊ အမေးအဖြေကဏ္ဍများကိုလည်း ထည့်သွင်းထားသည်ကို တွေ့ရသည်။

    မွန်ပြည်နယ်တွင် လစဉ်လတိုင်း မူးယစ်ဆေးသုံးစွဲသူများနှင့် ရောင်းဝယ်သူများကို ဖမ်းဆီးရမိလျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks