spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ် အခြေခံမဲဆန္ဒရှင်စာရင်း စိတ်ဝင်စားသူနည်းပါး

    သံဖြူဇရပ်မြို့နယ် အခြေခံမဲဆန္ဒရှင်စာရင်း စိတ်ဝင်စားသူနည်းပါး

    -

    အခြေခံမဲဆန္ဒရှင်စရင်း လာရောက်သူ(IMNA)
    အခြေခံမဲဆန္ဒရှင်စရင်း လာရောက်သူ(IMNA)
    လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်သူများ၏ အခြေခံမဲဆန္ဒရှင်စာရင်းကို မေလ ၈ ရက်နေ့၌ ထုတ်ပြန်ထားလျက်ရှိရာ လာရောက်ကြည့်ရှုသူ

    အချို့သာရှိသဖြင့် စိတ်ဝင်စားမှုနည်းပါးကြောင်း လေ့လာတွေ့ရှိရသည်။

    ဇွန်လ ၂၁ ရက်နေ့အထိ သီတင်း၂ ပတ်တိုင်တိုင် သက်ဆိုင်ရာ ရပ်ကွက်/ကျေရွာ ကော်မရှင်ရုံးများတွင် ထုတ်ပြန်ကြေညာထားမည်ဖြစ်ပြီး အသံချဲ့စက်များဖြင့် လှည့်လည်ဆော်သြအသိပေးထားကြောင်း သံဖြူဇရပ်မြို့ပေါ် ရပ်ကွက်ကော်မရှင်ဖွဲ့၀င်တစ်ဦးမှ သိရသည်။

    “ဒီမဲရုံမှာ ၁၉၀၀ ကျော်ရှိတယ် ဒီမနက်လာကြည့်တဲ့သူ အယောက် ၅၀ လောက်ပဲရှိတယ်၊ လာကြည့်တဲ့သူတွေသိရအောင် ရပ်ကွက်တွေမှာပို့စတာကပ်တယ်၊ လက်ကမ်းစာစောင်တွေေ၀တယ်၊ အသံချဲ့စက်နဲ့လည်း ရပ်ကွက်ထဲလှည့်ပြီးပြောထားတယ်” ဟု အောင်ဇေယျရပ်ကွက် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးဒေါ်ခင်အိမ်က ပြောသည်။

    မဲစာရင်းများကို မနက်ရုံးဖွင့်ချိန် ၁၀ နာရီမှ ညနေ ၆ နာရီအထိ အလွယ်တကူ ကြည့်ရှု့နိုင်ရန် စီစဥ်ထားလျက်ရှိရာ နိုင်ငံရေးပါတီများက လာရောက်ကြည့်ရှုကြသည်ဟု ၎က ဆက်ပြောသည်။

    မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာနေ နိုင်ဆီနွန်းက “ ကော်မရှင်ကလုပ်တာလဲ သိပ်အဆင်မပြေဘူး၊ မိုးရွာလို့ရှိရင် သူတို့သိမ်းရမှာ စိုးလို့လားတော့မသိဘူး အုပ်ချုပ်ရေးမူးရုံး အထဲမှာကို သူတို့ကပ်ထားကြတယ်၊ အုပ်ချုပ်ရေးမူးရုံးထဲမှာဆိုတော့ ဖြတ်သွားဖြတ်လာရင်တောင် တွေ့ရတာမဟုတ်ဘူး အထဲကို၀င်ကြည့်မှတွေ့ရတာ၊ အဲဒီလိုဆိုတော့ အဆင်မပြေဘူးပေါ့၊ လာကြည့်တဲ့သူ တော်တော်လေးနည်းတယ်၊ နားလည်တဲ့သူတွေလောက်ပဲလာကြည့်ကြတာ၊ လက်ကမ်းစာစောင်တွေ ေ၀တာတွေရှိတယ်၊ ဘယ်သူမှပြန်မမေးကြဘူး၊ ပေးပြီးရင်ပြီးသွားပဲ” ဟု ဆိုသည်။

    မဲဆန္ဒရှင်စရင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးအတွင်းတွင် ကပ်ထားသည့်အတွက် ပြည်သူများ အလွယ်တကူ မတွေ့ရှိနိုင်ကြောင်း၊ လူအများကြည့်ရှုနိုင်သည့်နေရာတွင် ကပ်ထားပါက ပြည်သူများ ပိုမိုကြည့်ရှုကြမည်ဖြစ်ကြောင်း ၎က ဆက်ပြောသည်။

    သံဖြူဇရပ်မြို့နယ် ၀ါခရူကျေးရွာမှ မဲစရင်း လာရောက်ကြည့်ရှု့သူ မိချမ်းမွန်က “မဲထည့်လို့ရအောင် လာကြည့်တာပါ၊ မှတ်ပုံတင်ပါယူလာတယ်၊ မှတ်ပုံတင်မှာနဲ့ တူသလားဆိုတာတိုက်ဖို့လေ၊ ဒါပေမယ့် ကျမနာမည်စာရင်းမှာ မှတ်ပုံတင်နံပါတ်မပါဘူး၊ အဖေနဲ့ အမေတော့ မှတ်ပုံတင်နံပါတ်တွေပါတယ်၊ မောင်နှမတွေလည်း မှတ်ပုံတင်နံပါတ်မပါဘူး” ဟု ပြောသည်။

    သို့ရာတွင် ယခုထုတ်ပြန်သည့် အခြေခံမဲဆန္ဒရှင်စာရင်းသည်ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းမဟုတ်သေးကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများက ပြောကြားထားသည်။

    အမည်စာရင်းမပါသူများ၊ သေစာရင်းများ၊ အချက်အလက်မှားယွင်းမှုရှိပါက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ခွဲတွင် ပြန်လည်လှေျာက်ထားနိုင်ကြောင်း ထိုသို့ ပြုလုပ်နိုင်ရန် လက်ကမ်း စာစောင်များ၊ နှိုးဆော်သံများ၊ ရုပ်သံအစီအစဥ်များကိုလည်း တိုင်းရင်းသား ဘာသာအလိုက် ထုတ်လွှင့်ပြသလှျက်ရှိကြောင်း သိရသည်။

    အလားတူ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ယင်းအခြေခံမဲဆန္ဒရှင်စာရင်း ထုတ်ပြန်ထားလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks