Friday, March 13, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် အခြေခံမဲဆန္ဒရှင် တစ်ဆယ့်လေးသိန်းကျော်ရှိ

    မွန်ပြည်နယ် အခြေခံမဲဆန္ဒရှင် တစ်ဆယ့်လေးသိန်းကျော်ရှိ

    -

    မွန်ပြည်နယ် တစ်ခုလုံးအတိုင်းအတာဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် အခြေခံ မဲဆန္ဒရှင် စုစုပေါင်း တစ်ဆယ့်လေးသိန်းကျော်ရှိကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

    လက်ရှိအခြေခံမဲဆန္ဒရှင်စာရင်းအရ တစ်ဆယ့်လေးသိန်းတစ်သောင်းတစ်ထောင်သုံးရာ ကိုးဆယ်ရှစ်(၁၄,၁၁,၃၉၈) ဦးခန့်ပါဝင်သော်လည်း ထိုစာရင်းမှာ ပြီးပြည်စုံခြင်းမရှိသေးကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှုး ဦးပာိန်းလင်းထက်က ပြောသည်။

    “သူ့အသုံးအနှုန်းက အခြေခံမဲဆန္ဒရှင် စာရင်းဖြစ်တယ်၊ CSO တွေနဲ့ ပညာပေးလုပ်မယ်၊ ၈ရက်နေ့ ကနေ ၂၄ ရက်နေ့ ၂ ပတ်အထိ မဲစာရင်းကြေညာမယ်၊ ဒါပေမယ့် မပြီးပြည့်စုံသေးပါဘူး၊ ပြည်သူက ကူညီမှ ပြီးပြည့်စုံမှုမှာ၊ ပြီးပြည်စုံမှသာ ဝက်ဆိုက်မှာတင်ပေးရမှာ၊ ကိုယ်နာမည်မပါဘူးဆိုရင်လည်း လျှောက်ထားရမယ်”ဟု ဦးပာိန်းလင်းထက်က ပြောသည်။

    ထိုအခြေခံ မဲဆန္ဒရှင် တစ်ဆယ့်လေးသိန်းကျော်တွင် တပ်မတော်သားနှင့် မိသားစုများ၊ ရဲတပ်ဖွဲဝင်နှင့် မိသားစုများ၊ ရက်ပေါင်း ၁၈၀ ကျော် ခရီးသွားနေသူများ မပါဝင်သေးပေ။

    ထို့အပြင်အခြေခံမဲဆန္ဒရှင်များအား ဇွန်လ ၈ ရက်နေ့မှ ဇွန်လ၂၄ ရက်နေ့အထိ မွန်ပြည်နယ် တစ်ပြည်နယ်လုံးရှိ နေရာပေါင်း ၁၂၈၆ နေရာ တွင် ဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။

    ယခုထွက်ပေါ်လာသည့် အခြေခံ မဲဆန္ဒရှင်စာရင်းသည် စတုထ္တအဆင့် ကောက်ခံပြုစုထားသည့် စာရင်းဖြစ်ပြီး ၂၀၁၄ နိုဝင်ဘာမှ ဒီဇင်ဘာ တွင် ပထမအဆင့် ၂၀၁၄၊ ဒီဇင်ဘာမှ ၂၀၁၅ ဖေဖော်ဝါရီအထိ ဒုတိယအဆင့်၊၂၀၁၅ ဇန်နဝါရီမှ မတ်လ အထိ တတိယအဆင့် ဟူ၍ အဆင့်ဆင့် ပြုစုကောက်ခံခဲ့ခြင်း ဖြစ်သည်။

    သို့ရာတွင် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင် မဲဆန္ဒရှင် ၁၀ သိန်းခန့် သာရှိခဲ့ပြီး မဲဆန္ဒရှင်စားရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ကာ မွန်ပြည်နယ်သားအချို့ မဲမပေးခဲ့ရသည့် ဖြစ်ရပ်များလည်း ဖြစ်ခဲ့ဖူးကြောင်း သတင်းများအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks