Tuesday, March 17, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်-ဘီးလူးကျွန်း အစိုးရရေယာဉ်များရပ်နား

    မော်လမြိုင်-ဘီးလူးကျွန်း အစိုးရရေယာဉ်များရပ်နား

    -

    မွန်ပြည်နယ် မော်လမြိုင်- ဘီးလူးကျွန်း ပြေးဆွဲနေသည့် ရေယဉ်များရပ်တန့်သည့်အတွက် ချောင်းဆုံမြို့နယ် (ဘီးလူးကျွန်း) ဒေသခံများ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

    ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက “ရေကြောင်းလမ်းက အခုလို မိုးတွင်းဆိုရင် ပိုအခက်အခဲဖြစ်ပါတယ်၊ တကယ်လို့ ဒီလိုအစီအစဉ်ကို ခပ်စောစောပြောထားမယ်ဆိုရင် ကြိုတင်ပြင်ဆင်လို့ရမယ်၊ အခုက တစ်ချက်ထဲ ရပ်လိုက်တော့ သွားလာရတာ အခက်အခဲဖြစ်သွားတယ်” ဟု ဆိုသည်။

    ဇက်သင်္ဘော ပြေးဆွဲမှုရပ်လိုက်ပြီး စက်လှေများ အစားထိုးပြေးဆွဲနေသော်လည်း အိမ်ဆောက်ပစ္စည်းများ၊ မော်တော်ကားများ၊ ဆိုင်ကယ်များ၊ ဆီပီပါများ သယ်ယူရ ခက်မည်ဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

    ဘီးလူးကျွန်း (ချောင်းဆုံမြို့နယ်) ကမာမိုကျေးရွာနေ ဒေါ်တင်မြက “အကုန်လုံးက (ဇက်) သင်္ဘောတွေကိုပဲ တောင်းဆိုနေကြတာပေါ့၊ ဈေးဝယ်တဲ့ ဈေးဝယ် သမားတွေရော သွားလာတဲ့လူတွေရော (ဇက်) နဲ့ဆိုရင် လုံခြုံတာပေါ့၊ ကိုယ့်စိတ်ထဲမှာဆိုရင် စက်လှေနဲ့ကတော့ ပစ္စည်အပျက်မရှိပေမယ့် ကိုယ့်စိတ်တိုင်းကျတော့ မဖြစ်ဘူးပေါ့၊ လှေကသေးတော့ ကိုယ့်တကိုယ်ပဲရတယ်၊ ပစ္စည်းတွေဘာတွေ ဆွဲဖို့တော့မရဘူးပေါ့” ဟု ပြောသည်။

    ထို့အပြင် ယခုပြေးဆွဲနေသည့် စက်လှေများသည် ယခင်သင်္ဘောများထက် ဈေးနှုန်းကြီးခြင်း၊ လူအနည်းငယ်သာ စီးနိုင်ခြင်း၊ အသက်ကယ်အင်္ကျီများ ဝတ်ဆင်ရန် နည်းလမ်းများ မသိခြင်းနှင့် မိုးတွင်းအချိန် ခရီးသွားများ အန္တရာယ်ရှိနိုင်ကြောင်း ဒေါ်တင်မြက ဆက်ပြောသည်။

    ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေး ဦးစီးဌာနက တနိုင်ငံလုံးရှိ ပြည်တွင်းရေကြောင်းသင်္ဘောများကို စစ်ဆေးပြီးနောက် ပြေးဆွဲရန်မသင့်သည့်ယာဉ်များဟု မှတ်ချက်ပေး၍ ယင်းကဲ့သို့ ရပ်နားလိုက်ခြင်းဖြစ်ပြီး မော်လမြိုင်မြို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သံလွင်ဌာနခွဲမှ ပြေးဆွဲနေသည့် ရေယဉ်များကို မေလ ၁ ရက်နေ့မှ စတင်ရပ်နားလိုက်ပြီးနောက် ပုဂ္ဂလိက စက်လှေများ အစားထိုး ပြေးဆွဲနေခြင်း ဖြစ်သည်။

    ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သံလွင်ဌာနခွဲမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးလှဝင်းနိုင်က“သံလွင်ဌာနခွဲကို လွန်ခဲ့တဲ့ ၂၇ ရက်နေ့ ၄ လပိုင်းမှာလာစစ်ပါတယ်၊ ကျနော်တို့ ပြေးဆွဲနေတဲ့ နတ်မှော်လိုင်းရော ကလွီလိုင်းရော ရပ်လိုက်ရပါတယ်၊ ဒီစက်လှေတွေစီးတဲ့လူတွေ အသက်လုံခြုံမှုအတွက် ကျနော်တို့ ရထားတဲ့ သင်္ဘောက သက်ကယ်အကျီတွေ အလုံအလောက် ပုဂ္ဂလိက စက်လှေတွေကို အငှားစနစ်နဲ့ ပေးထားတယ်” ဟု ပြောသည်။

    ဆက်လက်၍ လာမည့် ဇွန်လ ပထမပတ်တွင် ပြင်ဆင်ပြီးစီးသည့် ရေယဉ် တစ်စင်းနှင့် လာမည့်သြဂုတ်လဆန်းတွင် ကုန်တင်ရေယဉ် ၂ စင်းကိုလည်း ထပ်မံပြေးဆွဲနိုင်ရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks