spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းရှေးယခင်မွန်လူမျိူးများနေထိုင်ခဲ့သည့် ဒလနယ်မြေ တွံတေးမြို့တွင် ရှေးပောင်းနယ်မြေတစ်ခုတူးဖော်တွေ့ရှိ

    ရှေးယခင်မွန်လူမျိူးများနေထိုင်ခဲ့သည့် ဒလနယ်မြေ တွံတေးမြို့တွင် ရှေးပောင်းနယ်မြေတစ်ခုတူးဖော်တွေ့ရှိ

    -

    ရှေးယခင်က မွန်လူမျိူးများ နေထိုင်ခဲ့သော ပုသိမ် ၃၂ မြို့ထဲတွင်ပါဝင်သည့် လက်ရှိဒလနယ်မြေ တွံ့တေး မြို့အစွန်တွင် ရှေးပောင်းနယ်မြေတစ်ခု တူးဖော်တွေ့ရှိထားကြောင်း သတင်းရရှိသည်။

    လက်ရှိတွင် တူးဖော်လျှက်ရှိသော ထိုနယ်မြေ တွင် အကျယ်မီတာ ၇၅ မီတာခန့် ကျယ်ဝန်းသော ရှေးဟောင်း အဆောက်အဦးတစ်ခုနှင့် အေဒီ ၁၁ ရာစု မတိုင်မှီ မှ ယဉ်ကျေးမှုလက်ရာများ တွေ့ရှိခဲ့ကြောင်း ဦးဆောင်တူးဖော်နေသူ မွန်လူမျိူး ရှေးပောင်းသုတေသန ပညာရှင် ဦးစံဝင်းက ပြောသည်။

    “အုတ်တွေမှာ အမှတ်အသားတွေ ပါတယ်၊ မွန်စာတော့မတွေ့ရသေးဘူး၊ ဒါပေမဲ ့ အလယ်ခေတ်က တော့ မွန်ဒေသပေါ့၊ DNA စစ်မှ သိရမယ်၊ ဘယ်လူမျိူးတွေနေတယ်ဆိုတာကို၊ သုတေသန လုပ်လို့ မပြီးသေးဘူး၊ နောက် ၁၀ ရက် လုပ်ရဦးမယ်၊ ဒလမြို့ ဆိုတာက မွန်စကား တလ က နေ လာတာ၊ တလနယ်မှာ ပုဂံခေတ် အထောက်အထား တွေလည်းရှိတယ်၊ ရာဇာဓိရာဇ် ခေတ်က အဆောက်အဦး ကျောက်စာ တွေလည်းရှိတယ်၊ တို့တူးနေတာ ပုဂံခေတ်ထက်လည်းစောတယ်၊ တူးဖော်လို့ မပြီးသေးတော့ ပြောလို့ မရသေးဘူး”ဟု ဦးစံဝင်းက ပြောသည်။

    လက်ရှိတွင် အဆိုပါ အဆောက်အဦး၏ အောက်ခြေနေရာကို တူဖော်လျှက်ရှိပြီး ကောင်းမွန်သော်သုတေသန ပြုလုပ်နိုင်ရန် ရန်ပုံငွေ လိုအပ်လျှက်ရှိကြောင်း ဦးစံဝင်း၏ ပြောကြားချက်မှ သိရသည်။အဆိုပါ ရှေးပောင်း အဆောက်အဦး ကို လွန်ခဲ့သည့် ရက်ပေါင်း ၂၀ ခန့် က စတင်တူးဖော်ခဲ့ခြင်းဖြစ်ပြီး တူးဖော်ခွင့် ရရှိထားသည့် ရက်မှာ ၉ ရက်သာ ကျန်ရှိတော့ ကြောင်း သိရသည်။

    ရန်ကုန်မွန်စာပေနှင့်ယှဉ်ကျေးမှု ကော်မတီ အနေဖြင့် မေလ ၁၆ ရက်နေ့ က အဆိုပါ ရှေးပောင်းသုတေသနနယ်မြေသို့ သွားရောက်ကာ လှူဒါန်းမှုများ ပြူလုပ်ခဲ့သော်လည်း အခြားလိုအပ်ချက်များ ရှိနေသေး ကြောင်း ကော်မတီ ဥက္ကဌ နိုင်စိုးအောင်က ပြောသည်။

    “လိုအပ်ချက်က နိုင်ငံတော်အစိုးရရဲ ့ ပံပိုးမှု အများကြီး လိုတယ်၊ ဒါလွန်ခဲ့တဲ့ အနှစ်၂၀ဝ၀ က အဆောက်အဦးကြီး တစ်ခုလို့ သိရတယ်၊ ဒီဒေသ တောက်လျှောက်မှာ ကျွန်တော်တို့ ဆံတော်ကြို စေတီ တွေလည်း တွေ့ရတယ်လေ၊ ဒီတော့ ဒီတွံတေး မြို့ က ရွှေတိဂုံဘုရား သမိုင်းနဲ ့ လည်း နည်းနည်း ဆပ်စပ်လို့ ရတယ်လေ၊ ဒါကြောင့် ဆရာဦးစံဝင်းက လည်း နောက်ထပ်နေရာတွေ ထပ်တူးဖို့ ရှိပါသေးတယ်လို့ဆိုတယ်”ဟု နိုင်စိုးအောင်က ပြောသည်။

    ရန်ကုန်တိုင်းတွံ့တေး မြို့ အစွန်ဘက်တွင် ရှိသော အဆိုပါရှေးဟောင်နယ်မြေတွင် တူးဖော်သည့် လုပ်ငန်းပြီးစီးပါက သိမ်ဆောက်လုပ်မည်ဖြစ်ပြီး သိမ်တော်၏ အောက်တွင် ရှေးပောင်း ယဉ်ကျေးမှု လက်ရာများအား ပြတိုက်ပြုလုပ်၍ ထားမည်ဖြစ်ကြောင်း သုတေသန ပညာရှင် ဦးစံဝင်း၏ပြောကြားချက်မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts