spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်း ရုတ်သိမ်းပေးရန် လူထုဆန္ဒ ဖော်ထုတ်ပွဲ ပြုလုပ်မည်

    အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်း ရုတ်သိမ်းပေးရန် လူထုဆန္ဒ ဖော်ထုတ်ပွဲ ပြုလုပ်မည်

    -

    ရေးမြို့နယ်၊ ဖာလိန်ဒေသ၊ အံဒင်ကျေးရွာအနီးတွင် တည်ဆောက်မည့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ စီမံကိန်းကို ရုတ်သိမ်းပေးရန်အတွက် လူထုအင်အား တစ်သောင်းဝန်းကျင် ပါဝင်မည့် ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို မေလ ၅ ရက်နေ့တွင် အံဒင်ကျေးရွာ၌ ပြုလုပ်သွားမည်ဟု ဦးဆောင်သူများထံမှ သိရသည်။

    ဆန္ဒဖော်ထုတ်ခွင့်လျှောက်လွှာ(Copy)
    ဆန္ဒဖော်ထုတ်ခွင့်လျှောက်လွှာ(Copy)
    ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဦးအောင်လင်း က “လမ်းလျှောက်ခြင်းတွေ၊ စီတန်းလှည့်လည်ခြင်းတွေ မပါပါဘူး။ ဒေသခံတွေ၊ ပူးပေါင်းသူတွေ အားလုံး လာရောက်စုဝေးပြီးတော့ သူတို့ရဲ့ ဆန္ဒတွေကို ပြောကြမယ်။ ဆွေးနွေးကြမယ်။ ဆန္ဒတွေ ဖော်ထုတ်ကြမယ်” ဟု ပြောသည်။

    ဖာလိန်ဒေသ စည်းလုံးညီညွတ်ရေး သံဃာတော်များအဖွဲ့၏ သြဝါဒကို ခံယူပြီး၊ ဒေသခံများ ဦးဆောင်ကျင်းပမည့် ထိုဆန္ဒဖော်ထုတ်ပွဲသို့ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS) နှင့် ရေးမြို့ အလင်းအိမ် လူငယ်စာဖတ်အသင်း စသည်တို့က ပူးပေါင်းပါဝင်ကြမည် ဖြစ်ပြီး၊ ဧပြီလ ၂၉ ရက်နေ့တွင် ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးထံ တင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။

    ရဲတပ်ဖွဲ့မှူးထံ တင်ပြရန်အတွက် လိုက်ပါ ကူညီသူ YSS အတွင်းရေးမှူး ကိုအောင်နိုင်ဝင်း က “မတင်ခင်မှာ မြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ ညှိနှိုင်းမှုအရ တစ်သောင်းကျော် တင်မှာကို တစ်သောင်းပဲ တင်ပါဆိုလို့ တစ်သောင်းနဲ့ တင်တယ်။ တင်တဲ့အခါမှာ ထပ်လျှော့ပါဦး။ လုံခြုံရေးအင်အား မလောက်လို့ ဆိုပြီး နောက်ဆုံး ရှစ်ထောင်နဲ့ ကျွန်တော်တို့ အကြမ်းဖျဉ်း သဘောတူပြီး တင်လိုက်ပါတယ်။ ဒါက အနိမ့်ဆုံး အင်အားကို မှန်းထားတာပါ။ ဒီထက်များဖို့ ရှိပါတယ်” ဟု ပြောသည်။

    YSS အနေနှင့် ရေးမြို့နယ် အစင်၊ ဇီးဖြူသောင်၊ ဓမင်းဆိပ် စသည့်ရွာသားများနှင့်အတူ အင်အား ၅၀ဝ ဝန်းကျင်ဖြင့် အံဒင်လူထုဆန္ဒ ဖော်ထုတ်ပွဲတွင် သွားရောက်ပူးပေါင်းမည်ဟု သူက ပြောသည်။

    လူထုဆန္ဒဖော်ထုတ်ပွဲကို အံဒင်ကျေးရွာ ဘောလုံးကွင်းတွင် နံနက် ၆ နာရီမှ ၁၁ နာရီထိ ကျင်းပမည် ဖြစ်ပြီး၊ စက်ရုံစီမံကိန်းကို အလိုမရှိ ရုတ်သိမ်းပေးရန် ကြွေးကြော်သံဖြင့် အခမ်းအနားကို စတင်ကာ၊ ဖာလိန်ဒေသ ဂိုဏ်းချုပ်ဆရာတော်နှင့် သံဃာတော်တစ်ပါးမှ သြဝါဒ မိန့်ကြားပြီး၊ မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်တစ်ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ မွန်ပြည်နယ် EITI မှ ကိုယ်စားလှယ်တစ်ဦး၊ YSS ကိုယ်စားလှယ်တစ်ဦးနှင့် ဒေသခံ ရွာသား နှစ်ဦးတို့က ၎င်းတို့၏ ဆန္ဒသဘောထားများကို ဟောပြောမည် ဖြစ်ကြောင်း ကျင်းပမည့် အစီအစဉ်အရ သိရသည်။

    အံဒင်ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းကို အလိုမရှိ ကန့်ကွက်ကြောင်း ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS) က ဦးဆောင်ကာ အင်အား ၄၀ဝ ကျော်ဖြင့် ရေးမြို့အတွင်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။

    ၎င်းပြင် ယင်းစီမံကိန်းကို အံဒင်ကျေးရွာ အပါအဝင် ဖာလိန်ဒေသမှ သံဃာတော်များ၊ ဒေသခံများနှင့် မွန်ပြည်သစ်ပါတီတို့ကလည်း ကန့်ကွက်ထားပြီး၊ မိမိတို့ သဘောထားများကို ထုတ်ပြန်ထားပြီး ဖြစ်သည်။

    အမေရိကန်ဒေါ်လာ သန်း ၂၇၀ဝ ရင်းနှီး မြှုပ်နှံကာ၊ လျှပ်စစ်ဓါတ်အား ၁၂၈၀ မဂ္ဂါဝပ် ထုတ်မည့် ယင်းစီမံကိန်းအတွက် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် Toyo Thai Corporation Public Co., Ltd (TTCL) က လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ပြီး၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် လုပ်ငန်းသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks