Friday, March 13, 2026
More
    spot_img
    Homeသတင်းရုံးချိန်း ၃ ကြိမ်ရှိခဲ့ကြောင်း သတင်းထောက်ကိုပါကြီးမိသားစု ယခုအခါမှသိရှိ

    ရုံးချိန်း ၃ ကြိမ်ရှိခဲ့ကြောင်း သတင်းထောက်ကိုပါကြီးမိသားစု ယခုအခါမှသိရှိ

    -

    မွန်ပြည်နယ်တွင် သတင်းထောက် ကိုပါကြီးသေဆုံးမှုအား ကျိုက်မရော တရားရုံးအနေဖြင့် သေမှုသေခင်းစစ်ဆေးနေသည်မှာ ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် ရုံးချိန်း ၃ ကြိမ်တိုင်သည့်အချိန်မှသာ မိသားစုဘက်မှ စုံစမ်းသိရှိရကြောင်း ကိုပါကြီးဇနီး မသန္တာကပြောသည်။

    သတင်းထောက်ကိုပါကြီးဇနီး မသန္တာ ကျိုက်မရောတရားရုံးသို့ရောက်ရှိစဉ်(ဏြ)
    သတင်းထောက်ကိုပါကြီးဇနီး မသန္တာ ကျိုက်မရောတရားရုံးသို့ရောက်ရှိစဉ်(ဏြ)
    တရားရုံးဘက်မှ မိသားစု အား အကြောင်းကြားထားသည်ဟု ပြောသော်လည်း မိသားစုဘက်မှ အကြောင်းကြားထားသည့် သက်သေ အထောက်အထား တောင်းခံရာ မပြနိုင်ခဲ့ကြောင်း မသန္တာက ပြောသည်။

    “ကျွန်မ တရားသူကြီး ကို ဝင်မေးတော့ အကြောင်းကြားစာ ၂ ခါရှိပြီပို့တာလို့ ပြောပါတယ်၊ ဒါပေမဲ ့ ကျွန်မ လက်ထဲကိုတော့ မရောက်လာပါဘူး၊ တရားမျှတမှုရှိရင် ကျွန်မကို အကြောင်းကြားရမယ်၊ အကြောင်းကြားနိုင်မဲ့ နည်းလမ်းတွေလည်း အများကြီး ရှိတယ်၊ ကျွန်မကို အကြောင်းကြားခြင်းမရှိဘဲနဲ့ တရားရုံးတင်ခဲ့တယ်၊ ဒီနေ့သာ ကျွန်မ မလာဖြစ်ခဲ့ရင် ၃ ချိန်ရုံးချိန်းပျက်ကွက်မှုနဲ ့ သက်သေအဖြစ်က ကျွန်မကို ပယ်သွားမှာဖြစ်တယ်၊ ဒါလုံးဝ တရားမျှတမှု မရှိဘူး”ဟု မသန္တာက ပြောသည်။

    ယမန်နေ့ ကိုပါကြီး အမှု သေမှုသေခင်းအား စစ်ဆေးရာ တွင် အရပ်သားသက်သေအဖြစ် ကုန်ထမ်းသူတစ်ဦး၊ ဆိုင်ကယ် ကယ်ရီမောင်းသူ တစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအဖွဲ့ဝင် တစ်ဦး ဦးတို့ကိုစစ်ဆေးခဲ့ကြောင်း ၃ကြိမ်မြောက် ရုံးချိန်းသွားရောက်ခဲ့သည့် မိသားစုဝင်များထံမှ သိရသည်။

    ကိုပါကြီး သေဆုံးခြင်း ကိစ္စအား မသန္တာ သေမှုသေခင်းဖွင့်၍ စုံးစမ်းဖော်ထုတ်ပေးရန် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်က ကျိုက်မရောရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။

    ကိုပါကြီး အမှု စစ်ဆေးနေသည်ကို မိသားဘက်မှ မသိရခြင်းသည် တရားဥပဒေလုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီကြောင်း ကိုပါကြီး၏ မိသားစု ရှေ့နေ ဦးရောဘက်ဆန်းအောင်က ပြောသည်။

    “မသန္တာက စပြီးတိုင်တာလေ၊ စပြီးတိုင်တဲ့လူကို မစစ်တော့ အမှန်တရားဘယ်လိုရှာမလဲ၊ ဘယ်လိုဘဲ သက်သေတွေစစ်စစ် အရေးကြီးတဲ့သူက မသန္တာပါ၊ မသန္တာကို စစစ်မှ ရထားခေါင်းတွဲလို အမှု စပ်လို့ရမှာပေါ့၊ ဒီအမှုနဲ ့ပတ်သက်ပြီးအမှန်တရားကို ရှာတဲ့အခါမှာ တပ်မတော်က လူတွေကိုလည်း စစ်ဆေးဖို့ လိုပါတယ်”ဟု ရှေ့နေ ဦးရောဘက်ဆန်းအောင်က ပြောသည်။

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ၂၀၁၄ စက်တင်ဘာလ ၃၀ ရက်က မြန်မာ့ တပ်မတော်၏ ဖမ်းဆီပစ်ခက်မှုကြောင့် သေဆုံးခဲ့သော အလွတ်တန်း သတင်းထောက် ကိုပါကြီး အမှုသည် ၆ လကျော် ကြာ ၂၀၁၅ ခုနှစ် ဧပြီလမှသာ တရားရုံးမှ သေမှုသေခင်း စတင်စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks