spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်း၂၀၁၅ ရွေးကောက်ပွဲတွင် မွန်နှစ်ပါတီ ထိပ်တိုက်တွေ့နိုင်

    ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်နှစ်ပါတီ ထိပ်တိုက်တွေ့နိုင်

    -

    မွန်နှစ်ပါတီ ပေါင်းစည်းရေးအဖွဲ့ ဖျက်သိမ်းကြောင်းရှင်းလင်းပွဲ(Internet)
    မွန်နှစ်ပါတီ ပေါင်းစည်းရေးအဖွဲ့ ဖျက်သိမ်းကြောင်းရှင်းလင်းပွဲ(Internet)
    လာမည့် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းပိုင်းတွင် ပြုလုပ်မည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားကိုယ်စားပြုပါတီများ ဖြစ်သော မွန်အမျိူးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ထိပ်တိုက်တွေ့ယှဉ်ပြိုင်ရမည့် အခြေအနေ ဖြစ်ပေါ်လာနိုင်ကြောင်း နှစ်ပါတီခေါင်းဆောင်များ၏ ပြောကြားချက်များအရ သိရသည်။

    လက်ရှိအချိန်ထိ နှစ်ပါတီ ခေါင်းဆောင်များအနေဖြင့် မဲဆန္ဒနယ်များ ခွဲခြားသတ်မှတ်ရေးကိစ္စများအား ဆွေးနွေးမှုများ ပြုလုပ်ခြင်း မရှိသေးကြောင်း မွန်အမျိူးသားပါတီမှ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    “ထိတ်တိုက်မတွေ့ဖို့ ဆွေးနွေးထားတာမရှိဘူး၊ ကျွန်တော်တို့ က ဝင်သင့်တဲ့ နေရာအားလုံးကိုဝင်မယ်၊ လက်ရှိမွန်နှစ်ပါတီက ၄ နှစ် ၅ နှစ် လောက်က ပြည်သူတွေနဲ ့ ထိတွေ့ ဆက်ဆံမှုတွေရှိတယ်၊ ဒီဆက်ဆံမှုတွေ အပေါ်မှာ ဘယ်သူကို မဲပေးရမလဲဆိုတာ ပြည်သူက ကောင်းကောင်းဆုံဖြတ် တတ်ပါလိမ့်မယ်၊ ရွေးကောက်ပွဲနဲ ့ ပတ်သက်ပြီး နှစ်ပါတီ ထိပ်ပိုင်းကော အောက်ပိုင်းကော ဆွေးနွေးဖို့ အစီအစဉ်မရှိဘူး” ဟု နိုင်လယီတမ က ပြောသည်။

    မွန်အမျိူးသားပါတီ(မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ မွန်ဒီမိုကရေစီပါတီ) သည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော်လည်း လာမည်၂၀၁၅ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်မည်ပာု ဆုံးဖြတ်ထားကာ လက်ရှိတွင် မဲဆန္ဒနယ် သတ်မှတ်ခြင်းနှင့် ကိုယ်စားလှယ် များ ရွေးချယ်ခြင်း လုပ်ငန်များအား ဆောင်ရွက်လျှက်ရှိသည်ဟု ဆိုသည်။

    သို့ရာတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက ၎င်းတို့ ပါတီဝင်ပြိုင်မည့် မဲဆန္ဒနယ်များတွင် မွန်အမျိူးသားပါတီ ဝင်ပြိုင်မှသာ ထိတ်တိုက်တွေနိုင်မည် ဖြစ်ကြောင်း ပြောသည်။

    သူက “ကျွန်တော်တို့ က ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီးသားပါ၊ ထိပ်တိုက်မတွေ့ဘူး တွေ့မယ်ဆိုတာ ရွေးကောက်ပွဲဝင်မဲ့ ပုံစံအပေါ်မှုတည်ပါတယ်၊ ကျွန်တော်တို့ က တစ်ပွုဲပြိုင်ခဲ့ပြီးသားဘဲ လေ၊ မွန်တွေ ဘယ်မှာ အများစုရှိလဲဆိုတာကျွန်တော်တို့ သိပြီးသား၊ သူတို့ရဲ ့ ဆန္ဒကို တစ်ခါခံယူပြီးသားလေ၊ ဘယ်နားဝင်မယ် ဘယ်နားမဝင်ဘူးဆိုတာကတော့ ယေဘူယျ ဆုံးဖြတ်ပြီးသားပါ၊ နှစ်ပါတီညှိနှိုင်းဖို့ ကိစ္စကလည်း အခြေအနေအများကြီးအပေါ် မူတည်ပါတယ်”ဟု ပြောသည်။

    ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၌ မွန်ပြည်နယ် မဲဆန္ဒနယ် အများအပြားတွင် အနိုင်ရရှိခဲ့သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အနေဖြင့် လက်ရှိရွေးကောက်ပွဲဝင်မည် ပုံစံအား မသတ်မှတ်ရသေးသော်လည်း ယခင် ယှဉ်ပြိုင်ခဲ့သော မဲဆန္ဒနယ်များအား ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်မည့် ယေဘူယျ သတ်မှတ်ထားသည်ဟု ဆိုသည်။

    မွန်အမျိူးသားပါတီနှင် ့မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့သည့် မွန်ပြည်နယ် မဲဆန္ဒနယ်များနှင့် အခြားဒေသများမှ မွန်လူမျိူးအများအပြား နေထိုင်သည့် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယဉ်ပြိုင်ကြမည်ဖြစ်သည်ဟု သိရသည်။

    အဆိုပါ ပါတီနှစ်ရပ်ပေါင်းစည်းရေးအတွက် ၃၃ လကြာ ကြိုးပမ်းလှုပ်ရှားခဲ့သော မွန်သံဃာတော်များသည်လည်း နောက်ဆုံးလက်လျှော့ကာ ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့တွင် မွန်နှစ်ပါတီပေါင်းစည်းရေးအဖွဲ့ကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks