spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းပျံလွန်တော်မူသော ဝင်းစိန်ဆရာတော်အား ထိုင်းနိုင်ငံက ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ဆက်ကပ်မည်

    ပျံလွန်တော်မူသော ဝင်းစိန်ဆရာတော်အား ထိုင်းနိုင်ငံက ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ဆက်ကပ်မည်

    -

    ထိုင်းနိုင်ငံ သာသနာ့တက္ကသိုလ်မှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ချီးမြှင့်ထားခဲ့သော ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ပျံလွန်တော်မူသော ဝင်းစိန်တောရ ကျောက်တစ်လုံးဆရာတော် ဘဒ္ဒန္တကေသရအား လာမည့်မေလ ဒုတိယပတ်တွင် ဆပ်ကပ်ပူဇော်ပွဲ ပြုလုပ်သွားမည်ဟုဝင်းစိန်တောရကျောင်း၏ ဂေါပကအဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာမြင့်ဦးက ပြောသည်။

    ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ သာသနာ့တက္ကသိုလ်မှ ဆရာတော်အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ Honors of PhD ကို ချီးမြင့်ခဲ့ပြီး လာမည့် မေလ ၁၀ ရက်နေ့တွင် ဆက်ကပ်ပေးအပ်မည်ဟု ဆိုသည်။

    “ခုလို့ ခန္ဓာဝန် ချသွားတဲ့အတွက် မူလသွားဖို့စီစဉ်ထားပေမယ့်လည်း ပျံလွန်တော်မူသွားတဲ့အတွက် သွားရောက်မယူနိုင်တော့ဘူး” ဟု ဥက္ကဋ္ဌ ဒေါက်တာမြင့်ဦးက ပြောသည်။

    ဆရာတော်၏ကြွင်းကျန်ရုပ်ကလာပ်တော်ကို ရွှေချထားသည့်မှန်တလားခေါင်းတွင် ထည့်သွင်းပူဇော်သွားမည်ဟု ၄င်းက ပြောသည်။

    လာမည့် မေလ ၃၁ ရက်နေ့တွင် ယာယီစံကျောင်းသို့ ပင့်ဆောင်သည့်အခမ်းအနားပြုလုပ်မည်ဖြစ်ပြီး ဇန်နဝါရီလတွင်ကျရောက်မည့် ဆရာတော်၏မွေးနေ့တွင် ယာယီစံကျောင်းမှ အမြဲတမ်းသီတင်းသုံးရာ ထာဝရနိဗ္ဗာန်စံကျောင်းသို့ ပင့်ဆောင်သည့်အခမ်းအနားကိုလည်း ပြုလုပ်မည်ဟု သိရသည်။

    ထိုနောက် ဆရာတော် မပျံလွန်မီက မိန့်တော်မှုထားသကဲ့သို့ အမြဲအပူဇော်ခံနိုင်ရန် စံကျောင်းဖြင့် အပူဇော်ခံ ထားရှိမည်ဖြစ်သည်။

    ဆရာတော်သည် သာသနာပြုလုပ်ငန်းအပြင် ရေတွင်ရေကန်များ တူးဖော်ပေးခြင်း၊ စာသင်ကျောင်းဆောက်လုပ်ပေးခြင်း၊ လမ်းတံတားများကိုလည်း ဖောက်လုပ်ပေးခဲ့သည်။

    ၄င်းအပြင် ဆရာတော်ထက် ၇၅ နှစ်နှင့်အထက် အသက်အရွယ်ကြီးသူများကိုလည်း (၁) မိဘကျေးဇူးနှင့် အဘိုးအဘွားများကို ကျေးဇူးဆပ်ခြင်း၊ (၂) တိုင်းပြည်တွင် ငွေကြေးကျောက်သံပတ္တမြားပေါများစေခြင်း စသည့်ရည်ရွယ်ချက် နှစ်ချက်ဖြင့် လွန်ခဲ့သည့် ၂ နှစ်မှ စတင်၍ ငွေကြေးလှူဒါန်းခဲ့သည်ဟု ဒေါက်တာမြင့်ဦးက ပြောသည်။

    ပျံလွန်တော်မူသွားသော ဝင်းစိန်တောရမွန်ဆရာတော် ဘဒ္ဒန္တကေသရအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် မွန်ပြည်သစ်ပါတီတို့မှ လာရောက်ဖူးမျှော် ကန့်တောကြကြောင်း သိရသည်။

    မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ဆရာတော်အား ယမန်နေ့ နံနက် ၈ နာရီခွဲခန့်တွင် လာရောက်ဖူးမျှော်ကြကြောင်း ဆရာတော်၏ ဒါယကာက ပြောသည်။

    အလားတူ ယမန်နေ့ မွန်းလွဲပိုင်းတွင်လည်း မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်နှင့် ပါတီခေါင်းဆောင်များ ဆရာတော်၏ ရုပ်ကလာပ်တော်အား လာရောက်ဖူးမျှော်ကြကြောင်း သိရသည်။

    “မနေ့က (ဆရာတော်) သတင်းကြားတာ ငိုလည်း ငိုချင်တယ်။ စကားတောင် ပြန်ပြောလို့မနိုင်အောင်ပါပဲ” ဟု မော်လမြိုင်မြို့မှ ရေအလှူရှင် ဦးငွေထွန်းအောင်က ပြောသည်။

    ဆရာတော်၏ဈာပနအခမ်းအနားသို့ လာရောက်ဖူးမျှော်သူများကို ရေအလှူဒါနပေးသွားဟု ဦးငွေထွန်းအောင်က ပြောသည်။

    ဝင်းစိန်တောရမွန်ဆရာတော်ဘဒ္ဒန္တကေသရသည် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်လည်းကောင်း၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ၂၀ဝ၁ ခုနှစ်တွင်လည်ကောင်း နိုင်ငံတော်က ဆပ်ကပ်ချီးမြင့်ခဲ့သည်။

    ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ သုံးကြိမ်သွားကာ ဆေးကုသခံယူခဲ့ပြီးနောက် ရန်ကုန်မြို့ အာရှတော်ဝင်အထူးကုဆေးခန်း၌ ၂၀၁၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်တွင် နှလုံးရောဂါဖြင့် ပျံလွန်တော်မူသွားခဲ့သည်။

    ဆရာတော်၏ သာသနာပြုမြေဧက ၅၀ဝ နီးပါးခန့်တွင် ရဟန္တာရုပ်ပွားတော် ၅၀ဝ၊ ရှင်ဥပဂုတ်ဘရားတစ်ဆူ၊ စေတီပုထိုးပေါင်း ၆၀ဝ ကျော်၊ အတောင် ၆၀ဝ နှင့် အတောင် ၄၀ဝ ပြည့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီးတို့ကို တည်ဆောက်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks