Friday, March 13, 2026
More
    spot_img
    Homeသတင်း၀င်းစိန်တောရ ဆရာတော် ရုပ်ကလာပ်အား ဆရာတော်ဆန္ဒအတိုင်းထားရှိမည်

    ၀င်းစိန်တောရ ဆရာတော် ရုပ်ကလာပ်အား ဆရာတော်ဆန္ဒအတိုင်းထားရှိမည်

    -

    ဝင်းစိန်တောရ ဆရာတော်(Facebook)
    ဝင်းစိန်တောရ ဆရာတော်(Facebook)
    ဝင်းစိန်တောရ ဆရာတော် အဘိဓဇအဂ္ဂမပာသဒ္ဓမ္မ ဇောတိက ဘွဲတံဆိပ်တော်ရ သဒ္ဒန္တကေသရ ၏ ရုပ်ကလပ်အား ဆရာတော် မပျံလွန်မီက မိန့်တော်မှုထားသကဲ့သို့ အမြဲအပူဇော်ခံနိုင်ရန် စံကျောင်းဖြင့် အပူဇော်ခံ ထားရှိမည်ဖြစ်ကြောင်း ဆရာတော်ကြီးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

    ထိုသို့ အပူဇော်ခံရာတွင် ယနေ့ ဧပြီ ၂၇ ရက်နေ့တွင် မုဒုံမြို့ရှိ ဝင်းစိန်တောရကျောင်းဝန်းရှိ ဓမ္မာရုံတွင် မှန်ခေါင်းဖြင့် ထည့်သွင်း အပူဇော်ခံမည် ဖြစ်ပြီး မေလ ၃၁ ရက်နေ့ တွင် ယာယီစံကျောင်း ထားရှိကာ အပူဇော်ခံမည်ဖြစ်ကြောင်း ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ကျရောက်မည့် ဆရာတော် မွေးနေ့ ပွဲတွင် အမြဲတန်း ထားရှိမည့် စံကျောင်းဆောင်၌ ထားရှိအပူဇော်ခံသွားမည်ဖြစ်ကြောင်း ဓမ္မာရုံ ဂေါပက ဒေါက်တာ မြင့်ဦး ထံက သိရသည်။

    “ဘာကြောင့် ဒီလိုလုပ်လဲဆိုတော့ ဆရာတော်က အမိန့်ရှိသွားတယ်၊သူရဲ့ ရုပ်ကလာပ်ကို မီးလည်းမရှိုနဲ့ရေလည်း မမျှောနဲ့ အမြဲတမ်း အမြင့်မှာ တိုင်လေးတိုင်နဲ့ပူဇော်ထားပါ လို့ မိန့်သွားတယ်”ဟု ဂေါပက ဒေါက်တာ ဦးမြင့်ဦးက ပြောသည်။

    သို့သော် အဆိုပါ အမြဲတန်း စံကျောင်းဆောင်အား မည်သည့်နေရာတွင် ထားရှိမည်ကို မဆုံးဖြတ်ရသေးပေ။

    ဝင်းစိန်တောရ ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲတံဆိပ်တော်ရ သဒ္ဒန္တကေသရ သည် ဧပြီလ ၂၆ ရက်နေ့ တွင် ရန်ကုန်မြို့ အာရှတော်ဝင် ဆေးရုံ၌ နှလုံးရောဂါဖြင့် သက်တော်(၉၅)နှစ် ဝါတော်(၄၅)ဝါတွင် ပျံလွန်တော်မှုခဲ့ကာ ညနေ ၄ နာရီတွင် ရုပ်ကလပ်အား မုဒုံမြို့ ဝင်းစိန်တောရကျောင်းသို့ ပြန်လည် သယ်ဆောင်ကာ အပူဇော်ခံလျှက်ရှိသည်။

    “ဒါယကာ ပရိတ်သတ်တွေက တောတဖွဲဖွဲနဲ့ ရောက်ဘဲရောက်လာကြတယ်။ မနေ့က မော်လမြိုင်မှာဆို လူပေါင်း သောင်းဂဏန်းလောက်လာကြိုကြတယ်”ဟု ဆရာတော်အား လာရောက်ဖူးမျှော်သူ ဒါယကာ တစ်ဦးက ပြောသည်။

    ဝင်းစိန်တောရ ဆရာတော် အဘိဓဇအဂ္ဂမပာသဒ္ဓမ္မ ဇောတိက ဘွဲတံဆိပ်တော်ရ သဒ္ဒန္တကေသရ သည် ကမ္ဘာအကြီးဆုံး အတောင် ၆၀ဝ ပြည့်နှင့် အတောင် ၄၀ဝ ပြည့် ကမ္ဘာ့အကြီးဆုံး လျောင်း တော်မူဘုရားကြီးနှစ်ဆူအားတည် ဆောက်လျက်ရှိပြီး အတောင် ၄၀ဝ ပြည့်ဘုရားကြီးမှာ ပြီးစီးခဲ့ပြီ ဖြစ်သော်လည်း အတောင် ၆၀ဝ ပြည့် လျောင်းတော်မူဘုရားမှာ လွန်ခဲ့သည့် ၅ နှစ်ခန့် ၁၃၇၂ ကဆုန်လပြည့်နေ့တွင် ဌာပနာသွင်း အုတ်မြစ်ချကာ ဆောက်လုပ်နေဆဲ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks