Homeသတင်းမွန်ပြည်နယ်သင်္ကြန် ယာဉ် ၅၀ဝ နီးပါး ဖမ်းဆီး

မွန်ပြည်နယ်သင်္ကြန် ယာဉ် ၅၀ဝ နီးပါး ဖမ်းဆီး

-

ယခုနှစ်မွန်ပြည်နယ် မဟာသင်္ကြန်ပွဲတော် ကျင်းပစဉ်နှင့် သင်္ကြန်တွင်းကာလတွင် ယာဉ်စုစုပေါင်း ၅၀ဝ နီးပါးဖမ်းဆီးရမိပြီး အဆိုပါယာဉ်များအား မော်တော်ယာဉ်ဥပဒေဖြင့် တရားစွဲဆိုသွားမည်ဟု သိရသည်။

စည်းကမ်းမဲ့ဆိုင်ကယ် ၃၉၈ စီး၊ လိုင်စင်မဲ့ကား ၂ စီး၊ စည်းကမ်းမဲ့ ထော်လာဂျီ ၁၇ စီးနှင့် အိတ်ဇောဖြုတ်၊ ကျယ်လောင်၊ အသံစုံပြုလုပ်သည့်ဆိုင်ကယ် ၅၅ စီးတို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေနှင့် ၁၉၆၂ ခုနှစ်မော်တော်ယာဉ်ဥပဒေတို့တွင် ပြဌာန်းထားသော ကျူးလွန်သည့်ပြစ်မှုပေါ်မူတည်ပြီး သက်ဆိုင်ရာ ပုဒ်မနှင့် တရားရုံးတွင် တရားစွဲဆိုသွားမည်ဟု မွန်ပြည်နယ် အမှတ် (၉) ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး ညွန့်ဝေက ပြောသည်။

“အိတ်ဇောပိုက်ဖြုတ်မောင်းနေတာတွေသိတော့ ကျေးရွာတွေအထိကို ဆင်းပြီးတော့ ပညာပေးဟောပြောမှုတွေ စလုပ်တယ်” မွန်ပြည်နယ် ပြည်နယ်ရဲမှူးကြီး မျိုးဆွေဝင်းက ပြောသည်။

ယခင်နှစ်တွင် စည်းကမ်းမဲ့မော်တော်ဆိုင်ကယ် ၂၀ဝ စီးဖမ်းဆီးခဲ့ကြောင်း ရဲမှူးက ဆက်ပြောသည်။

၂၀၁၄ ခုနှစ် မွန်ပြည်နယ် မဟာသင်္ကြန်ပွဲတော် ကျင်းပစဉ်ကာလအတွင် သင်္ကြန်နှင့် ပတ်သက်ပြီး နာကျင်စေမှု (၁) ခု၊ ယာဉ်နာကျင် (၁) မှုခြင်းသာဖြစ်ပွားခဲ့သည်။

မွန်ပြည်နယ်တွင် ယခင်နှစ်သင်္ကြန်ကာလအတွင်း ရေကစားသူများထံမှ အသက်အန္တရာယ်ဖြစ်စေနိုင်သော ပုလင်းမျိုးစုံ (၂၀) လုံး၊ ဝါးတုတ် (၂၅) ချောင်း၊ သစ်သားတုတ် (၇) ချောင်း၊ သံတုတ် (၁၀) ချောင်း၊ သံပိုက်ချောင်း (၇) ချောင်း သိမ်းဆည်းရမိခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts