spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့ကမ်းနားလမ်း ပေအရှည်ငါးထောင်ခန့်ထပ်မံတိုးချဲ့မည်

    မော်လမြိုင်မြို့ကမ်းနားလမ်း ပေအရှည်ငါးထောင်ခန့်ထပ်မံတိုးချဲ့မည်

    -

    မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ကမ်းနားလမ်းပေအရှည် ၅၀ဝ၀ နီးပါးကို
    ပြည်တွင်းပြည်ပခရီးသွားများ အပန်းဖြေနိုင်ရေးရည်ရွယ်၍ထပ်မံတိုးချဲ့သွားမည်ဟု ဒေါက်တာတိုးတိုးအောင်က ပြောသည်။

    ညောင်လေးပင်ချောင်းမှ ကျောက်မီးသွေးရုံအထိ အရှည်ပေ ၄၆၅၀ ပေကို ကမ်းနားလမ်းအဖြစ် ဆက်လက်ဆောင်ရွက်နိုင်ပါက မွန်ပြည်နယ် မြို့တော် မော်လမြိုင်မြို့၏ ထင်ရှားကျော်စောမှုကို အထောက်အကူပြုမည်ဖြစ်ပါသည်ဟု ဒေါက်တာတိုးတိုးအောင်က ဧပြီလ ၉ ရက်နေ့၌ကျင်းပသော ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    “မော်လမြိုင်၏ကမ်းနားလမ်း သာယာလှပပြီး ပြည်သူများ စိတ်လက်ကြည်သာစွာ အပန်းဖြေသွားလာနိုင်ပြီး မြို့၏ ဂုဏ်ကျက်သရေ တက်စေသည့်အတွက် ဤကဲ့သို့သောအဆင့်မြင့်သာယာလှပမှုကို ပြည်သူများ တိုးတက်ခံစားစေနိုင်ရေးရည်ရွယ်၍ ဤစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာတိုးတိုးအောင်က ပြောသည်။

    တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့မှ တင်ဒါစည်းမျဉ်းစည်းကမ်းအရ အမှတ်ပေးစည်းမျဉ်းသတ်မှတ်ပြီး အမှတ်အနည်းအများလိုက်ရွေးချယ်ရာ
    မြို့ခံကုမ္ပဏီဖြစ်သည့် စုန်ရေကုမ္ပဏီကို ရွေးချယ်ကြောင်း မွန်ပြည်နယ်အစိုးရထံတင်ပြရာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ
    အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

    ရေအကျဆုံးအချိန်တွင် မြေလွတ်စုစုပေါင်း ၂၁ ဧကခန့်ရှိပြီး ၄င်းမြေများအနက် စည်ပင်သာယာရေးကော်မတီမှ ၁.၅ ဧက အသုံးချမည်ဖြစ်ပြီး ကျန်မြေများအားကုမ္ပဏီသို့ စီမံခန့်ပေးရန် ညှိနှိုင်းထားရှိကြောင်း ဒေါက်တာတိုးတိုးအောင်က ပြောသည်။

    လက်ရှိကမ်းနားလမ်းသည် အတ္ထရံဟိုတယ်ကွေ့မှ ညောင်လေးပင်ချောင်းအထိ အရှည်ပေ ၁၃၅၇၀ ပေရှိပြီး ကမ်းနားလမ်းတလျှောက် အများပြည်သူများ စိတ်လက်အပန်းဖြေနိုင်စေရန် စီစဉ်ထားရှိသဖြင့် ပြည်သူများ၊ ခရီးသွားဧည့်သည်များ အမြဲမပြတ်တွေ့ရှိနေရသည်။

    “ဒီစီမံကိန်းလုပ်တဲ့အခါမှာ ရေရည်တည်တံ့ခိုင်မြဲဖို့ အရင်လို မြေကျွံမှုတွေ တစ်ပိုင်းတစ်စ ပျက်စီးမှုတွေ မဖြစ်ရအောင် စံချိန်စံညွန်းကို
    သက်ဆိုင်ရာအဖွဲ့ကနေပြီးတော့ အမြဲမပြတ် စောင့်ကြည့်ကွပ်ကဲပြီးတော့ညွန်ကြားစေလို” ဟု ကျိုက်ထိုမြို့နယ်မှ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်က အကြံပြုခဲ့သည်။

    အတ္ထရံဟိုတယ်ကွေ့မှ ညောင်လေပင်ချောင်းအထိကမ်းနားလမ်းကို စုန်ရေကုမ္ပဏီမှ တည်ဆောက်ခဲ့ပြီး သိပ္ပံလမ်းထောင့်မှ သံလွင်ဈေးအထိ မြေကျွံမှုများ ရှိပြီး သွားလာရေးခက်ခဲကြောင်း ဦးစိန်မြင့်က ပြောသည်။

    ယခုတည်ဆောက်မည့် ကမ်းနားလမ်းအဆင့် (၆) တည်ဆောက်ရေးသည် မော်လမြိုင်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိတ်အပိုင်းတစ်ခုဖြစ်သည့်အပြင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု အကျိုးပြု လုပ်ငန်းတစ်ခုလည်းဖြစ်ကြောင်း ဒေါက်တာ တိုးတိုးအောင်က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks