Saturday, March 14, 2026
More
    spot_img
    Homeသတင်းဆိုင်ကယ်အိတ်ဇောပိုက်မဖြုတ်ပေးရန် ဆိုင်ရှင်များလက်မှတ်ထိုးရ

    ဆိုင်ကယ်အိတ်ဇောပိုက်မဖြုတ်ပေးရန် ဆိုင်ရှင်များလက်မှတ်ထိုးရ

    -

    သင်္ကြန်ကာလအတွင်း မော်တော်ဆိုင်ကယ်အိတ်ဇောပိုက် လာရောက်ဖြုတ်သူများကို မပြုလုပ်ပေးရန် မော်တော်ဆိုင်ကယ်ပြုပြင်ဆိုင်ပိုင်ရှင်အား လက်မှတ်ရေးထိုးရကြောင်း သတင်းရရှိသည်။

    မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရိုးဂိုးရဲစခန်းမှ ဆိုင်အမည်နှင့် ပိုင်ရှင်အမည်ကို မှတ်တမ်းတင်ကာ မော်တော်ဆိုင်ကယ် အိတ်ဇော်ပိုက် လာရောက်ဖြုတ်မည့် လူငယ်များအား မဖြုတ်ပေးရန် ဧပြီလ ၆ ရက်နေ့၌ လက်မှတ်ရေးထိုးစေကြောင်း လက်မှတ်ထိုးခဲ့သူတစ်ဦးက ပြောသည်။

    “ကျနော်တို့ဆိုင်မှာ အခုထိတော့ မော်တော်ဆိုင်ကယ်အိတ်ဇောပိုက် လာဖြုတ်တာတော့ မရှိသေးဘူး။ (သင်္ကြန်) နီးရင်တော့ မပြောတတ်ဘူး” ဟု ၄င်းလက်မှတ်ရေးထိုးသူက ပြောသည်။

    မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးမှဦးစီးကာ မော်လမြိုင်မြို့နယ်မှလူငယ်များကို ခရိုင်၊ မြို့နယ်ရဲနှင့် သက်ဆိုင်ရာမြို့နယ်အသီးသီးမှ မြို့မိမြို့ဖများနှင့် ကလေးသူငယ်များကို ခေါ်ယူကာ မတ်လ ၁၈ ရက်မှ ပညာပေးဆွေးနွေးမှုများ စတင်နေပြီဟု မွန်ပြည်နယ် ဒုတိယရဲမှူးကြီး မျိုးကြည်က ပြောသည်။

    “အခုတော့ ဆိုင်ကယ်ပြင်ဆိုင်တွေကို ပညာပေးဆွေးနွေးမှုတွေ ပြုလုပ်နေပါပြီး” ဟု ဒုရဲမှူးကြီး မျိုးကြည်က ပြောသည်။

    သို့သော် မော်တော်ဆိုင်ကယ်အိတ်ဇော နှင့်ပတ်သက်ပြီး လာရောက်ပြုလုပ်သူများကို မပြုလုပ်ပေးရန် သက်ဆိုင်ရာမှ လာရောက်ပြောကြားမှု မရှိသေးကြောင်း မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာမှ ဆိုင်ကယ်ပစ္စည်းရောင်းသူတစ်ဦးက ပြောသည်။

    “အရင်တုန်းက ရိုးရိုးဆိုင်ကယ်ပစ္စည်းရောင်းတဲ့ဆိုင်တွေတောင် သင်္ကြန်ကာလအတွင်းမှာ အိတ်ဇောပိုက်တွေ တင်ရောင်းလာကြတယ်” ဟု ဆိုင်ကယ်ပစ္စည်းရောင်းသူက ပြောသည်။

    အိတ်ဇောပိုက်ပြုတ်ခြင်းကို လူငယ်များအနေဖြင့် ဆိုင်ကယ်ပြင်ဆိုင်များတွင် ကိုယ်တိုင်လာရောက်မပြုလုပ်သော်လည်း မူလီ ၃ လုံးဖြုတ်ရုံဖြင့် ကိုယ်တိုင်ပြုလုပ်နိုင်ကြောင်း အဆိုပါ ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်က ပြောသည်။

    ဆိုင်ကယ်အိတ်ဇောပိုက်ဖြုတ်ခြင်းအပြင် သင်္ကြန်ကာလအတွင်း ယာဉ်များကို စည်းမဲ့ကမ်းမဲ့မမောင်းနှင်ရန်၊ မူးယစ်ဆေးဝါးမသုံးစွဲရန်နှင့် ကာမနိုးကြွဆေးများ မသုံးစွဲကြရန် မတ်လ နောက်ဆုံးပတ်မှ ဧပြီလ ဒုတိယအပတ်ထိ ပညာပေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ပညာပေးကာလ ပြီးဆုံးပါက အဆိုပါကိစ္စများကို မလိုက်သည်များကို လိုက်လံရှာဖွေအရေးယူသွားမည်ဟု ဒုတိယရဲမှူးကြီးက ပြောသည်။

    ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မွန်ပြည်နယ်သင်္ကြန်ကာလများတွင် ယာဉ်စည်းကမ်းမလိုက်နာသည့်မော်တော်ဆိုင်ကယ်မောင်းလူငယ် ၂၀ဝ ကျော် အရေးယူခံခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks