Thursday, March 12, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းဒေသကြီး မွန်တိုင်းရင်းသားရေးရာဝန်ကြီးအတွက် AMDP ကြိုးပမ်းမည်

    တနင်္သာရီတိုင်းဒေသကြီး မွန်တိုင်းရင်းသားရေးရာဝန်ကြီးအတွက် AMDP ကြိုးပမ်းမည်

    -

    ယမန်နေ့ ဧပြီလ ၅ ရက်နေ့တွင် ကျင်းပသည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) ၏ ဗဟိုကော်မတီအစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးအတွက် မွန်တိုင်းရင်းသား ရေးရာဝန်ကြီး တစ်နေရာ ရရှိရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ယင်းပါတီ၏ ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

    လာမည့် ဧပြီလတတိယပတ်တွင် AMDP ပါတီ၏ တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံတင်နှင့် ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေတို့ တနင်္သာရီတိုင်းဒေသကြီးသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

    AMDP ဗဟိုကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာအောင်နိုင်ဦးက “တနင်္သာရီဒေသမှာ မွန်လူမျိုးအရေအတွက် ထိုက်သင့် သလောက်ရှိနေတော့ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားရေးရာတစ်နေရရှိဖို့အတွက် ဝင်ပြိုင်မယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ အဖွဲ့ဝင်တွေ ဝိုင်းဝန်းညီပေးဖို့အတွက် အခုလို ပါတီအဖွဲ့ဝင် စည်းရုံးရေးဆင်းတဲ့သဘောပါ” ဟု ဆိုသည်။

    ဆက်လက်၍ တိုင်းရင်းသားရေးရာ အရွေးချယ်ခံမည့်သူကို တနင်္သာရီတိုင်းဒေသကြီးရှိ AMDP အဖွဲ့ဝင်များ ရွေးချယ်၍ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

    တနင်္သာရီတိုင်းဒေသကြီးတွင် မွန်တိုင်းရင်းသား ၆ သောင်းကျော်ရှိသည့် အနက် ၃ သောင်းကျော်မှာ နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသူများဖြစ်ကြောင်း မွန်လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းမှ မော်လမြိုင်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

    တနင်္သာရီတိုင်းဒေသကြီး (၁၀) မြို့နယ်တွင် မွန်လူမျိုးအများဆုံးနေရထိုင်သည်မှာ ရေဖြူမြို့နယ်တွင် အများစု နေထိုင်ကြပြီး ပုလော၊ ပုလောက်၊ ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်း၊ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်းတို့တွင်လည်း နေထိုင်ကြကြောင်း သိရသည်။

    မွန်လူဦးရေစရင်း ကောက်ယူရခြင်းမှာလည်း လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားဝန်ကြီး တစ်နေရာ ရွေးကောက်တင်မြှောက်နိုင်ရန် မွန်လူဦးရေစရင်း အမှန်ရရှိဖို့အတွက် ကောက်ယူရခြင်း ဖြစ်ကြောင်း နိုင်စံတင်က လွှတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။

    ယင်းအစည်းအဝေးတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်အသီးသီးမှ AMDP ကိုယ်စားလှယ်လောင်းများ စာရင်းကို ပါတီဗဟိုဌာနချုပ်တို့ လမည့် မေလ ၁ ရက်နေ့မှ စတင် ပေးသွင်းရမည်ဟု ဆုံးဖြတ်ခဲ့သည်။မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) ၏ ဗဟိုကော်မတီပုံမှန်အစည်းအဝေးကို စပ္ပါယ်ရုံလမ်း၊ ဖက်ခင်းရပ်၊ မော်လမြိုင်မြို့ရှိ ဗဟိုဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks