spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်နေ့အခမ်းအနား မြို့နယ် ၃ မြို့နယ်တွင်ကျင်းပ

    မွန်ပြည်နယ်နေ့အခမ်းအနား မြို့နယ် ၃ မြို့နယ်တွင်ကျင်းပ

    -

    မတ်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၄၁ နှစ်ပြည့် မွန်ပြည်နယ်နေ့အခမ်းအနားကို မော်လမြိုင်၊ မုဒုံနှင့် သံဖြူဇရပ်မြို့နယ် တို့တွင် ကျင်းပခဲ့သည်။

    မုဒုံမြို့ မွန်ပြည်နယ်နေ့အခမ်းအနား(IMNA)
    မုဒုံမြို့ မွန်ပြည်နယ်နေ့အခမ်းအနား(IMNA)

    အခမ်းအနားကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ စီးပွား / စီမံရေးရာ ဝန်းကြီး ဒေါက်တာမင်းနွယ်စိုး မွန်ပြည်နယ်အစိုးရ အဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်၊ ဌာနဆိုင်ရာအရာရှိများနှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

    မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က “မွန်ပြည်နယ်နေ့ကို အသိမှတ်ပြုသလို မွန်အမျိူးသားနေ့ကိုလည်း တရားဝင် အသိမှတ်ပြုပေးဖို့ တင်ပြတောင်းဆိုချင်ပါတယ်၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တစ်ပြည်လုံးအပစ်ခတ်ရပ်စဲဖို့ အဲဒီကတစ်ဆင့် နိုင်ငံရေးအရ ဆွေးနွေးပြီးတော့ တကယ့် စစ်မှန်တဲ့ငြိမ်းချမ်းရေး ရေရှည်တည်တံ့မယ့်ငြိ်မ်းချမ်းရေး၊ အဲဒီပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းအဖြေရှာပြီးမှ ကျနော်တို့ တကယ့်ငြိမ်းချမ်းရေးရမယ်၊ တိုးတက်မယ်၊ ဖွံ့ဖြိုးမယ်၊ ကျနော်တို့ အဲဒီလိုမြင်တယ်” ဟု အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    အလားတူ ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန် မှလည်း ၄၁ နှစ်ပြည့် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့သော သဝဏ်လွှာတွင် “မွန်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးနောက် တည်ငြိမ်အေးချမ်းရေးအတွက် ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်မှု များကြောင့် ပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ကာ တည်ငြိမ် အေးချမ်းမှု ရရှိနေသည့်အတွက် ဝမ်းမြောက်မိပါသည်။ ရရှိထားသည့် တည်ငြိမ်အေးချမ်းမှုကို သားစဉ်မြေးဆက် ခံစားနိုင်အောင် တည်ဆောက်သွားကြရန်ကိုလည်း တိုက်တွန်းအပ်ပါသည်” ဖေါ်ပြပါရှိသည်။

    မွန်ပြည်နယ်နေ့ အခမ်းအနားကျင်းပရေး ကော်မတီဥက္ကဌ ဒေါက်တာမင်းနွယ်စိုးက “အစိုးရသစ်လက်ထက်မှာ ကျင်းပလာတာ လေးနှစ်ရှိပြီး ပထမနှစ်နှစ်ကိုတော့ မော်လမြိုင်မှာလုပ်တယ် ၊မနှစ်ကတော့ သံဖြူဇရပ်-စက်စဲမှာ လုပ်တယ် ၊ဒီနှစ်တော့ မော်လမြိုင်၊ မုဒုံနဲ့ သံဖြူဇရပ် စက်စဲမှာ လုပ်တယ်၊ မော်လမြိုင်မှာ ဆွမ်းကျွှေးတယ်၊ မုဒုံမှာကတော့ အခမ်းအနားလုပ်တယ် ၊စက်စဲမှာ ပျော်ပွဲရွှင်ပွဲတွေ ပြခန်းတွေရှိတယ်” ဟုပြောသည်။

    မုဒုံမြို့တွင် ကျင်းပသည့် မွန်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်လာသူ ၁ သောင်းဝန်းကျင်ခန့်ရှိပြီး စက်စဲကမ်းခြေတွင် ပြုလုပ်သည့် ပျော်ပွဲရွှင်ပွဲများတွင် တိုင်းရင်းသား အကများဖြင့် ဖျော်ဖြေပေးခြင်း၊ ဌာနဆိုင်ရာ ပြခန်းများ ဖွင့်လှစ်ပြသခြင်းဖြစ် စည်ကားစွာ ကျင်းပခဲ့သည်။

    အခမ်းအနားတက်ရောက်လာသူ နိုင်အောင်လင်းက “မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အနေနဲ့ အခုလိုတရားဝင် လုပ်ပေးတာတော့ ဝမ်းသာပါတယ်၊ အခုလိုပြခန်းတွေလည်းရှိတော့ ကျနော်တို့ ပြည်သူတွေလည်း ဗဟုသုတရတာပေါ့၊ ပြခန်းတွေမှာ ပြထားတာတွေက မတွေ့ဖူးမမြင်ဖူးတာတွေပါ တွေ့ရတယ် ” ဟု ပြောသည်။

    အခမ်းအနားကို မတ်လ ၁၉ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး မတ်လ ၂၂ ရက်နေ့အထိ လေးရက်တိုင်တိုင် စက်စဲကမ်းခြေ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ နိုင်ငံကျော်အဆိုတော်များ ဖြေဖျော်ခဲ့သည်ကိုတွေ့ရှိရသည်။

    ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန် ပြည်ထောင်စုဖွဲ့စည်းပုံတွင် တနင်္သာရီတိုင်းဒေသကြီး၌ လက်ရှိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ ပါဝင်လျက်ရှိပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၌ မွန်တိုင်းရင်းသားများနှင့် ကရင်တိုင်းရင်းသားများ၏ တောင်းဆိုမှုကြောင့် ၁၉၇၃ ခုနှစ်တွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဟူ၍ သီးခြား ဖွဲ့စည်းနိုင်ရန် စီမံခဲ့သည်။

    မုဒုံမြို့ မွန်ပြည်နယ်နေ့အခမ်းအနား(IMNA)
    မုဒုံမြို့ မွန်ပြည်နယ်နေ့အခမ်းအနား(IMNA)
    ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) တွင် “မွန်ပြည်နယ်” ဟု စတင်အသိအမှတ်ပြု ရေးဆွဲခဲ့သည့် ၁၉၇၃ ခုနှစ် မတ်လ ၁၉ ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks