spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းသပိတ်မှောက်ထားဝယ်ကျောင်းသား ၃ ဦးအား ရေးရဲစခန်းအမှုဖွင့်ထား

    သပိတ်မှောက်ထားဝယ်ကျောင်းသား ၃ ဦးအား ရေးရဲစခန်းအမှုဖွင့်ထား

    -

    အမျိုးသား ပညာရေး ဥပဒေအား ကန့်ကွက်သပိတ်မှောက်သည့် ထားဝယ်သပိတ်စစ်ကြောင်းမှ ကျောင်းသား ၃ ဦးကို ငြိမ်းချမ်းစွာ စုဝေး၊ စီတန်းလှည့်လည်ခွင့် ဥပဒေ (ပုဒ်မ ၁၈) ဖြင့် ရေးမြို့နယ် ရဲစခန်းက မတ်လ ၁၆ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

    ထားဝယ်ကျောင်းသားများ ရေးမြို့ရွှေဆံတော်ဘုရားရောက်ရှိစဉ်(AKKA)
    ထားဝယ်ကျောင်းသားများ ရေးမြို့ရွှေဆံတော်ဘုရားရောက်ရှိစဉ်(AKKA)
    အမှုဖွင့် ခံထားရသည့် ကျောင်းသား ၃ ဦးမှာ ထားဝယ် နည်းပညာ တက္ကသိုလ်မှ ကျောင်းသားခေါင်းဆောင် ကိုမင်းလွင်ဦး၊ ကိုဇင်မောင်ဖြိုးနှင့် ကိုသူရနိုင် တို့ ဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထားဝယ်မှ ရန်ကုန်သို့ ချီတက်စဉ် ရေးမြို့အရောက် ရန်ကြီးအောင်ရပ်ကွက်ရှိ စိုပြေလက်ဖက်ရည်ဆိုင်ရှေ့တွင် ပြည်သူများအား အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သပိတ်မှောက်ကြောင်း ဟောပြောခဲ့သည့်အတွက် အမှုဖွင့်ခံရခြင်း ဖြစ်သည်။

    ဟောပြောစဉ်တွင် ထားဝယ် သပိတ်စစ်ကြောင်းနှင့်အတူ ရေးမြို့သို့ လိုက်ပါလာခဲ့သည့် ထားဝယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင့်လူ့အဖွဲ့အစည်းမှ လူထုဆက်ဆံရေး တာဝန်ခံ ဦးမိုးအောင်ကျော် က “ကလေးတွေ အနေနဲ့ မည်သူ့ကိုမှ မထိခိုက်စေဘူး။ အနှောင့်အယှက် မပြုခဲ့ဘူး။ ငြိမ်းချမ်းစွာ လုပ်ခဲ့တဲ့အတွက် တရားမစွဲသင့်ဘူး” ဟု မှတ်ချက်ပြုသည်။

    ရဲတပ်ဖွဲ့ရုံးကမူ ကျောင်းသားများ သပိတ်မှောက် ဆန္ဒပြစုဝေးဟောပြောရန် ဆောင်ရွက်နေစဉ် ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်နှင့် ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော် တို့မှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေနှင့်အညီ ခွင့်ပြုချက် တောင်းခံပြီး ခွင့်ပြုချက် ရရှိမှသာ စုဝေးဟောပြောရန် ရှင်းလင်းခဲ့သော်လည်း ထိုသို့ လက်ခံခြင်း မရှိဘဲ ဟောပြောခဲ့သည့်အတွက် အမှုဖွင့်ခြင်း ဖြစ်သည်ဟု ဆိုသည်။

    ထားဝယ် ကျောင်းသားများ ရေးမြို့တွင် ဟောပြောပြီးနောက် တစ်လကျော် ကြာမြင့်ပြီးနောက် နေရပ်သို့ ပြန်လည်ရောက်ရှိမှ ယခုကဲ့သို့ အမှုဖွင့်ခြင်းသည် ရည်ရွယ်ချက်ရှိရှိ အကွက်ချက်ကာ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ရေးမြို့ အရပ်ဖက် လူမှုအဖွဲ့အစည်းများက သုံးသပ်ကြသည်။

    ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထားဝယ် ၈၈ မျိုးဆက်ကျောင်းသားဟောင်းများ စသည်တို့ လိုက်ပါပြီး ထားဝယ်နည်းပညာ တက္ကသိုလ်မှ ကျောင်းသူ ကျောင်းသား ၁၅ ဦးတို့က ရေးမြို့သို့ ရောက်ရှိစဉ် အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်ကြောင်း လက်ဖက်ရည်ဆိုင်ရှေ့တွင် ၅ မိနစ်ခန့် ဟောပြောပြီးနောက် ၅ မိနစ်ခန့် ချီတက်ကာ ရွှေဆံတော် စေတီတော်တွင် အောင်မြေနင်း သစ္စာဆို တိုင်တည်ကြသည်။

    ထားဝယ်ကျောင်းသားများအား ရေးမြို့နယ်အတွင်းရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ၈၈ မျိုးဆက် ကျောင်းသားများ စသည်တို့က မြို့အဝင်တွင် ကြိုဆိုကြပြီး၊ ရန်ကုန်သို့ ဆက်လက်ချီတက်စဉ်တွင်လည်း မြို့အထွက်ထိ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

    အမှုဖွင့်ခံထားရသည့် ကျောင်းသား ၃ ဦး၏ အမှုကို ရေးမြို့မ ရဲစခန်းမှ ရဲအုပ် ဆန်းဝင်းက စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks