spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်း၇ ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြန်လည်စတင်

    ၇ ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြန်လည်စတင်

    -

    ၇ ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ (Facebook)
    ၇ ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ (Facebook)
    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီစာချုပ် ချုပ်ဆိုရေး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) အဖွဲ့တို့၏ ၇ ကြိမ်မြောက်ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ယနေ့တွင် ပြန်လည်စတင်လိုက်ကြောင်း သိရသည်။

    မြန်မာ့ငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက “ဒီတစ်ခေါက်ဆွေးနွေးပွဲမှာတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ဆွေးနွေးနေတဲ့ အဓိကျန်နေတဲ့ အချက် ၈ ချက်ကို အပြီးပြတ်ဆွေးနွေးနိုင်မယ်” ဟု ဆိုသည်။

    ဆွေးနွေးပွဲမတိုင်ခင်တွင်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်ခဲ့ကြောင်း သိရသည်။

    NCCT ခေါင်းဆောင် နိုင်ဟံသာက “တကယ်လို့ အစိုးရနဲ့ KIO ကြား ယုံကြည်မှုတည်ဆောက်နိုင်ရင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမှာ အများကြီး အထောက်ပံ့ဖြစ်စေပါတယ်၊ အပစ်ရပ်ရေး နီးစပ်သွားပါလိမ့်မယ်၊ တကယ်လို့ ဒီဆွေးနွေးပွဲမှာ အစိုးရနဲ့အပေးအယူတည့်မယ်ဆိုရင် ရည်ရှည်တည်တံ့တဲ့ ပြည်တွင်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်ပြီး လက်နက်ကိုင် တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်မှာပါ” ဟု မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    ထို့အပြင် ကချင်ပြည်နယ်၊ တအာင်းခေါ် ပလောင်ဒေသနှင့် ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်သွားရန် ထည့်သွင်းဆွေးနွေးသွားရန်နှင့် နိုင်ငံတည်ငြိမ်းအေးချမ်းရေးအတွက် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် ကျောင်းသားနှင့် အလုပ်သမား လယ်သမားဆန္ဒပြမှုများကိုလည်း အေးချမ်းသည့် နည်းလမ်းဖြင့် ဖြေရှင်းစေလိုကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။

    ယနေ့ပြုလုပ်သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို NCCT ခေါင်းဆောင် နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော်၊ ဗဒိုစောကွယ်ထူးဝင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် အဖွဲ့၊ UPWC ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်ပြီး ဦးသိန်းဇော်၊ ဦးအုန်မြင့်၊ ဦးခင်ရီ၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် အဖွဲ့၊ မြန်မာ့ငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks