spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်-ဘီလူးကျွန်း တံတားချဉ်းကပ်လမ်းဆောက်လုပ်မည့် လယ်မြေများ လျော်ကြေးမရရှိသေး

    မော်လမြိုင်-ဘီလူးကျွန်း တံတားချဉ်းကပ်လမ်းဆောက်လုပ်မည့် လယ်မြေများ လျော်ကြေးမရရှိသေး

    -

    ဖေဖော်ဝါရီလက စတင်ခဲ့သည့် မော်လမြိုင်-ချောင်းဆုံ (ဘီးလူးကျွန်း) တံတား စီမံကိန်းအတွက် တံတားချဉ်းကပ်လမ်း ဖောက်လုပ်ရာ လမ်းတလျှောက်ရှိ လယ်ယာမြေများ ယခုအချိန်ထိ လျှော်ကြေးငွေ တစ်စုံတရာ မရရှိသေးကြောင်း ဒေသခံများမှ သိရသည်။

    တံတားချဉ်းကပ်လမ်း ဖောက်လုပ်ရာတွင် ပြည်သူများ၏ လယ်များကိုဖြတ်သွားရသဖြင့် ပိုင်ရှင်များအတွက် မြေယာ၏ ကာလတန်ဖိုးအတိုင်း မတ်လအတွင်း လျော်ကြေးပေးသွားမည်ဟု ကတိပြုထားသော်လည်း ယခုချိန်အထိမရရှိသေးကြောင်း သိရသည်။

    လယ်ပိုင်ရှင် ဒေါ်မိုးမိုး က “ပြီးတဲ့လမကုန်ခင်တုန်က လယ်ထိတဲ့သူတွေကို ချောင်းဆုံမှာ အစည်းဝေးခေါ်တယ်၊ ကိုယ့်လယ်ထိသလောက် မြေတန်ဖိုးနဲ့ သီးနှံတန်ဖိုးဘယ်လောက်လဲဆိုပြီးတော့ ပေါင်းထည့်ပေးတာပေါ့၊ ဒီသုံးလပိုင်းမှာ ပိုက်ဆံတွေပေးမယ်လို့ပြောတယ် ဒါပေမယ့် ဘယ်ရက်လဲဆိုတာတော့ အတိကျမပြောဘူး” ဟု ပြောသည်။

    လယ်ယာမြေအတွက် လျော်ကြေးငွေမရရှိသေးသည့်အတွက် လယ်ယာအစားထိုး ဝယ်ယူရန် အခက်ခဲများ ရှိနေပြီး ဒေသခံများမှ စိုးရိမ်ပူပန်လျက်ရှိသည်။လယ်မြေ တစ်ဧကကျော်ပါသွားသည့် ကညှော်ကျေးရွာမှ ဦးကြံတိုင်းအောင်က “လက်မှတ်ထိုးထားတာ နှစ်ပတ်လောက်ရှိပြီး ပိုက်ဆံတော့မရသေးဘူး၊ ဒီမှာကလယ်နဲ့ပဲ မှီခိုနေရတာ ပိုက်ဆံက ပြန်မရသေးတော့ စိုးရိမ်တာပေါ့ လယ်မဝယ်နိုင်သေးဘူး၊ အစည်းဝေးရှိတော့သွားကြတယ် ဟိုရောက်တော့ အုပ်ချုပ်ရေးမှူးက နားချတာပေါ့ ပြီးတော့လက်မှတ်ထိုးကြတယ် ဘာမှလည်းကြိုမပြောထားဘူး ” ဟု ၎င်းကပြောသည်။

    ချဉ်းကပ်လမ်း ဖောက်လုပ်သည့်နေရာတွင် ဖြတ်သန်းသွားရသည့် လယ်မြေ၊ အိမ်ခြံမြေ နှင့် ရာဘာခြံများကို ကာလပေါက်ဈေး အတိုင်း လျော်ကြေးငွေများ ပေးဆောင်သွားမည်ဖြစ်ပြီး ဒေသခံများမှလည်း သဘောတူ လက်ခံခဲ့ကြောင်း သိရှိရသည်။

    လယ်မြေ၊ အိမ်ခြံမြေများအတွက် လျှော်ကြေးငွေကို တစ်ဧကလျှင် သိန်း ၂၀ ၊ သီးနှံတန်ဖိုးအတွက် တစ်ဧကလျှင် ပဲ (၁၅) တင်းထွက်ရှိမည့်ဟု တွက်ချက်ထားပြီး တစ်တင်းလျှင် ငွေ နှစ်သောင်းကျပ် ပေးဆောင်သွားမည်ဖြစ်ပြီး၊ ရောဘာခြံများအတွက် အစေးလှီး၍ ရသည့် အပင်ကို တစ်ပင်လျှင် သုံးသောင်းကျပ်နှင့် ၁၀ နှစ်အထက်ရောဘာပင်များကို တစ်ပင်လျှင် သုံးသောင်ငါးထောင် ပေးဆောင်သွားမည် ဟု ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မော်လမြိုင်ခရိုင်ဆောက်လုပ်ရေးမှ လာရောက်ပြောဆိုထားသည်။

    ကညှော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဌေး“လယ်ထဲမှာလမ်းဖောက်ကိုကျတော့ ပေတစ်ရာယူတယ် ရွာထဲမှာတော့ ပေခြောက်ဆယ်ယူတယ်၊ ပေခြောက်ဆယ်ကျတော့ အိမ်ခြံတွေထိတာများတယ် အဲဒါကြောင့်ရွာထဲမှာ ငါးပေလျော့ချလိုက်တယ်၊ ဒီလထဲမှာလျော်ကြေးငွေတွေပေးမယ်လို့ ပြေားထားတယ် အဲဒါကြောင့် ရွာသားတွေက လက်ခံလိုက်တယ်” ဟုဆိုသည်။

    ယခင်က ချဉ်းကပ်လမ်းကို ရွာအလယ်မှ ဖောက်လုပ်ရန် စီစဉ်ထားသော်လည်း ရွှေ့ပြောင်းရမည့် အိမ်ခြေ အရေအတွက်များကြောင့် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ရွာအဝင်လမ်းဘက်သို့ပြောင်းလဲ ဖောက်လုပ်လိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများမှသိရသည်။

    ယခု တံတားချဉ်းကပ်လမ်းဖောက်လုပ်နေမှုမှာ လုပ်ငန်းစတင်အကောင်အထည်ဖော်နေသည်မှာ တစ်ပတ်ကျော်ပြီးဖြစ်ကြောင်း လမ်းဖောက်လုပ်ရေးစီမံကိန်း၌ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ချဉ်းကပ်လမ်းဖောက်လုပ်မည့် မြေနေရာလျှော်ကြေးအဖြစ် သတ်မှတ်ထားရာ ၁၉ ဒသမ ၂ ဧကအတွက် သီးနှံလျှော်ကြေး ကျပ် ၅၇၅၄၀ဝ၀၊ နေအိမ်သုံးလုံးအတွက် ငွေကျပ် ၂၉ သိန်း ၈ သောင်းကျပ်၊ အိမ်ခြံမြေ ဝ.ဝ၉ ဧကအတွက် ၃၂၇၂၇၂၀ ကျပ်၊ လယ်ယာမြေ ၂၃.၄ ဧက အတွက် ၄၆၇ သိန်း ၈ သောင်းကျပ်၊ ရော်ဘာပင်လျှော်ကြေးအတွက် ငွေကပ် ၂၀၇ သိန်း ၃ သောင်းကျပ်၊ စုစုပေါင်း လျှော်ကြေးငွေ သိန်း ၆၅၉၁၆၇၂၀ ပေးလျှော်သွားမည်ဖြစ်ကြောင်း အစိုးရပိုင်သတင်းစာတွင် ဖော်ပြထားသည်။

    သံလွင်မြစ်ပေါ်တွင် တတိယမြစ်ကူတံတား တစ်ခုဖြစ်လာမည့် မော်လမြိုင်-ဘီးလူးကျွန်း (ချောင်းဆုံ) မြစ်ကူးတံတာကို လွန်ခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယရက်သတ္တပတ်တွင် ပန္နက်ရိုက် မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ပြီး တံတားစီမံကိန်းကို ၂ နှစ်ခွဲ အချိန်ယူ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks