spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းတစ်ပတ်အတွင်း မူယစ်ဆေးသုံးစွဲသည့် လူငယ် ၃၀ ကျော် မွန်ပြည်သစ်ဖမ်းဆီးမိ

    တစ်ပတ်အတွင်း မူယစ်ဆေးသုံးစွဲသည့် လူငယ် ၃၀ ကျော် မွန်ပြည်သစ်ဖမ်းဆီးမိ

    -

    ယခု မတ်လပထမပတ်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်အတွင်း မူယစ်ဆေးဝါးသုံးစွဲသည့် လူငယ် ၃၀ ကျော်ကို မွန်ပြည်သစ်ပါတီက ဖမ်းစီးရမိကြောင်း မွန်ပြည်သစ်ပါတီ၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရုံးမှ နိုင်ထွန်းအုန်းက ပြောသည်။

    နိုင်ထွန်းအုန်းက “အခုဖမ်းထားတာ အယောက် ၃၀ ကျော်နေပြီ၊ အများစုကတော့ အသက် ၁၇ နဲ့ ၃၅ နှစ်ကြား လူယေ်တွေဖြစ်တယ်” ဟု ပြောသည်။

    ယင်းလူငယ်များမှာ အနင်းကျေးရွာ၊ ပငရွာ၊ တောင်ပရွာ၊ ကလော့သော့ရွာ၊ ထုံမင်ရွာနှင့် ကမာဝက်မြို့ မှ လူငယ်အများစုပါဝင်သည်ဟု သူကဆိုသည်။

    မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ယခုလ ၃ ရက်နေ့စွဲဖြင့် မွန်ပြည်သစ်ပါတီ၊ မော်လမြိုင် ခရိုင်အလုပ်မှုဆောင်ကော်မတီမှ ထုတ်ပြန်ချက်တစ်ရပ်ကို ဖြန့်ဝေထားသည်။

    ယင်ထုတ်ပြန်ချက်တွင် မူယစ်ဆေးဝါနှင့် ပတ်သက်၍ စီးပွားအဖြစ် ရောင်းချနေသူများနှင့် သုံးစွဲနေသူများကို မွန်ပြည်သစ်ပါတီ၏ မူယစ်ဆေးဝါတိုက်ဖျက်ရေးအဖွဲ့တို့မှ လိုက်လံဖမ်းဆီးသွားမည်ဖြစ်ကြောင်း၊ ဖမ်းဆီးမိသူများကိုလည်း ထိုက်သင့်သည့် ပြစ်ဒဏ်များကို ချမှတ်ပေးသွားမည်ဖြစ်ကြောင်း၊ သုံးစွဲသူများကိုလည်း ပညာပေးမှုများ၊ စိတ်ဓါတ်ရေးရာ ပြင်ဆင်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    မွန်ပြည်သစ်ပါတီ ဒေသဖွံ့ဖြိုးရေးဌာနတာဝန်ခံ နိုင်ဟံသာဗိုန်ခိုင်းက “မူယစ်ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီး ဗဟိုကော်မတီက မူဝါဒတစ်ခုအနေနဲ့ အတိအကျ ချမှတ်ထားတာရှိတယ်၊ ရောင်းတဲ့သူ၊ သုံးစွဲတဲ့သူ၊ သယ်ယူပို့ဆောင်တဲ့သူတွေအတွက် ပြစ်ဒဏ်တွေကိုလည်း ဥပဒေနဲ့အညီသတ်မှတ်ချက်ရှိတယ်” ဟု ဆိုသည်။

    မူးယစ်ဆေးစွဲနေသည့်လူငယ်များကို ဖမ်းဆီးမိရာတွင် ဆေးဖြတ်နိုင်ရန် အကူအညီများ လိုအပ်လျှက်ရှိကြောင်း၊ သာမန်လူကောင်းဘဝ ပြန်လည်ရောက်ရှိစေရန် ပြုပြင်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ပြုပြင်ရတွင် မွန်ပြည်သစ်ပါတီအနေဖြင့် အချိန်ကာလတစ်ခုသာ ပေးနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

    အလားတူ လွန်ခဲ့တဲ့လကုန်ပိုင်းတွင် ဒေသခပြည်သူများ၏ သတင်းပေးချက်အရ မူယစ်ဆေးရောင်းချသူတစ်ဦးကိုလည်း ဖမ်းဆီး အရေးယူထားလျက် ရှိသည်။

    မွန်ပြည်သစ်ပါတီအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားအသွင် လှုပ်ရှားတိုက်ဖျက်လျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks