spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရေးဒေသခံလက်မှတ်များသည် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ထောက်ခံခြင်းမဟုတ်ဟုဆို

    ရေးဒေသခံလက်မှတ်များသည် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ထောက်ခံခြင်းမဟုတ်ဟုဆို

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်ဒေသခံများ ရေးထိုးခဲ့သော လက်မှတ်များသည် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ စီမံကိန်း အကော်အထည်ဖော်မည်ကို ထောက်ခံခြင်း မဟုတ်ဘဲ မဟာလျှစ်စစ်ဓာတ်အားလိုင်းရရှိရေးနှင့် လျှပ်စစ်ဓာတ်အားမီတာခများ ငွေကျပ် ၂၅၀ အောက်သို့ လျှော့ကျရန်သာဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

    ရေးမြို့နယ်တွင် မဟာဓါတ်အားလိုင်းရရှိရေးနှင့် လျှပ်စစ်မီတာခများ လျှော့ချနိုင်ရေးခေါင်းစဉ်ဖြင့် ဒေသခံများထံမှ လက်မှတ်များ ကောက်ခံပြီးနောက်ပိုင်း၌ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံလိုလားသူအချို့က အံဒင်ကျောက်မီးသွေးဓာတ်အားပေးစက်ရုံအား ထောက်ခံသည့် လက်မှတ်များအဖြစ်သို့ လိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း လက်မှတ်ရေးထိုးခဲ့သူ ကိုထွန်းလင်းက ပြောသည်။

    “လျပ်စစ်မီတာခတစ်ယူနစ် ၂၅၀ ကျပ်ကနေ လျှော့ချဖို့ဆိုပြီး သူတို့ လက်မှတ်လိမ်ကောက်သွာတာပါ ခင်ဗျ၊ ကျွန်တော်တို့ ကတော့ အခုဒါကိုမကြိုက်နှစ်သက်ပါဘူးဆိုပြီး ကန့်ကွက်မှာပါ၊ ဒီပာက ကျွန်တော်တို့ ဘေးအန္တရယ် ကျရောက်မဲ့ အလုပ်မို့လို့ ကျွန်တော်တို့ ကန့်ကွက်တာပါ”ဟု ကိုထွန်းလင်းက ပြောသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းနှင့် ဖေဖော်ဝါရီလဆန်းပိုင်းတို့က အဆိုပါ မဟာဓါတ်အားလိုင်းရရှိရေးနှင့် မီတာခကျဆင်းရေး လက်မှတ်များကောက်ခံခဲ့ပြီး လက်မှတ်ပေါင်း ၆ ထောင်ကျော်နှင့်အတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သမ္မတရုံးသို့ အံဒင်လျှပ်စစ်ဓာတ်အားပေးစက်ရုံအား တည်ဆောက်ရန် ထောက်ခံလက်မှတ်များဟု တင်ပြခဲ့ခြင်း ဖြစ်သည်။

    ယင်းသို့ လက်မှတ်များ လိမ်လည်ကောက်ခံခြင်းနှင့်ပတ်သက်၍ ရေးမြို့၌ မတ်လ ၁၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သူ ဒေသခံ ၃၂ ဦးက မီဒီယာများသို့ ရှင်းလင်းမည်ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သည့် ရေးမြို့နယ်၊ လူမှုအကျိူးဆောင်အဖွဲ့ (YSS)မှ သိရသည်။

    ထို့သို့ ရှင်းလင်းပွဲလုပ်ခြင်းသည် YSS ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းထောက်ခံလက်မှတ်များနှင့်ပတ်သတ်၍ စုံစမ်းဖော်ထုတ်မှု ပထမခြေလှန်းဖြစ်ကြောင်း အဆိုပါအဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောသည်။

    ဦးအောင်နိုင်ဝင်းက “အခုပွဲက ရေးမြို့ပေါ် အောင်မင်္ဂလာ၊ အောင်မေတ္တာနဲ့ အောင်သုခ ၃ ရပ်ကွက်တွေက လူတွေ ရှင်းလင်းမဲ့ပွဲဖြစ်ပါတယ်၊ ကျွန်တော်တို့ ဒီတစ်ပွဲတည်းနဲ ပြီးသွားမှာမဟုတ်ပါဘူး၊ နောက်ပိုင်းမှာ လက်မှတ်ကောက်ခံခဲ့တဲ့ ရွာတိုင်းရွာတိုင်းမှာ ရှင်းလင်းပွဲတွေ လုပ်သွားဦးမှာပါ၊ ဒေသခံတွေ အနေနဲ့ မဟာဓာတ်အားလိုင်းနဲ့မီတာခ လျှောချရေးအတွက် အခုလိုလက်မှတ်ထိုးတယ်ဆိုတာ ကို သိစေချင်လို့ပါ” ဟုပြောသည်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်တောင်ဒေသတဝိုက် အံဒင်ကျေးရွာအနီး Toyo Thai မှ အမေရိကန် ဒေါ်လာသန်း ၂၇၀ဝ ကျော် ရင်းနှီးမြုပ်နှံဆောက်လုပ်ရန်လျာထားသည့် ၁၂၈၀ မဂ္ဂါဝပ်ထွက် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းအား ဒေသခံများက နည်းအမျိူးမျိူးဖြင့် ကန့်ကွက်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks