Friday, March 13, 2026
More
    spot_img
    Homeသတင်းရန်ကုန်မြို့တွင် နွေရာသီ မွန်စာပေမွန်စကားသင်တန်းများ စတင်ဖွင့်လှစ်

    ရန်ကုန်မြို့တွင် နွေရာသီ မွန်စာပေမွန်စကားသင်တန်းများ စတင်ဖွင့်လှစ်

    -

    နွေရာသီမွန်စာပေသင်တန်းနှိုးဆော်ချက်(IMNA)
    နွေရာသီမွန်စာပေသင်တန်းနှိုးဆော်ချက်(IMNA)
    ရန်ကုန်မြို့တွင် နွေရာသီ မွန်စာပေနှင့် မွန်စကား သင်တန်းများအား မတ်လ ၇ ရက်နေ့ ည ၅ နာရီ အချိန်တွင်စတင် ဖွင့်လှစ်ခဲ့သည်။

    ထိုမွန်စာပေနှင့် စကား သင်တန်းများသည် တစ်ပတ်လျှင် ၅ ရက်သင်ကြားမည်ဖြစ်ပြီး တစ်ရက်လျှင် ၂ နာရီခန့် သင်ကြားမည် ဖြစ်ကြောင်း ရန်ကုန် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဒုဥက္ကဌ နိုင်စိုးကြည် ကပြောသည်။

    မွန်စာပေသင်တန်း(IMNA)
    မွန်စာပေသင်တန်း(IMNA)

    “မိမိတို့ဟာ မွန်လူမျိူးတစ်ယောက် ဖြစ်တယ်ဆိုတဲ့ အတွက်ကြောင့် မျိူးချစ်စိတ်ကိုဘဲ အခြေခံပြီးတော့ မွန်စာ မွန်စကားကို သင်ပေးရမှာဘဲ၊ ကျွန်တော်တို့ အခု ဖေ့ဘုတ်ပေါ်မှာ မနေ့ က တင်ထားပြီးပါပြီ၊နောက် သတင်းစာမှာထည့်ဖို့ အစီအစဉ် ရှိပါသေးတယ်၊ စာပေတတ်မြောက်မှဘဲ ကျွန်တော်တို့ မွန်တေးဂီတ၊ မွန်သီချင်းတွေ မွန်အဆိုအကတွေ ဘက်ကို ပြန်လည် သင်ကြားပေးနိုင်မယ်ပေါ့နော်၊ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဓလေ့ကို ထိန်းသိမ်းရာလည်းရောက်တာပေါ့။”ဟု နိုင်စိုးကြည်က ပြောသည်။

    မွန်စာပေနှင့် စကား သင်ကြားရာ၌ အသက် ၅ နှစ် အထက်မှ အရွယ်ရောက်သူတိုင်း သင်ကြားနိုင်ပြီး အတန်းနှစ်တန်းခွဲထား ကြောင်း သိရသည်။

    အဆိုပါ သင်ကြားရာတွင် မွန်စကားမတတ်သူများ အနေဖြင့် မွန်စကားကို ဦးစွာသင်ကြားရမည်ဖြစ်ပြီး မွန်စကားတတ်ပါက မွန်စာကို သင်ကြားနိုင်မည်ဖြစ်ကြောင်း နှင့် အသက်အရွယ်အလိုက် သတ်မှတ်ထားခြင်း မရှိကြောင်း မွန်စာပေနှင့်စကား သင်ကြားမည့် ဆရာ နိုင်စဟိုင်းက ပြောသည်။

    နိုင်စဟိုင်းက “ဒီကလေးတွေ ကြတော့ ရန်ကုန်မှာ အနေများတဲ့ အခါ ကြတော့ ကျွန်တော်တို့ တကယ့် မွန်အသံအစစ် နဲ့ သင်တဲ့အခါကြ တော့ နားမလည်တာလေးတွေရှိတယ်၊ အသုံးအနှုန်းတွေကြတော့ သူတို့ အတွက်ခက်ခဲနေတာပေါ့၊ အဲဒါတွေက ကြတော့ ကျွန်တော်တို့ ပြုပြင်လို့ ရပါတယ်၊ခက်တာက ရန်ကုန်က နည်းနည်း ပြန့်ကျယ်တယ်၊တော်တော်များ များက လည်း သူရဲ့ပညာရေးနဲ့နွေရာသီ ဆိုလို့ ရှိရင် ကျောင်လည်း စာမေးပွဲဖြေပြီး ခဏနားတယ်၊ပြီးလို့ရှိရင် သင်္ကြန် ဘာညာဖြစ်ပြီးတော့ အဲဒီလိုမျိူး အချိန်ပေးဖို့ ကြတော့ နည်းနည်း ခက်ခဲတယ်၊အဲဒီလိုအခက်အခဲတွေက တွေ့ရတာပေါ့။ အချိန်မလောက်တဲ့ အခက်အခဲက လည်း အဓိက ဖြစ်နေပါတယ်”ဟု ပြောသည်။

    ယခုလက်ရှိ ရန်ကုန်တွင် ပြုလုပ်နေသော မွန်စာပေနှင့် စကားသင်းတန်းများတွင် တက်ရောက်သူ သင်တန်း ၃၀ဝ ကျော်ရှိပြီး မြို့နယ် ၁၅ မြို့နယ်တွင် တစ်ချိန်တည်း သင်ကြားနေကြကြောင်း သိရသည်။

    ထို့အပြင် အဆိုပါ သင်တန်းသည် အချိန်အားဖြင့် ၁ လ ကြာမြင့်မည်ဖြစ်ပြီး ဧပြီ လ ၄ ရက်နေတွင် စာမေးပွဲစစ်ဆေးမည် ဖြစ်ကာ ၇ ရက်နေ့ တွင် သင်တန်းဆင်လက်မှတ်များထုတ်ပေးမည်ဖြစ်သည်။

    ရန်ကုန်မြို့တွင် မွန်စာပေနှင့် စကား သင်တန်းများ အား လွန်ခဲ့သော အနှစ် ၃၀ ခန့်က စ၍ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် မွန်စာနှင့်စကား သင်တန်းသားများ ၃၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks