spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် သပိတ်မှောက်ကျောင်းသားများအား အနီးကပ်လိုက်လံ စောင့်ကြည့်နေ

    မွန်ပြည်နယ် သပိတ်မှောက်ကျောင်းသားများအား အနီးကပ်လိုက်လံ စောင့်ကြည့်နေ

    -

    မွန်ပြည်နယ် တက္ကသိုလ် အသီးသီးရှိ သပိတ်မှောက်ကျောင်းသားများအား အရပ်ဝတ်ဖြင့် အာဏာပိုင်များ ယခုရက်ပိုင်းများ အတွင်း အနီးကပ်လိုက်လံ စောင့်ကြည့်နေကြကြောင်း သပိတ်မှောက်ကျောင်းသားများထံမှ သိရသည်။

    “တာဝန်” လက်ပတ်အရပ်ဝတ်များ (Photo: Aung Naing Soe / The Irrawaddy)
    “တာဝန်” လက်ပတ်အရပ်ဝတ်များ (Photo: Aung Naing Soe / The Irrawaddy)

    အဆိုပါ စောင့်ကြည့်ခြင်းသည် အစိုးရအဖွဲ့မှ လူများသာဖြစ်ပြီး ထိုလုပ်ရပ်သည် ကျောင်းသားများအား ဖိအားပေးမှု တစ်ခု ဖြစ်နေကြောင်း မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂမှ ကိုတင့်ထူးအောင် က ပြောသည်။

    “ဒါကျွန်တော်တို့ ဘာမှလုပ်လို့ မရ အောင် အနောက်ကလိုက်ပြီး စောင့်ကြည့်နေတာပါ၊ ပွင့်ပွင့်လင်းလင်းပြောရင် ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ထိုင်ရင် သိပ်မကြာခင်မှာဘဲ တစ်ဆိုင်လုံးက ထောက်လှန်းရေးနဲ့ရဲနဲ့ဘဲပြည့်သွားတယ်၊ အားလုံးက အရပ်ဝတ်တွေနဲ့ဘဲ၊ ကျောင်းမှာ ဆိုလည်း ရဲတွေက ကျောင်းဖွင့်တဲ့ အချိန်ကနေ ကျောင်းဆင်းတဲ့ အချိန်ထိ လာစောင့်ကြည့်ကြတယ်” ဟု တင့်ထူးအောင်က ပြောသည်။

    ယင်းသို့ စောင့်ကြည့်နေခြင်းကြောင့် မွန်ပြည်နယ်ကျောင်းသားများအနေဖြင့် ပညာရေးဥပဒေနှင့်ပတ်သက်သည့် လှုပ်ရှားမှုများအား လုပ်ဆောင်ရာတွင်၄င်း၊ ပညာသင်ကြားရာတွင်၄င်း အခက်အခဲရှိနေကြောင်း ကျောင်းသားများထံမှ သိရသည်။

    သို့သော်လည်း အချို့စောင့်ကြည်သူများသည် ရဲများနှင့် မတူဘဲ လူမိုက်များနှင့်ဆင်တူနေသဖြင့် လုံခြံရေး စိုးရိမ်ရကြောင်း မော်လမြိုင်တက္ကသိုလ်မှ သပိတ်မှောက်ကျောင်းသား ကိုကျော်မင်းနောင်က ပြောသည်။

    “ကျွန်တော်တို့ ကို စောင့်ကြည့်တဲ့ အဖွဲ့ထဲမှာ ရဲက နည်းတယ်၊ ငွေပေးပြီးခိုင်ထားတဲ့ သူတွေများတယ်လို့ ကြားသိရတယ် ၊ ကျွန်တော်တို့ ဘယ်သွားသွား သူတို့ လိုက်နေတာဆိုတော့ လမ်းက လူပြတ်နေရာမှာ သူတို့ ကျွန်တော်တို့ကို တစ်ခုခု လုပ်လိုက်လို့ရပါတယ်၊ ကျွန်တော်တို့ အတွက်ဘယ်လိုမှ လုံခြုံမှုမရှိဘူး၊ ကျွန်တော်တို့ အခု စာမေးပွဲဖြေဖို့ဘဲ လုပ်နေတာပါ၊ ကျွန်တော်တို့ ဘာအစီအစဉ်မှ မရှိသေးပါဘူး၊ အစီအစဉ်ရှိရင်လည်း သူတို့ (အာဏာပိုင်)ဆီ ချက်ချင်း သတင်းရောက်မှာပါ၊ ဒီလိုမျိူး အနီးကပ်စောင့်ကြည့်ဖို့ မလိုပါဘူး” ဟု ကိုကျော်မင်းနောင်က ပြောသည်။

    ထိုသို့ စောင့်ကြည့်နေခြင်းများကြောင့် သပိတ်မှောက်ကျောင်းသားများ အနေဖြင့် လုံခြုံရေးအခြေအနေ အားနည်းနေ သည်ဟု ယူဆသဖြင့် လုံခြုံသည်ဟုထင်မှတ်နေရသော နေရာများတွင်သာ နေထိုင်နေကြရသည်။

    ပြီးခဲ့သည် မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်နေသော ကျောင်းသာသပိတ်ထောက်ခံ ဆန္ဒပြပွဲ နှင့် အကြမ်းမဖက်စေရေး တောင်ဆိုပွဲအား စွမ်းအားရှင်ဟု ခေါ်ဆိုသော “တာဝန်” လက်ပတ်အရပ်ဝတ်များနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ အင်အားသုံးနှိမ်နင်းခဲ့ပြီး ဆန္ဒပြသူအချို့အားဖမ်းဆီးခေါ်ဆောင်ခဲ့သည်ကို လူမှုကွန်ယက်အင်တာနက် စာမျက်နှာပေါ်တွင် သတင်းပြန့်နှံ့လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks