spot_img
Wednesday, January 7, 2026
More
    spot_img
    Homeသတင်းမွန်အမျိူးသားပါတီ၏ ကိုယ်စားလှယ်လောင်းများအရည်အချင်း မူကြမ်းသတ်မှတ်ရေးဆွဲမည်

    မွန်အမျိူးသားပါတီ၏ ကိုယ်စားလှယ်လောင်းများအရည်အချင်း မူကြမ်းသတ်မှတ်ရေးဆွဲမည်

    -

    လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်အမျိူးသားပါတီအနေဖြင့် အရွေးခံမည့် ကိုယ်စားလှယ်လောင်းများ အရည်အချင်းများနှင့် ပတ်သက်သော မှုကြမ်းတစ်ရပ်သတ်မှတ် ရေးဆွဲမည်ဖြစ်ကြောင်း ပါတီ၏ ဗဟိုအလုပ်အမှုဆောင် CEC များထံမှ သိရသည်။

    အဆိုပါမှုကြမ်းအား လမည့်မတ်လ ၁၇ ရက်နေ့ ဗဟိုကော်မတီ အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှတင်ပြကာ ကိုယ်စားလောင်းများအား ရွေးချယ်သွားမည်ဖြစ်ကြောင်း မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    နိုင်လယီတမ က “ဗဟိုအလုပ်အမှုဆောင် အဖွဲ့ မူကြမ်းရေးဆွဲပြီးတော့ လာမဲ့မတ်လ ၁၇ ရက်နေ့ မှာ ပါတီဗဟိုကော်မတီဝင်တွေရဲ့ အတည်ပြုချက်ရယူပြီး ဆုံးဖြတ်မယ်၊ လောလောဆယ်တော့ မူကြမ်းကို ဗဟိုအလုပ်အမှုဆောင်က ရေးဆွဲနေတယ်၊ အဲဒီနေ့မှာမှ ဘယ်မှာဘယ်သူပြိုင်မယ်၊ မဲဆန္ဒနယ် ဘယ်နေရာတွေမှာ ဘယ်နှစ်ဦးပြိုင်မယ်ဆိုတာတွေ အဖြေထွက်လာလိမ့်မယ်” ဟု ပြောသည်။

    ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ ပါတီဗဟိုဌာနချုပ်တွင် ပြုလုပ်ခဲ့သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

    အဆိုပါ ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်းသတ်မှတ်ရာတွင် နိုင်ငံရေးအသိစိတ်နှင့် ခေါင်းဆောင်မှုအရည်အချင်းရှိမှု၊ မှန်ကန်သည့် ဆုံးဖြတ်ချက်ချကာ အလုပ်အား စနစ်တကျ လုပ်တတ်မှုတို့ ပါဝင်သင့်ကြောင်း အလွတ်တန်းနိုင်ငံရေး သင်တန်းပေးသူ ကိုမင်းနောင်ထွန်းက ပြောသည်။

    “ပညာတတ်ရင် ခေါင်းဆောင်ဖြစ်နိုင်တယ်လို့ ဆိုပေမဲ့ တကယ်တန်းကျတော့ နိုင်ငံရေးခေါင်းဆောင်ဆိုတာက နိုင်ငံရေးလုပ်တက်ဖို့ အရေးကြီးတာပေါ့၊ လက်ရှိနိုင်ငံရေးအခင်းအကျင်း အနာဂတ်နိုင်ငံရေး အခင်းအကျင်းတွေ ကို သိနိုင်တဲ့ သုံးသပ်နိုင်တဲ့ လူတွေ ဖြစ်သင့်တာပေါ့၊လွှတ်တော်ထဲ ရောက်သွားရင် ပြီးရောဆိုပြီးတော့ အဲ့လိုတော့ လုပ်လို့ မရဘူး၊နိုင်ငံရေး အရ ပေါ်လစီ တစ်ခုကို တကယ်ချနိုင်တဲ့ ပြည်သူအတွက် တကယ် အလုပ်လုပ်နိုင်တဲ့ ပေါ်လစီ အဆင့်ကို ချနိုင်တဲ့ လူမျိူးကဘဲ ဖြစ်သင့်တယ်လို့ ကျွန်တော် မြင်တာပေါ့၊ အဓိကက ပြည်သူဘက်က မားမားမတ်မတ်ရပ်တည်နိုင်တဲ့ သူမျိူးဖြစ်ဖို့လိုတယ်”ဟု ကိုမင်းနောင်ထွန်းက ပြောသည်။

    သို့ရာတွင် မွန်အမျိူးသားပါတီဝင်ရောက်ယှဉ်ပြိုင်မည့် နေရာများမှာ မွန်ပြည်နယ် တစ်ခုလုံးနှင့် အခြားသော မွန်လူမျိူးများ အများဆုံးနေထိုင်ကြသော ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်အချို့ နှင့် ကရင်ပြည်နယ် ကော့ကရိတ်၊ တနင်္သာရီတိုင်းဒေသကြီးရှိ ရေဖြူ၊ ထားဝယ်၊ကော့သောင်း မြို့နယ် တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပါ။

    လက်ရှိမွန်အမျိူးသားပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF အမည်ဖြင့် ရွေးကောက်ပွဲ ၁၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမတ် ၅ နေရာအနိုင်ရရှိခဲ့သည်။

    ၂၀၁၀ ရွေးကောက်ပွဲမဝင်ခဲ့သော မွန်အမျိုးသားပါတီသည် ယခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပခဲ့သော ပထမအကြိမ် ညီလာခံ၌ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

    အလားတူ ပြိုင်ဘက်ဖြစ်သော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP သည်လည်း ၂၀၁၅ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်
    လောင်းများ အမည်စာရင်း ပြုစုနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts