spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းမူလတန်း၊ အလယ်တန်း အစိုးရစစ်စာမေးပွဲ ကလေးများဝန်ပိဟု မိဘများဆို

    မူလတန်း၊ အလယ်တန်း အစိုးရစစ်စာမေးပွဲ ကလေးများဝန်ပိဟု မိဘများဆို

    -

    ၂၀၁၄-၁၅ ပညာသင်နှစ်တွင် ၄ တန်း ၈ တန်းကျောင်းသားများ အစိုးရစစ်စာမေးပွဲ ဖြေဆိုသည့် ကလေးများ ပိုမိုဝန်ပိရသည်ဟု ကျောင်းသား မိဘများကဆိုသည်။

    မူလတန်း၊ အလယ်တန်း အစိုးရစစ်စာမေးပွဲကို မကျင်းပခဲ့သည်မှာ အနှစ် ၂၀ ခန့်ရှိပြီး ယခု ၂၀၁၄-၁၅ စာသင်နှစ်တွင် ၈ တန်းကို ပြည်နယ်စစ်၊ ၄ တန်းကို ခရိုင်စစ်မေးခွန်းဖြင့် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊အမှတ် (၈) အထက်တန်းကျောင်းမှ စတုတ္ထတန်း ကျောင်းသူ၏ မိခင် ဒေါ်မိနီနီလွင်က “အစိုးရစစ် မလုပ်ခင်ကဆိုရင် ကလေးတွေ စာမေးပွဲဖြေတာ ၃ လတစ်ခါဆိုတော့ စာအုပ်တစ်အုပ်လုံးကို ဖတ်စရာမလိုဘူး ဖြေပြီးသလောက်ပဲ သူတို့တွေဖတ်ရတယ် ခုတစ်အုပ်လုံးကို ဖတ်ပြီးတော့ တခါတည်းဖြေရတော့ သူတို့အတွက် ဝန်ပိုပိတယ်” ဟုဆိုသည်။

    စတုတ္ထတန်း နှင့် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ များသည် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆ ရက်အထိ ဖြေဆိုခဲ့ပြီး တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၁၁ ရက်တွင် ဖြေဆိုရမည် ဖြစ်သည်။

    ထို့နောက် ငွေကြေးချို့တက်သည့် မိဘများမှာ ကျူရှင်နှင့် ညကျောင်း မထားနိုင်သည့်အတွက် ကလေးများစာမလိုက်နိုင်ဘဲ ကျောင်းတဝက် တပျက်ထွက်ခဲ့ရသည်ဟု ဒေါ်မိနီနီလွင် ဆက်ပြောသည်။

    “ကျမတို့အိမ်ဘေးက လေးတန်းကလေးဆိုရင် ကျူရှင်မထားပေးနိုင်တော့ ကျောင်းထွက်လိုက်ပြီး တဖက်နိုင်ငံကို အသက်ငယ်ငယ်လေးနဲ့ အလုပ်သွားလုပ်တယ်” ဟု ဆက်ပြောသည်။

    သို့ရာတွင် မွန်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (သင်ကြား/သင်တန်း) ဒေါက်တာချိုချိုမြတ်အောင်က မေးခွန်းများသည် စာမေးပွဲဖြေဆိုသည့် ကျောင်းသူ ကျောင်းသားများ အခက်အခဲမရှိ ဖြေဆိုနိုင်ကြသည်ဟု ဆိုသည်။

    “လေးတန်းကလေးတွေအတွက်က မသင်မနေရစနစ်လည်းဖြစ်တယ် ဒီဟာကိုကျော်လွှားသွားရမယ့် အနေအထားရှိတော့ အကယ်၍ ဖြေဆိုတဲ့ကလေးက ဖြေဆိုတဲ့ဘာသာတွေမှာ အားနည်းသွားလို့ရှိရင် ဒီထက်နည်းနည်းနိမ့်တဲ့ မေးခွန်းထုတ်ပြီးတော့ လာမယ့်မေလမှာ ပြန်ကုစားပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု ဆက်ပြောသည်။

    မွန်ပြည်နယ်တွင် အခြေခံပညာ စာသင်ကျောင်းပေါင်း ၁၅၁၉ ရှိပြီး ယခုအစိုးရစစ် စာမေးပွဲတွင် အဌမတန်း ဖြေဆိုသူ၂၁၅၁၅ ဦးနှင့် စတုတ္ထတန်းတွင် ၃၇၉၄၇ ဦးရှိကြောင်း အစိုးရပညာရေးဌာနက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks