spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအံဒင်ကျောက်မီးသွေး စက်ရုံတည်ဆောက်ခြင်း ကုမ္ပဏီမှ အာမခံချက်ရှိဖို့လို

    အံဒင်ကျောက်မီးသွေး စက်ရုံတည်ဆောက်ခြင်း ကုမ္ပဏီမှ အာမခံချက်ရှိဖို့လို

    -

    မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်မည့်စီမံကိန်းမှာ ကုမ္ပဏီအနေဖြင့် လူထုများကို မထိခိုက်အောင် အာမခံချက်ရှိရန်လိုအပ်သည်ဟု မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

    “ကျနော်တို့က မျက်စိပိတ်နားပိတ်ပြီးတော့ ငြင်းတာလည်းမလုပ်ဘူး လက်ခံတာလည်းမလုပ်ဘူး အကျိုးနဲ့အကြောင်းနဲ့ပေါ့၊ ကောင်းကျိုးများမယ်ဆိုရင် လုပ်မယ်၊ ဆိုးကျိုးများမယ်ဆိုရင်မလုပ်ဘူး၊ ဒါကိုအာမခံနိုင်တဲ့ အနေအထားရှိရင်လုပ်ပေါ့ လူကိုထိခိုက်မယ်ဆိုရင်ပိတ်လိုက်ရမယ်” ဟု ဒေါက်တာမင်းနွယ်စိုး ကဆက်ပြောသည်။

    Toyo Thai ကုမ္ပဏီ၏ အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းတာဝန်ခံ ဒေါ်နီနီစံက ကျောက်မီးသွေးစက်ရုံ လည်ပတ်နေစဉ်အတွင်း ဆိုးကျိုးတစ်စုံတစ်ရာ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။

    ထို့နောက် ဖေဖေါ်ဝါရီ ၁၁ ရက်တွင် ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်ပေးစက်ရုံကို ထောက်ခံသည့်အနေဖြင့် ရေးမြို့နယ်နှင့် လမိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ခုကထောက်ခံလက်မှတ် ၆ ထောင်ကျော်ဖြင့် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားခဲ့သည်။

    စက်ရုံတည်ဆောက်ခြင်းအတွက် ရေးမြို့နယ်မှ ထောက်ခံသူတစ်ဦးဖြစ်သူ ဦးစန်းငွေက “ဒေသဖွံ့ဖြိုးရေးအတွက် လုပ်မယ်လို့ ကုမ္ပဏီကပြောတယ်၊ တကယ်လို့ ဒေသဖွံ့ဖြိုးမယ်ဆိုရင် ကျနော်တို့ကတော့ လက်ခံရမှာပဲ၊ ကုမ္ပဏီဘက်က အာမခံမယ်ဆိုရင် ကောင်းအောင်တော့ သူတို့လုပ်မှာပဲ၊ အကောင်းအဆိုးတွေကတော့ ကုမ္ပဏီရဲ့တာဝန်ပဲ ကျနော်တို့က အကောင်းကိုကြားတော့ လက်ခံရမှာပဲ” ဟု ပြောသည်။

    မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို အပြည့်အဝကန့်ကွက်သည်ဟု ဇန်နဝါရီ ၃၁ ရက်တွင် အံဒင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ၏ နိဒါန်းမှတ်တမ်းရုပ်ရှင် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    မတ်လအတွင်း ကျင်းပမည့် ပထမအကြိမ် လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင်း ရေးမြို့နယ် အံဒင်ကျေးရွာအနီး တည်ဆောက်မည့် ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားပေး စက်ရုံ စီမံကိန်း ကန့်ကွက်ကြောင်း အဆိုတင်သွင်းမည်ဟု သိရသည်။

    သို့သော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက ဖေဖေါ်ဝါရီ ၂၄ ရက်တွင် ကျောက်မီးသွေးစက်ရုံ စီမံကိန်း ထောက်ခံလက်မှတ် ၆ ထောင်ကျော်စာရင်းသည် ၄င်းထံသို့ တရားဝင်ရောက်ရှိပြီး သမ္မတရုံးသို့ တင်ထားသည့်အတွက် သမ္မတသာ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks