spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမတ်လတွင် မွန်ပြည်နယ်မဲဆန္ဒရှင်စာရင်း ပြုစုမည်

    မတ်လတွင် မွန်ပြည်နယ်မဲဆန္ဒရှင်စာရင်း ပြုစုမည်

    -

    မွန်ပြည်နယ်အတွင်း လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းကို IFES (International Foundation of Electrical System) အဖွဲ့၏ အကူအညီဖြင့် လာမည့်မတ်လ ပထမပတ်မှ စာရင်း စတင်ပြုစုသွားမည်ဟု သိရသည်။

    ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းကို အထွေထွေအုပ်ချုပ်ရေးမှူးရုံး ကောက်ယူထားသည့် စာရင်းကို အခြေခံပြီး မတ်လ ၃ ရက်နေ့မှ စတင်ပြုစုမည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ဒုတိယညွန်ကြားရေးမှူး ဦးဟိဏ်းလင်းထက်က ပြီးခဲ့သည့် ရက်သတ္တပတ်က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA ကို ပြောသည်။

    “လူဦးရေစာရင်းက update ဖြစ်မှ မဲစာရင်းသွင်းလို့ရမှာ၊ မဲစာရင်းသွင်းတဲ့ အချိန်မှာလည်း အမျိုးအစား (၄) မျိုးခွဲထားတယ်၊ ဒါပေမဲ့ အခုစောစောပိုင်းမှာတော့ သုံးမျိုးကို အရင်ပြုစုသွားမယ်” ဟု ဦးဟိဏ်လင်းထက်က ပြောသည်။

    ပထမ အမျိုးအစားသည် မြို့နယ်အတွင်းနေထိုင်ပြီး အိမ်ထောင်စုစာရင်းရှိပြီး သတ်မှတ်ချက် ဥပဒေနှင့် ညီညွတ်၍ အသက် ၁၈ နှစ်ပြည့်သူဖြစ်ရမည်၊ တတိယ အမျိုးအစားမှာ မှတ်ပုံတင် နိုင်ငံသားစိစစ်ရေးကဒ် သုံးခေါက်ချိုးများရှိသော်လည်း မည်သည့်နေရာမှ သန်းခေါင်စာရင်းမရှိသူ သို့သော် ၁၈ နှစ်ပြည့်ပြီး မဲထည့်ရန် ဥပဒေနှင့် ညီညွတ်သူ၊ စတုတ္တအမျိုးစားမှာ မှတ်ပုံမရှိနှင့်အခြား မည်သည့်ကဒ်မှမရှိသူ သို့သော် ၁၈ နှစ်ပြည့်ပြီး ဥပဒေနှင့် ညီညွတ်သူတို့ကို ဦးစားပေး ပြုစုသွားမည်ဟု ၎င်းက ဆိုသည်။

    ဒုတိယအမျိုးအစားဖြစ်သည့် မိမိနေထိုင်ရာမြို့နယ်တွင် တာဝန်မကျဘဲ တခြားမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတို့၏ စာရင်းကို မပြုစုသေးကြောင်း ဒုတိယအမျိုးအစားကို ရွေးကောက်ပွဲ ကြေညာပြီးမှသာ သီးသန့် စရင်းထည့်သွင်းပြုစုသွားမည်ဟု ကော်မရှင်က ပြောသည်။

    ယခုအစောပိုင်းတွင် လဝက ပုံစံ ၆၆/၆ နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးတို့၏ လူဦးရေစာရင်းကို ပြန်လည်စီစစ် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

    မုဒုံမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက “ကျနော်တို့ရွာမှာတော့ မဲဆန္ဒရှင်စာရင်းကောက်နေပါပြီး၊ အကြမ်းဖျဉ်းတော့ ပြီးနေပြီး၊ အခုအချောသတ်နေကြတယ်” ဟု ပြောသည်။

    အိမ်ထောင်စုစရင်းအတွင်း အသက် ၁၈ နှစ်နှင့်အထက်ရှိသူ မဲပေးနိုင်သည့် လူဦးရေကို အဓိကထား ကောက်ယူနေကြောင်း အဆိုပါ
    ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

    အခြေခံမဲဆန္ဒရှင်စာရင်းပြုစုရန် IFES အဖွဲ့မှ ကွန်ပျူတာ ၃၀ လုံး ပံ့ပိုးပေးခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရှိ မြို့နယ် ၂၀ မြို့နယ်မှ ကော်မရှင်အဖွဲ့ဝင် ၆၅ ဦးတို့ကို သင်တန်းပေးသွားမည်ဖြစ်ကြောင်းနှင့် မတ်လ ၃ ရက်နေ့မှ စတင်၍ စရင်းထည့်သွင်းပြုစုသွားမည်ဟု ဦးဟိဏ်းလင်းထက်က ဆိုသည်။

    IFES အဖွဲ့မှ အဆိုပါသင်တန်းအတွက် ကွန်ပျူတာ ၃၀ လုံးကို ပထမအသုတ်ပေးသွားမည်ဖြစ်ပြီး ဒုတိယအသုတ်တွင် ကွန်ပျူတာ ၁၁၆ ကို ထပ်မံပံ့ပိုးပေးသွားမည်ဟု သိရသည်။

    တနိုင်ငံလုံး မဲဆန္ဒရှင်စာရင်းပြုစုခြင်း ပထမအဆင့်တွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ၄င်း၊ ဒုတိယအဆင့်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအထိ၄င်း၊ တတိယအဆင့်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ၄င်း၊ စတုတ္ထအဆင့်ကို ဖေဖော်ဝါရီလမှ ဧပြီလအထိ၄င်း ဆောင်ရွက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လျာထားသည်။

    မွန်ပြည်နယ်အတွင်း ရရှိလာသော အခြေခံမဲဆန္ဒရှင်စာရင်းများကို IFES မှမဲဆန္ဒရှင်စာရင်ထည့်သွင်းမည့် ဆောဝဲလ်တွင် စုစည်းပြီး နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးချုပ်ရှိ ဆာဗာတွင် သိမ်းဆည်းမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်ကော်မရှင်ခွဲသို့ ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

    ၂၀၁၅ ရွေးကောက်ပွဲကို ယခုနှစ်မကုန်ခင် အောက်တိုဘာလ နောက်ဆုံးအပတ် သို့မဟုတ် နိုဝင်ဘာလ ပထမအပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပမည့်ရက် အတိအကျကို ၂၀၁၅ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks