spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းရန်ကုန်သို့ချီတက်နေသည့် ကျောင်းသားသပိတ်စစ်ကြောင်းများ ယာယီရပ်နား

    ရန်ကုန်သို့ချီတက်နေသည့် ကျောင်းသားသပိတ်စစ်ကြောင်းများ ယာယီရပ်နား

    -

    အခြေခံပညာကျောင်းများ စာမေးပွဲဖြေဆိုရက်ရောက်ရှိလာသောကြောင့် ရန်ကုန်မြို့သို့ ချီတက်နေကြသည့် ကျောင်းသား သပိတ်စစ်ကြောင်းများ ပဲခူးတိုင်းဒေသကြီးတွင် ယာယီရပ်နားလိုက်ပြီဟု သက်ဆိုင်ရာကျောင်းသားခေါင်းဆောင်များမှ သိရသည်။

    Caption-မွန်ပြည်နယ် ကျောင်းသားသပိတ်စစ်ကြောင်း(စောဇင်ညီ)
    Caption-မွန်ပြည်နယ် ကျောင်းသားသပိတ်စစ်ကြောင်း(စောဇင်ညီ)

    မွန်-ထားဝယ်-မြေလတ်-မုံရွာ သပိတ်စစ်ကြောင်းများ ဖေဖေါ်ဝါရီ ၁၆ မှ ရက် ၃၀ အထိ၄င်း၊ ပင်မကျောင်းသား သပိတ်စစ်ကြောင်း ဖေဖေါ်ဝါရီ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့အထိ၄င်း အမျိူးသားပညာရေး ဥပဒေအား ပြင်ဆင်သည့် ဥပဒေအား လွှတ်တော်၌အတည်ပြု ပြဌာန်းသည့်အထိ စောင့်ကြည့်မည်ဖြစ်ကြောင်း ကျောင်းသားများထုတ်ပြန်ချက်တွင် ပါရှိသည်။

    မွန်ပြည်နယ် ကျောင်းသားခေါင်းဆောင် ကိုဘုန်းမြတ်မိုးက “အခြေခံပညာကျောင်းသားတွေ စာမေးပွဲနီးပြီ၊ အနှောက်အယှက် ဖြစ်မှာကို စိုးရိမ်တယ်၊ ကျွန်တော်တို နေရပ်ပြန်ပြီး လွှတ်တော် အခြေအနေကို စောင့်ကြည့် နေမယ်၊ ဒီကာလအတောအတွင်းမှ ဥပဒေမူကြမ်းကို ကျွန်တော်တို့ ဒေသက ကျောင်းသားတွေကို ပြန်ပြီး ရှင်းပြသွားမှာပါ”ဟု ပြောသည်။

    အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေသော ကျောင်းသားများအပါအဝင် အစိုးရ၊ လွှတ်တော်၊ ကျောင်းသား၊ NNER တို့မှ ကိုယ်စားလှယ်များ ပါဝင်သော တတိယ အကြိမ် လေးပွင့်ဆိုင် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ထပ်မံပြုလုပ်ခဲ့ပြီး ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်း အမြန် ရေးဆွဲပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင် လွှွှတ်တော်သို့ တင်သွင်းရန် သဘောတူခဲ့ကြသည်။

    သို့ရာတွင် အဆိုပါပြန်လည်ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်အတည်ပြုပြီးချိန်တွင် ကျောင်းသားများ တောင်းဆိုချက်နှင့်မကိုက်ညီပါက တဖန်ပြန်လည်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထားဝယ်ကျောင်းသားခေါင်းဆောင် ကိုသူရနိုင်က ပြောသည်။

    သူက “ကျွန်တော်တို့ ကြောက်လို့ မပာုတ်ဘူး၊ ကျွန်တော်တို့ လိုချင်တဲ့ ဥပဒေကို မလုပ်ပေးရင် ဒီထက်ပိုကြီးတဲ့ သပိတ်ကို ကျွန်တော်တို့ ဖန်တီးမယ်”ဟု ပြောသည်။

    ယခုအခါ ကျောင်းသားသပိတ်စစ်ကြောင်းများ ရန်ကုန်သို့မဝင်ရန် အစိုးရဖိအားပေးခြင်းများနှင့် တိုက်ဆိုင်နေသော်လည်း ကျောင်းသားများအနေဖြင့် ဖိနှိပ်မှုများအား ကြောက်ရွံ့၍ သပိတ်ယာယီရပ်နားခဲ့ခြင်းမပာုတ်ကြောင်း သူကဆက်ပြောသည်။

    အစိုးရကလည်း ကျောင်းသားသပိတ်စစ်ကြောင်းများ ရန်ကုန်မြို့တွင်း မဝင်ရောက်နိုင်ရန် ဥပဒေနှင့်အညီ ဆောင်ရွက်သွား မည်ဟု ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks