spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ဒုသမ္မတကျပ်သန်း ၇၀ဝ၀ နီးပါးချေးငွေပံ့ပိုးခဲ့

    မွန်ပြည်နယ်တွင် ဒုသမ္မတကျပ်သန်း ၇၀ဝ၀ နီးပါးချေးငွေပံ့ပိုးခဲ့

    -

    Caption- ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး အခမ်းအနား(IMNA)
    Caption- ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး အခမ်းအနား(IMNA)

    မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရာမညအားကစားကွင်း၌ ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး အခမ်းအနားသို့ နိုင်ငံတော် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် အမှာစကားပြောကြားခဲ့ရာ သမဝါယမချေးငွေနှင့် လယ်ယာသုံးစက်ကိရိယာများ အရစ်ကျစနစ်ဖြင့် ယမန်နေ့တွင် ကျပ်သန်း ၇၀ဝ၀ နီးပါး ပံ့ပိုးခဲ့ကြောင်း သိရသည်။

    ဒုသမ္မတ “မွန်ပြည်နယ်ရဲ့ ဆင်းရဲတဲ့ရာခိုင်နှုန်းက တိုင်းနဲ့ပြည်နယ် ၁၅ ခုမှာ ဆင်းရဲမှုနှုန်း အနည်းဆုံးပြည်နယ်ဖြစ်ပါတယ်။ ဒါက အင်မတန်ဝမ်းသာစရာ ကောင်းပါတယ်” ဟု မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    မွန်ပြည်နယ်၏ ဆင်းရဲမှုနှုန်းကို ပြန်ကြည့်လျှင် ၂၀ဝ၅ ခုနှစ်က ၂၂ ရာခိုင်နှုန်းရှိပြီး ၂၀၁၀ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်း ရှိခဲ့ ပါကြောင်း၊ ထောင်စုနှစ် ရည်မှန်းချက်အရ ၂၂ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအထိ လျှော့ချပေးရမည် ဖြစ်ပါကြောင်း၊ ထိုရည်မှန်းချက် ကို ပြည်ထောင်စုအစိုးရ၊ မွန်ပြည်နယ် အစိုးရနှင့် ပြည်သူပြည်သားအားလုံးက ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း ဒုသမ္မတက ပြောကြားခဲ့သည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း သမဝါယမကဏ္ဍအတွက် ငွေကျပ် ၅၆၂ သန်းကျော် တန်ဖိုးရှိ လယ်ယာသုံး စက်ကိရိယာ ၈၈ စီးကို အရစ်ကျ စနစ်ဖြင့် ရောင်း ချပေးခြင်း၊ ငွေကျပ် ၁၄၆ သန်းကျော် တန်ဖိုးရှိ လုပ်ငန်းသုံးဆိုင်ကယ် ၁၀၇ စီး ရောင်းချပေးခြင်း၊ စိုက်ပျိုးရေး စရိတ်ချေးငွေအဖြစ် ငွေကျပ် ၅၇၁၂ သန်းကို ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

    မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က “ မွန်ပြည်နယ်မှာ အသင်းတွေရော အသင်းသားရော နည်းနေပါသေးတယ်။ အသင်းသူ/သားပေါင်းက မွန်ပြည်နယ် အတွင်းလူဦးရေပေါင်း ၂ သန်းကျော်ရှိတဲ့အထဲမှာ အခုအသင်းသူ/သားပေါင်းက သုံးသောင်းဆိုတာကတော့ နည်းနေသေးတယ်လို့ ဆိုရပါမယ်” ဟု ဆက်ပြော သည်။

    ယခင်ပံ့ပိုးပေးခဲ့သော ချေးငွေအားလုံးကို မွန်ပြည်နယ်အနေနှင့် တာဝန်သိသိ သစ္စာရှိရှိနှင့် အားလုံးအကျေပေးဆပ်ခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

    ဝန်ကြီးချုပ်က “ကျနော်တို့နိုင်ငံမှာ သမဝါယမကို ကြောက်ကြတယ်။ ရှေးတုန်းကဖြစ်ခဲ့တဲ့ အခြေအနေကြောင့် ကြောက်တာပဲ ဖြစ်ပါတယ်။ Mindset တွေကိုလည်း ပြောင်းဖို့လိုလာပါပြီ။ လူတွေရဲ့စိတ်နေစိတ်ထားနဲ့ ပြောင်းလဲဖို့လိုလာပါပြီ။ အခုလို ဒီမိုကရေစီစနစ်နဲ့သွားတဲ့အခါမှာ စုပေါင်းဆောင်ရွက် ခြင်းဖြင့် အချင်းချင်းအားကိုကိုးပြီး အရင်းအနှီးမနိုင်ရင် သူများနဲ့ပေါင်းရမယ်။ အရင်းအနှီးလည်းရှာရမယ်။ ကြိုးစားရမယ်” ဟု ဆက်ပြောသည်။

    အဆိုပါအခမ်းအနားသို့ ဒုသမ္မတအမှူးပြုသော ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ ဦးမောင်မြင့်၊ ဦးကျော်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း၊ ဒုတိယ ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ် သမဝါယမအသင်းစုချုပ် အမှုဆောင်များ၊ အသင်းစုအမှုဆောင်များနှင့် အသင်းသား များ၊ မြို့မိဖြို့ဖများ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်ကို တွေ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks